
လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ဝိတ်ချဖို့ဆိုတာ တော်ရုံတန်ရုံလူတစ်ယောက်အတွက် တော်တော်လေးခက်ခဲပါတယ်။ ဝိတ်ချမယ်ဆိုပြီး ပြောတော့သာ လွယ်တာပါ။ တစ်ကယ့်လက်တွေ့မှ အင်မတန်ခက်ခဲပြီး ကိုယ့်ရဲ့စိတ်ကို တော်တော်လေး ချုပ်တီးနိုင်မှ အဆင်ပြေမယ့် အရာတစ်ခုပါ။ အခုလည်း နာမည်ကြီး ရက်ပ်ပါတစ်ဦးဖြစ်တဲ့ Busta Rhymes ကတော့ သူ့ရဲ့ ခန္ဓာကိုယ်ကို အချိန်အတိုအတွင်း မယုံကြည်နိုင်လောက်အောင်ပဲ ပြောင်းလဲမှုတစ်ခု ပြုလုပ်ခဲ့ပြီး နောက်ဆုံးမှာတော့ အောင်မြင်ခဲ့ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
နာမည်ကြီး old skool ရက်ပ်ပါတစ်ဦးဖြစ်တဲ့ Busta Rhyme ကိုတော့ Hiphop ပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ အသက် ၄၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Busta Rhymes ဟာ အချိန်တော်တော်ကြာ အောင်မြင်ခဲ့ပြီး လက်ရှိအချိန်အထိကို Hiphop လောကမှာ ဆက် run နေတဲ့ ရက်ပ်ပါကြီးတစ်ယောက်ဆိုလည်း မမှားပါဘူး။ Busta Rhmes ဟာ ရက်ပ်ပါတော်တော်များများနဲ့ မတူပဲ သူ့ရဲ့ fashion ကအစ music style က ပါ လုံးဝ ကွဲထွက်နေတဲ့ ရက်ပ်ပါကြီးတစ်ယောက်လည်း ဖြစ်ပါတယ်။
အပေါ်မှာ တွေ့ရတဲ့ ပို့စ်ကတော့ Busta Rhymes ကိုယ်တိုင် သူ့ရဲ့ IG မှာ ပြီးခဲ့တဲ့ သောကြာနေ့(၂၃.၁၀.၂၀၂၀)တုန်းက တင်ထားတဲ့ ပို့စ်တစ်ခုပဲ ဖြစ်ပါတယ်။ ပုံထဲမှာတော့ Busta Rhymes ကြီးတစ်ယောက် အချိန်တစ်ခဏအတွင်း မယုံကြည်နိုင်လောက်အောင် ပြောင်းလဲခဲ့တဲ့ ခန္ဓာကိုယ်ကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ Busta Rhymes ကိုယ်တိုင်ကလည်း သူကိုယ်တိုင် ဒီလိုမျိုးပြောင်းလဲနိုင်ခဲ့တဲ့အတွက် တော်တော်လေး ဂုဏ်ယူမိပြီး သူ့ရဲ့ဘဝမှာ ဒီလိုမျိုးပုံစံရနိုင်ဖို့ အချိန်တော်တော်ကြာ မျှော်လင့်ခဲ့ရကြောင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် သူ့ကို ဒီလိုမျိုး ခန္ဓာကိုယ်ရအေင် ဝိုင်းဝန်ကူညီခဲ့ကြတဲ့ နာမည်ကြီး Gym trainer ဖြစ်သူ Victor Munoz နဲ့ Dexter Jackson, Kai Greene, Victor Martinez အစရှိတဲ့ Bodybuilder သမားတွေကိုလည်း ကျေးဇူးတင်ကြောင်း သူ့ရဲ့ ပို့စ်မှာ ကျေးဇူးတင်ခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ တော်တော်လေးကို ကြိုးစားခဲ့ရပြီး တော်တော်လေးကိုလည်း ပင်ပန်းခဲ့ပါတယ်။ ဒီအချိန်ကာလအတွင်း Home stay နေရင်း အကျိုးရှိအောင်လို့လည်း Gym ကို သေသေချာချာ ဆော့ဖြစ်ခဲ့တာလည်း ပါပါတယ်။ အရင်တုန်းကတော့ လူက ဒီအတိုင်းမျောလိုက်၊ စားသောက်လိုက်နဲ့ ဝိတ်က တော်တော်ကြီးကို တက်လာခဲ့တာပါ။ အခုလိုဖြစ်သွားအောင် လုပ်နိုင်ခဲ့တဲ့ ကျွန်တော့်ကိုယ်ကျွန်တော်ရော၊ ဝိုင်းဝန်းကူညီလမ်းပြခဲ့တဲ့ Gym trainer တွေနဲ့ Bodybuilder တွေကိုကော ကျေးဇူးတင်ပါတယ်”လို့ Busta Rhymes က ပြောကြားခဲ့ပါတယ်။
Pyi Hein Kyaw