အရုပ်တွေဝယ်ပြီး ကလေးတွေအတွက် ခရစ္စမတ်လက်ဆောင်ပေးခဲ့တဲ့ စေတနာရှင်များ

facebook/Ryan Powell

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနဲ့ သူ့ရဲ့ပါတနာတစ်ဦးဟာ အရုပ်ဆိုင်တစ်ဆိုင်က အရုပ်အားလုံးကိုဝယ်ပြီး ဒီနှစ်ခရစ္စမတ်မှာ လက်ဆောင်မရတဲ့ကလေးတွေအတွက် ခရစ္စမတ်လက်ဆောင်ပေးခဲ့ကြောင်း propermanchester သတင်းအရ သိရပါတယ်။ အဆိုပါအမျိုးသားဟာ Ryan Powell ဆိုသူဖြစ်ကာ Brecongate Projects အမည်ရတဲ့ကုမ္ပဏီပိုင်ရှင်ဖြစ်ပါတယ်။

A lot of the toys have now been sold, mostly to a very generous trade customer, Mr Ryan Powell.

Who is donating them to disadvantaged children in the local area.🎅🏻

Posted by D. Emlyn Lloyd Ltd on Sunday, 20 December 2020

Ryan ဟာ ၄င်းရဲ့ စီးပွားဖက် Paul Jones နဲ့အတူတူ ကလေးတွေအတွက် ခရစ္စမတ်လက်ဆောင်ဝယ်ပေးဖို့ဆုံးဖြတ်ခဲ့တာပါ။ Ryan နဲ့ Paul ဟာ အရုပ်တွေကိုတော့ ဒေသတွင်းအရုပ်ဆိုင်တစ်ဆိုင်ဖြစ်တဲ့ D.Emlyn Lloyd ကနေ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ Welsh အစိုးရက အခြေခံပစ္စည်းတွေရောင်းချခြင်းမရှိတဲ့ လက်လီဆိုင်တွေပိတ်ရမယ်ဆိုတဲ့ ကြေညာချက်ထုတ်ပြန်အပြီးမှာ အရုပ်တွေလိုက်ဝယ်ခဲ့တာဖြစ်ပါတယ်။

READ
နှစ်(၇၀)ကျော် နှိပ်စက်ခံရပြီးနောက် လွတ်မြောက်ခွင့်ရခဲ့လို့ မျက်ရည်ကျခဲ့ရှာတဲ့ ဆင်ကြီး

အချို့အခြေခံလူတန်းစားတွေဟာ ခရစ္စမတ်လက်ဆောင်ဝယ်ဖို့ပိုက်ဆံမရှိကြဘဲ သူတို့ရဲ့နောက်ဆုံးလုပ်အားခကိုစောင့်မျှော်နေကြတာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ လစာကလည်းမရသေး၊ ခရစ္စမတ်လက်ဆောင်တွေလည်း မဝယ်ရသေးခင် အစိုးရက လက်လီဆိုင်တွေအားလုံးလိုလိုကို ပိတ်ခိုင်းခဲ့တဲ့အတွက် အခက်အခဲဖြစ်ခဲ့ကြတာပါ။

Having had so much response to the post I have set up a just giving page to help families in the new year….

Posted by Ryan Powell on Sunday, 20 December 2020

Ryan ကတော့ WalesOnline ကို အခုလိုပြောပြပါတယ်။ “ကျွန်တော်က အလုပ်ရှင်ပါ။ အလုပ်သမားပေါင်း ၈၀နီးပါးကို ခန့်ထားပါတယ်။ ခရစ္စမတ်မတိုင်ခင် လူတွေက ရှော့ပင်းထွက်ဖို့အတွက် သူတို့ရဲ့နောက်ဆုံးထုတ်မယ့်လုပ်အားခအပေါ် မှီခိုရတယ်ဆိုတာ ကျွန်တော်သိပါတယ်။ သူတို့လည်း အခက်အခဲတွေဖြစ်နေတာပေါ့။ ဒီမှာ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးက D.Emlyn Lloyds ဆိုင်က သူတို့မှာ ရောင်းစရာအရုပ်တွေ အများကြီးကျန်သေးတယ်ဆိုပြီး ကြော်ငြာထားတာသွားတွေ့တယ်။ ဒါနဲ့ အရုပ်ဆိုင်နဲ့ဆက်သွယ်ပြီး အရုပ်အားလုံးကိုကျွန်တော်ဝယ်ဖြစ်ခဲ့တာပါ။”

READ
ကလေးအတွက် နို့မှုန့်လိုအပ်နေလို့ ၀န်ကြီးချုပ်ထံ တိုက်ရိုက်အကူအညီတောင်းခဲ့တဲ့ မိခင်

ပြီးနောက်မှာတော့ Ryan ဟာ အရုပ်ပုံတွေကိုလိုင်းပေါ်တင်ပြီး အရုပ်လိုချင်တဲ့ကလေးတွေရှိရင် လာယူနိုင်ကြောင်း၊ ဒါမှမဟုတ်လည်း ပို့ပေးစေလိုက အရုပ်ပို့ပေးနိုင်ကြောင်း ရေးသားထားခဲ့တာဖြစ်ပါတယ်။ ဒီပို့စ်လေးဟာ အွန်လိုင်းပေါ်မှာ ချက်ချင်းလူသိများသွားခဲ့ပြီး အားလုံးက အပြုသဘောဆောင်တဲ့ဝေဖန်မှုတွေပေးကြပါတယ်။ Ryan ဟာ စုစုပေါင်း အရုပ်၈၀ဝန်းကျင်ကို မိသားစု ၂၅စုနဲ့ ကလေးအယောက် ၇၀ ကိုလက်ဆောင်ပေးနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။

ShweMom

SHARE