ပြောင်းခင်းကြီးထဲဝင်ပုန်းနေလို့ ခက်ခက်ခဲခဲရှာပြီးဖမ်းခဲ့ရတဲ့ တရားခံ

Twitter / Chris Jones

ပြစ်မှုကျူးလွန်ထားတဲ့လူတစ်ယောက်ဟာ ရဲတွေလက်ကနေလွတ်အောင် ကားလမ်းဘေးက ပြောင်းခင်းကြီးထဲမှာ နှစ်နာရီကြာ ပုန်းအောင်းနေခဲ့ပေမယ့်လည်း နောက်ဆုံးတော့ အဖမ်းခံလိုက်ရပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်  sinomaမြို့ petaluma ဒေသက အသက်၂၉နှစ်အရွယ် Ryan Kenneth ကို ချစ်သူဟောင်းနောက် နောက်ယောင်ခံလိုက်မှု၊ စကားမပြောရတားမြစ်ချက်ကို ချိုးဖောက်မှုစတဲ့ပြစ်မှုတွေနဲ့ ရဲအရာရှိတွေက အလိုရှိနေတာဖြစ်ပါတယ်။

 ရဲတွေသူ့ကိုလိုက်ဖမ်းတဲ့အခါ petaluma Pumpkin Patch လို့ခေါ်တဲ့ ကယ်လီဖိုးနီးယားမြောက်ပိုင်းဒေသက အကြီးဆုံးပြောင်းခင်းထဲကိုထွက်ပြေးပုန်းအောင်းခဲ့ပါတယ်။

 

 “ဒီနေရာက ပုန်းလို့ကောင်းတဲ့နေရာတစ်ခုပါ။ လူသွားလမ်းတွေက ကျဉ်းကျဉ်းလေးနဲ့ ပြောင်းခင်းတစ်ခုလုံးကိုနှံစပ်ဖို့ဆိုရင် အချိန်တော်တော်ယူရတယ်။ဒီဝင်္ကပါပြောင်းခင်းကနေ ပြန်ထွက်နိုင်မယ့် လမ်းက တစ်ခုတည်းရှိတယ်၊ ဒါတောင်ကျွန်တော် နားရက်တုန်းက ကလေးတွေနဲ့အတူရောက်ဖူးတယ်လို့သိတာ”လို့ ဌာနေရဲတစ်ဦးကပြောပါတယ်။

 သူက ပြီးခဲ့တဲ့လကလည်း အမှုငါးခုရှိပါတယ်။

ရည်းစားဟောင်းကို နောက်ယောင်ခံလိုက်တာတွေ၊ ပုံစံအမျိုးမျိုးနဲ့ နှောက်ယှက်ဟန့်တားတာတွေ ၊ သူမအိမ်ကိုမဖိတ်ပဲ သွားခဲ့တာတွေအပြင် သူမရဲ့သားဖြစ်သူ အားကစားလေ့ကျင့်တဲ့နေရာတွေကိုပါသွားခဲ့တာပါ။

ဒါ့အပြင် သူမရှိနေတဲ့နေရာကို ခြေရာခံဖို့ ကောင်မလေးရဲ့ လူမှုကွန်ရက်အကောင့်ကိုလည်း ဟက်ထားတယ်လို့ရဲတွေကဆိုပါတယ်။

 ဖုန်းခေါ်တာတွေ မက်ဆေ့ပို့ထားတဲ့ အထောက်အထားတွေကြောင့် စွဲချက်တင်ဖို့လုံလောက်သွားတဲ့အခါမှာ တော့ ရဲတွေက စတင်ဖမ်းဆီးဖို့ လုပ်ဆောင်ပါတော့တယ်။

 စတင်ဖမ်းဆီးတဲ့အခါ တရားခံက ပြောင်းခင်းထဲကို ထွက်ပြေးပုန်းရှောင်သွားတဲ့အတွက် ရဲတွေကပြောင်းခင်းဝင်္ကပါရဲ့မြေပုံတွေကို အရင်လေ့လာရပါတယ်။ ဝင်္ကပါပတ်ပတ်လည်မှာလည်း အ၀န်းအရံတွေနဲ့ဆိုတော့အဖွဲ့တွေခွဲပြီး ရှာဖွေကြပါတယ်။ 

ဒါတင်မက သူ့ကိုဖမ်းနိုင်ဖို့အရေးရဟတ်ယာဉ်တွေကိုပါအသုံးပြုခဲ့ရတာပါ။

 တရားခံကဘယ်လောက်တောင်ပုန်းကောင်းလည်းဆိုရင် ရဲတွေတောင်လက်ပန်းကျရတဲ့အထိပါ။

 နှစ်နာရီလောက်အကြာတဲ့အထိ မတွေ့နိုင်ဘဲ ရှာတွေ့နိုင်မယ့်မျှော်လင့်ချက်နည်းနေပြီးရဟတ်ယာဉ်လည်း ဆီကုန်တော့မယ့်အနေအထားဖြစ်နေပါပြီ။

 နောက်တော့ ရဲတစ်ယောက်က တစ်ခုသတိရသွားပြီး၊ဝင်္ကပါရဲ့အပြင်ဖက်တစ်နေရာ ကြက်ခြံတစ်ခုကနေ ဝင်ရှာလိုက်တဲ့အခါ တွေ့ရှိသွားခဲ့ပါတော့တယ်။

 သူက ပြောင်းဝင်္ကပါထဲပြေးဝင်သွားပြီး ကြက်ခြံထဲမှာ သွားပုန်းအောင်းနေခဲ့တာလို့ ရဲက Press Democrat.သတင်းဌာနကိုပြောပြခဲ့ပါတယ်။

 Wattကိုချက်ချင်းအရေးယူနိုင်ခဲ့ပြီး၊ ဥပဒေလိုက်နာမှုမရှိပဲ အကြမ်းဖက်မှု၊ဖမ်းဆီးမခံပဲ ထွက်ပြေးတိမ်းရှောင်မှုတွေကြောင့် ထောင်ဒဏ်အပြင် ငွေဒဏ်ပါချမှတ်ခံခဲ့ရတယ်လို့သိရပါတယ်။

Khaing

SHARE