ရောင်းအားကျနေတဲ့ဆိုင်ကို တစ်ညတည်းနဲ့ ရောင်းအား (၄)ဆတက်စေခဲ့တဲ့ မိန်းမလှလေး

မိန်းမလှလေးတစ်ယောက် အသားဆိုင်မှာဈေးရောင်းနတဲ့ ပုံတွေ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးနေပါတယ်။ ဘောင်းဘီအတိုလေးနဲ့ အပေါ်ပိုင်းရင်သားကို မလုံ့တလုံဖော်ပြထားတဲ့ မိန်းမလှလေးက အသားရောင်းနေပြီး ဆိုင်မှာတော့ ၀ယ်သူတွေနဲ့ စည်ကားနေတဲ့ ပုံလေးတွေပါ။

ထိုင်ဝမ် Taichung ညဈေးက လမ်းမတစ်ခုပေါ်က ပုံတွေပါ။ ထိုင်ဝမ်လမ်းဘေးဈေးသည်တစ်ဦးက  ရောင်းအားကျနေတဲ့ သူ့ရဲ့ ဆိုင်ကို ရောင်းအားပြန်တက်အောင် ဗျူဟာခင်းတဲ့အနေနဲ့ ချောမောတဲ့ မော်ဒယ်မိန်းမလှလေးကို ငှားခဲ့တာပါ။ တစ်ညဈေးရောင်းပေးဖို့ ငှားခဲ့တာပါ။ တကယ်လည်း ရောင်းအားကောင်းခဲ့ပါတယ်။ ပုံမှန်ရောင်းအားထက် လေးဆလောက် ပိုရောင်း ခဲ့ရပါတယ်။

ဆိုင်ရဲ့ ရောင်းအားတက်ဖို့  တကယ့်ကို မှန်ကန်တဲ့ ဗျူဟာကို သုံးခဲ့တာပါ။ ဆိုင်ပိုင်ရှင် အမျိုးသားက ဒီအကြောင်းနဲ့ ပတ် သက်ပြီး ထိုင်ဝမ်မီဒီယာတစ်ခုကို ပြောရမှာ “ဒီမိန်းကလေးကို ဈေးရောင်းစေခဲ့တဲ့ အခါမှာတော့ စူးစမ်းချင်တဲ့ ဈေးဝယ် သူတွေက ဆိုင်ကိုလာပြီး ဈေးဝယ်ခဲ့ကြောင်း၊ ဒါကြောင့် ရောင်းအားကလေးဆလောက် တတ်သွားခဲ့တယ်လို့ ဆိုပါ တယ်။ ဆိုင်ရောင်းအားတက်ဖို့ ငှားထားတဲ့ မော်ဒယ်မလေးရဲ့ပုံတွေကတော့ အွန်လိုင်းပေါ်မှာ ပလူပျံခဲ့ပါတယ်။

READ
တိရိစ္ဆာန်ရုံမှာ မင်္ဂလာပွဲကျင်းပနေစဉ် ဝက်ဝံလေးရဲ့ မျက်နှာ်ဘေးကြောင့် လူအများဟတ်ထိခဲ့ရ

ထိုင်ဝမ်မီဒီယာတစ်ခုကဆိုရင် အဲ့ဒီကောင်မလေးကို “Braised Sister.”  ဆိုပြီး တင်စားဖော်ပြခဲ့ပါတယ်။ ဆိုင်ရောင်းအားတက်အောင် လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိတဲ့ ပုံစံမျိုးနဲ့ဝတ်စားထားတဲ့ မိန်းမလှလေးတွေကို အသုံးချတဲ့ ဖြစ်ရပ်တွေ ဟာ ပိုများလာတာကို တွေ့ရပါတယ်။

from nextshark

SHARE