စားရက်စရာမရှိအောင် လှပလွန်းတဲ့ အဏ္ဏ၀ါကိတ် လက်ရာများ

Image:IG/Paladarate

ကိတ်မုန့်တွေကို ပုံစံ အမျိုးမျိုးနဲ့ဖန်တီးကြပါတယ်။ကိတ်ကို အရင် ကတော့ ပန်းပုံ၊ချစ်စရာ ကောင်းတဲ့ အကောင်ပုံလေးတွေ နဲ့ ဖန်တီးကြ ပေမယ့် အခုနောက်ပိုင်း မှာ တော့ ကိတ်ဖန်တီးသူတွေ က သူ့ထက်ငါ ဆန်းတဲ့ ဒီဇိုင်းလက်ရာ တွေ နဲ့ စား ချင်စဖွယ် ဖြစ်အောင် ပြင်ဆင်ဖန်တီးလာကြပါတယ်။ဒီတစ်ခါ က တော့ အဏ္ဏ၀ါ Theme ဒီဇိုင်းနဲ့ ဖန်တီးထားတဲ့ ကိတ် လက်ရာ  တွေကို Shwemom စာဖတ်သူတွေ အတွက် ပြန်လည် ဝေမျှ ပေးချင်ပါတယ်။ဒီအ ကြောင်းကို တော့ boredpanda မှာဖော်ပြ ထားတာပါ။

Image:IG/Paladarate

ကိတ်တွေက တော့ လှပတဲ့ ကျွန်းတွေနဲ့ ရေ အောက်အလှအပ ပုံစံ မျိုး ဖန်တီး ထားတာပါ။ကိတ်မုန့်လဲ စားရင်း ကျွန်းတွေ ဆီကိုပါ အလည် သွားလို့ရတဲ့ တစ်ချက် ခုတ်နှစ်ချက် ပြတ် အစီအစဉ်ပါ။ဒီလို အမိုက်စား ကိတ် လက်ရာတွေကို ဖန်တီး ခဲ့သူ က တော့ Jessica ပါ။သူမက တော့ El Salvador နိုင်ငံမှာ Paladarate ဆိုတဲ့ ကိတ်မုန့် ဆိုင်ကို ဖွင့်ထားပါတယ်။ကိတ်မုန့် ဖုတ်လာတဲ့ သက်တမ်း ကတေ့ နှစ်ပေါင်း (၇)နှစ် လောက်ရှိနေပါပြီ။ကိတ်မုန့် ဖုတ်တဲ့  အလုပ်ကို လုပ်ဖြစ်တာ နဲ့ ပတ်သက်ပြီး….

READ
သင် မြင်လိုက်တာနဲ့ ဒဲ့ကြွေသွားမယ့် တက်တူးဒီဇိုင် အပြင်းစားများ
Image:IG/Paladarate
Image:IG/Paladarate

“အချက်အပြုတ်သင်တန်းလဲ တက်တယ်။အွန်လိုင်းက နေလဲ လေ့လာတယ်..” လို့ Jessica က  ပြောခဲ့ပါတယ်။ကျွန်းပုံစံ ကိတ်တွေ ဖန်တီးဖို့ စိတ်ကူးရ တာက တော့ ရေသူမ ဂျယ်လီ ကိတ် ကို မြင်ပြီး စိတ်ကူးရခဲ့တာ လို့ ဆိုပါတယ်။ရေသူမ ဂျယ်လီကိတ် ကို မြင် တော့ စိတ်ကူးထဲမျာ မှတ် ထားပြီး  အဲ့လို လေး ဖန်တီး ကြည့် ချင် ခဲ့တာပါ။တကယ် ဖန်တီးမယ်ဆိုတဲ့ အချိန် မှာတော့ လိုအပ်တာ တွေမရ လို့ အခက်အခဲ တွေ နဲ့ ကြုံ ခဲ့ရ ပါတယ်။

ရုန်းကန် နေရတဲ့ အခက်အခဲ တွေ က နေ လွတ် မြောက် တဲ့ တံခါးပေါက်နေရာ တစ်ခု လို ပုံစံ မျိုးနဲ့ ကိတ် တွေ ကို ကျွန်းပုံ ဖန်တီးခဲ့တာ လို့ ပြောခဲ့ပါတယ်။ကိတ်တွေ က အမြင်တင်လှတာ မဟုတ်ပဲ အရသာ လည်း အရမ်းရှိတယ်လို့ အာမခံ ခဲ့ပါ သေးတယ်။အခုဆိုရင် တော့ ကိုယ်ပိုင် Youtube Channel ပါ ဖွင့် ထားတာ မို့  အမိုက်စား ကိတ်လက်ရာ တွေကို ဖန်တီးချင်ရင်တော့ သူမရဲ့ Youtube Channel ကို အလည်သွား လို့ ရပါတယ်။

READ
ဧရာမတိရိစ္ဆာန်လေးတွေနဲ့ပုံဖော်ထားတဲ့ စိတ်ကူးယဉ်ကမ္ဘာထဲကပုံရိပ်လေးများ

#SHWEMOM

SHARE