လူတွေကို သတ်ပြီး ကြာရှည်ခံအောင် ဆေးစိမ်ထားလေ့ရှိတဲ့ ရုရှားက လူသားစားလင်မယား

east2west news

Dmitry Baksheev အသက် (၃၆) နှစ်နဲ့ Natalia (၄၂) နှစ်တို့ဟာ လူတွေကို သတ်ပြီး လူခေါင်းကို ညစာအဖြစ်စားခဲ့တာတွေ၊ လူအသားတွေကို အချဉ်တည်တာတွေကြောင့် လူသတ်မှုနဲ့စွပ်စွဲခံခဲ့ရပါတယ်။ သူတို့လင်မယားဟာ ရုရှားရဲ့ ရည်းစားရှာပေးတဲ့ website ကတစ်ဆင့် သားကောင်တွေကို ရှာခဲ့ပါတယ်။

east2west news
east2west news
east2west news

အပေါ်က ဓာတ်ပုံတွေဟာ Baksheev လင်မယားအိမ်ကို ဝင်ရောက်စစ်ဆေးတုန်းက ရိုက်ခဲ့တဲ့ ပုံတချို့ပဲဖြစ်ပါတယ်။ အဝတ်အစားတွေ၊ စာရွက်တွေနဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေဟာလည်း ကြမ်းပြင်ပေါ်မှာ ပွကြဲလို့နေပါတယ်။ ပထမဆုံးပုံမှာဆို လူအသားလို့ထင်ရတဲ့ ဟာတွေကိုပုလင်းထဲထည့်ထားတာကို တွေ့ရမှာပါ။ ရေခဲသေတ္တာတွေထဲမှာလည်း ဘာမှန်းမသိတဲ့ အသားတွေကိုလည်း တွေ့ခဲ့ရပါသေးတယ်။

east2west news

Baksheev လင်မယား မိသွားတဲ့ အကြောင်းအရင်းကတော့ Dmitry နဲ့ ရှုပ်ရှုပ်ရှက်ရှက်လုပ်တယ်လို့ ထင်နေရတဲ့ စားပွဲထိုးမလေးကို Natalia က သတ်ပစ်ခိုင်းခဲ့ရာကနေ ကွင်းစက်မိသွားခဲ့တာပဲဖြစ်ပါတယ်။ စားပွဲထိုးမလေးရဲ့ အလောင်းကိုတော့ Baksheev လင်မယား အလုပ်လုပ်ရာ Krasnodar စစ်တက္ကသိုလ်မှာ တွေ့ခဲ့တာပဲဖြစ်ပါတယ်။ အလောင်းဟာ ခုတ်ထစ်ထာပြီး အထုတ်တစ်ထုတ်ထဲ ထည့်ထားပြီး သူမရဲ့ပစ္စည်းတွေတော့ နောက်တစ်ထုတ်နဲ့ ထည့်ထားကာ စုစုပေါင်းအထုတ် (၂) ထုတ်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

READ
နော်ဝေနိုင်ငံမှာ တပတ်အတွင်း သမင်(၁၀၀)ကျော် ရထားတိုက်ပြီးသေဆုံး
east2west news

Natalia ဟာ အဲဒီစစ်တက္ကသိုလ်မှာ သူနာပြုအဖြစ် လုပ်ကိုင်ခဲ့တဲ့တွက် ဝန်းထဲမှာ နေခွင့်ရခဲ့ပြီး သူမယောက်ျားကတော့ နားလည်မှုနဲ့ မိန်းမနောက် လိုက်နေခဲ့တာပဲဖြစ်ပါတယ်။

east2west news
east2west news

Dmitry ဟာ သတ်ခဲ့တာကို ဝန်ခံခဲ့ပြီး အရှေ့ပိုင်းမှ အခြားသော လူသတ်မှုတွေကိုလည်း သူ့ရဲ့ဖုန်းထဲက အလောင်းတွေ၊ လူကိုယ်ခန္ဓာအစတ်အပိုင်းတွေနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေရှာဖွေတွေ့ရှိခဲ့တဲ့ အချိန်မှာတော့ ဝန်ခံခဲ့ပါတယ်။

east2west news

(၁၉၉၉) ခုနှစ်ကစပြီး ပြစ်မှုတွေကျူးလွန်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ရဲတွေသွားရောက်စစ်ဆေးတဲ့အချိန် ရေခဲသေတ္တာထဲ ထည့်ခဲထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း (၈) ခုကို တွေ့ခဲ့ပြီး လွှာလှီးထားတဲ့ လူအသားပြားတွေကိုလည်း တွေ့ခဲ့ရပါသေးတယ်။

east2west news

Baksheev လင်မယားနဲ့ ရင်းနှီးနေတဲ့ အရောင်းစာရေးမတစ်ယောက်ကတော့ သူတို့ကိုကြည့်ရတာ ထူးထူးဆန်းဆန်းဘာမှ မတွေ့ရတဲ့အပြင် ဖော်ရွေသူတစ်ယောက်ဖြစ်ပြီး သူ့မိန်းမ Natalia ကလည်း အရင်က ဆေးဝန်ထမ်းတစ်ဦးလုပ်ခဲ့ဖူးပေမယ့် အလုပ်ပြုတ်ပြီး တစ်ခါတစ်ရံအရက်တွေ မူးတတ်တယ်လို့လည်း ပြောခဲ့ပါတယ်။

east2west news

Natalia ဟာ Dymitri ထက် အသက် (၇) နှစ်ပိုကြီးပြီး Omutinsk မြို့၊ Kiov ဒေသကနေ Krasnodar သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။ Dymitri ဖုန်းထဲက ပုံတစ်ပုံမှာဆို (၁၉၉၉) ခုနှစ်တုန်းက လူခေါင်းနဲ့ လိမ္မော်သီးတွေကို ခရစ်စမတ်ညစာအဖြစ် စားဖို့ ပြင်ဆင်ထားတာ တွေ့ရပါတယ်။ နောက်ပြီး Livekuban.ru ၀က်ဘ်ဆိုဒ်ကတင်ထားခဲ့တဲ့ ဇာတ်တူသား ဘယ်လိုစားရမလဲဆိုတဲ့ အကြောင်းတွေပြောပြထားတဲ့ ဗီဒီယိုတွေကိုလည်း အိမ်မှာတွေ့ခဲ့ရတယ်လို့ သိခဲ့ရပါတယ်။

READ
ခွေးပေါက်အရှင်တွေကို စပါးအုံးမြွေကြီးတွေစားဖို့ ချကျွေးနေတဲ့ တရုတ်နိုင်ငံကတိရစ္ဆာန်ရုံ

Source: Mirror, The Sun

Penny

 

SHARE