အလုပ်စဝင်ဝင်ချင်းမှာပဲ ပြောင်မြောက်စွာ တရားခံ ဖမ်းပေးခဲ့တဲ့ ရဲခွေးလေး

ပြီးခဲ့တဲ့ စနေနေ့က တောင်ပိုင်းကယ်လီဖိုးနီယားရဲဌာနရဲ့ အလုပ်စဝင်ခါက ရဲခွေးလေးတစ်ကောင်ဟာ သူ့ရဲ့ ပထမဆုံး ရှာဖွေမှုတာဝန်မှာပဲ စိတ်ကြွဆေးပြားတရားခံကို ဖမ်းနိုင်ခဲ့ပါတယ်။

West Covina ရဲဌာနရဲ့ Facebook ပေါ်မှာ တင်ထားတဲ့ ပို့စ်အရ ရဲအရာရှိတွေဟာ methamphetamine လို့ခေါ်တဲ့ စိတ်ကြွဆေးတစ်မျိုးကို သယ်လာတဲ့ ကားတစ်စီးကို လော့စ်အိန်ဂျလိစ်မြို့နားမှာ တွေ့ခဲ့ပြီးနောက် Rye လို့ခေါ်တဲ့ အမှုထမ်းအသစ် ခွေးလေးကို ခေါ်စစ်ခိုင်းခဲ့ကြတာဖြစ်ပါတယ်။

West Covina Police Department

ထို့နောက်မှာတော့ Rye က ဒရိုင်ဘာခုံအောက်က အကန့်နဲ့ ခရီးသည်ရှေ့ခုံအောက်က အကန့်၊ အကန့် (၂)ခုတို့ကို အနံ့ခံနိုင်ခဲ့ပြီး တရားခံကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ တရားခံဖြစ်တဲ့ ဒရိုင်ဘာဟာ (၂၈)နှစ်အရွယ် Pedro Lopez ဆိုသူဖြစ်ပြီး မူးယစ်ဆေးဝါးတွေကို တရားမဝင် ခိုးယူသယ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။ ဆေးဝါးတွေရဲ့ စုစုပေါင်း တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ (၁)သန်းတောင် ရှိပါတယ်။

West Covina Police Department

Rye လေးကတော့ West Covina ရဲဌာနရဲ့ အသစ်စက်စက် K9 ရဲတပ်သားလေးဖြစ်ပြီး အရင်လက မူးယစ်ဆေး ထောက်လှမ်းနိုင်မှု စွမ်းရည်စစ်ဆေးခြင်းကို အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ စနေနေ့က တရားခံဖမ်းဆီးနိုင်ခဲ့မှုကတော့ သူ့ရဲ့ ပထမဆုံး လုပ်ငန်းခွင်တွင်းမှာ စွမ်းဆောင်နိုင်ခဲ့မှု ဖြစ်ပါတယ်။

READ
ကြောက်စရာကိတ်မုန့်များဖန်တီးသူ အမျိုးသမီး

White (Shwemom)

Ref: Fox News

SHARE