လက်ရှိအချိန်ကတော့ လူတိုင်းသိတဲ့အတိုင်း COVID 19 ဖြစ်ပွားနေတဲ့ အချိန်ပါပဲ။ ဒီလို COVID 19 ဖြစ်ပွားနေတဲ့ အချိန်ဖြစ်တာကြောင့် လူတိုင်းလူတိုင်း သွားရေးလာရေး၊ နေရေးထိုင်ရေးကို အထူးသတိထားရမယ့်အချိန်ပါပဲ။ အထူးသဖြင့် အပြင်သွားမယ်ဆိုရင် လူထူထပ်တဲ့ နေရာကို ရှောင်ကျဉ်ပြီး Face mask ကို အချိန်ပြည့် ဝတ်ထားတာက အန္တရာယ် အကင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ COVID 19 ရောဂါပိုးဟာ မျက်စိနဲ့ မမြင်နိုင်တဲ့အပြင် အယုတ်အလတ်အမြတ်မရွေး ကူးစက်နိုင်တာကြောင့် လူတိုင်း အပြင်သွားရင် Face mask ကို မဖြစ်မနေတပ်သွားသင့်ပါတယ်။ အခုလည်း ဂျပန်နိုင်ငံက တီထွင်ခဲ့တဲ့ Face mask ဟာ တော်တော်လေး မိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Face mask ပေါ်မှာ business card ပုံစံဒီဇိုင်းကို ထည့်သွင်းတီထွင်ခဲ့လို့ဖြစ်ကြောင်း Sora News 24 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ business card ပုံစံ Face mask တွေကိုတော့ ဂျပန်နိုင်ငံ အခြေစိုက် Nagaya Printing ကုမ္ပဏီက ထုတ်လုပ်ခဲ့ပြီး Meishi Mask လို့ ခေါ်ပါတယ်။ Meishi ဆိုတဲ့ အဓိပ္ပာယ်ကတော့ ဂျပန်လို business card လို့ ခေါ်တာ ဖြစ်ပါတယ်။ ဒီဇိုင်း ၃ မျိုးနဲ့ ထွက်ရှိလာခဲ့တဲ့ အဆိုပါ Meishi mask တွေဟာ လက်ရှိမှာတော့ ဂျပန်ရုံးဝန်ထမ်းတွေကြားမှာ တော်တော်လေး ခေတ်စားနေတဲ့ Face mask တွေဖြစ်ပြီး တစ်ခုကို ဂျပန်ယန်းငွေ ၁,၅၀၀(အမေရိကန်ဒေါ်လာ ၁၄ ဒေါ်လာ)သာ ကျသင့်မှာ ဖြစ်ပါတယ်။

“လက်ရှိ COVID 19 အခြေအနေနဲ့ကတော့ လူတွေက များသောအားဖြင့် တစ်ယောက်နဲ့တစ်ယောက် ထိတွေ့ဆက်ဆံမှု သိပ်မရှိချင်ကြဘူးလေး။ အယုတ်အယွဆုံး business card တောင် မပေးချင်ကြပါဘူး။ ဒါ့ကြောင့် ဒီလိုမျိုး Business card ပုံစံ Face mask ကို ထုတ်လုပ်ခဲ့တာပါ။ တော်တော်လေးတော့ ရောင်အားကောင်းပါတယ်”လို့ Nagaya Printing ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw