အသက်(၁ဝဝ)ဝန်းကျင် စုံတွဲအပါဝင် အနည်းဆုံး(၁၅)ဦး သေဆုံးစေခဲ့တဲ့ ကယ်လီဖိုးနီးယားတောမီး

ယခုနှစ် ရေဘေး၊ မီးဘေး၊ မုန်တိုင်းဘေးစတဲ့ သဘာဝဘေးတွေ ဆက်တိုက်ကြုံနေရတဲ့ အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တောမီးလောင်မှုကြောင့်၊ လူနေအိမ်တွေ ကူးစက်မီးလောင်ခံရပြီး၊ လူအသေအပျောက်လည်း ရှိခဲ့တယ်လို့ The Sun က ဆိုပါတယ်။ မီးလောင်မှုကြောင့် လူ အနည်းဆုံး (၁၅) ဦးအထိ အသက်ဆုံးရှုံးခဲ့ရပါတယ်။

AP – ASSOCIATED PRESS
GETTY CONTRIBUTOR

အသက်ဆုံးရှုံးသူတွေထဲမှာ Napa Valley မှာနေထိုင်တဲ့ အသက် (၁၀၀) ၀န်းကျင်အရွယ် အဖိုးအဖွား စုံတွဲတစ်တွဲလည်း ပါဝင်ခဲ့ပြီး သူတို့ဟာ ပြီးခဲ့တဲ့ လအနည်းငယ်ကမှ သူတို့ရဲ့ (၇၅) နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ကို ဆင်နွှဲခဲ့ကြတယ်လို့ သိရပါတယ်။

GETTY CONTRIBUTOR

သေဆုံးသူ အဖိုးအဖွားရဲ့ အမည်တွေကတော့ Charles Rippey နဲ့ Sara Rippey တို့ ဖြစ်ကြပါတယ်။ သူတို့ဟာ ၁၉၄၂ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့မှာ လက်ထပ်ပွဲဆင်နွှဲခဲ့တာဖြစ်ပြီး၊ ယခုနှစ်မှာ မင်္ဂလာသက်တမ်း (၇၅) နှစ် ပြည့်ပါပြီ။ နှစ်ဦးစလုံးရဲ့ အသက်ကတော့ (၁၀၀) နဲ့ (၉၉)နှစ် အသီးသီးကို ရောက်နေကြပါပြီ။

READ
ဒေါသကြောင့် ကလေးတစ်ဦးကို ခလုတ်တိုက်လဲကျအောင် ခြေထိုးခဲ့တဲ့ အမျိုးသမီး
RAX FEATURES

သတင်းမှာ ဖော်ပြချက်ကတော့ Charles တို့ စုံတွဲကို ပြုစုစောင့်ရှောက်နေတဲ့ အမျိုးသမီးက ကယ်ဆယ်ဖို့ ကြိုးစားပေမယ့် အဆောက်အဦက စတင်ပေါက်ကွဲပြိုကျခဲ့လို့ ဘယ်လိုမှမတက်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ သေဆုံးသူရဲ့ သားဖြစ်သူ Chuck က သတင်းမီဒီယာနဲ့ တွေ့ဆုံစဉ်မှာ “အနီးကပ်စောင့်ရှောက်တဲ့ အမျိုးသမီးက ကယ်ဖို့ ကြိုးစားပေမယ့် မတက်နိုင်ခဲ့ပါဘူး “လို့ ပြောခဲ့ပါတယ်။

RAX FEATURES

သူက ” သူမဟာ မီးထဲကို အတင်းတိုးဝင်ပြီး အဖေ့ကို ဆွဲဖို့ကြိုးစားတယ် .. ဒါပေမယ့် ပြတင်းပေါက်က ချက်ချင်း ပြိုကျပြီး မကြာဘူး အပေါ်က မျက်နှာကျက်ကလည်း ပြိုကျလာတယ် .. “လို့ ဆိုပါတယ်။ ကယ်လီဖိုးနီးယား မြောက်ပိုင်းမှာ ထိန်းမနိုင်သိမ်းမရ လောင်ကျွမ်းခဲ့တဲ့ တောမီးဟာ လူနေအိမ်ခြေထောင်ချီကို ပျက်စီးဆုံးရှုံးစေခဲ့ပြီး၊ လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့ပါတယ်။

RAX FEATURES

လူပေါင်း (၁၀၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး၊ အိမ်ခြေ (၁၅၀၀) ကျော် ပျက်စီးခဲ့ပါတယ်။ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေကလည်း မီးလောင်ပြင်အနီးအနားက ပြည်သူလူထုကို ကယ်ဆယ်ခြင်း၊ ရွှေ့ပြောင်းခြင်းတွေ ပြုလုပ်ခဲ့ရပြီး၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဘက် လူနေမှုအဖွဲ့အစည်းတွေကလည်း မီးကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ရပါတယ်။ CNN သတင်းမှာ ဖော်ပြချက်အရတော့ သေဆုံးသူ (၁၇) ဦးအထိ ရှိသွားပြီလို့ သိရပါတယ်။

READ
ညဘက်အပြင်ထွက်တဲ့ ရည်းစားကို ပညာပေးလိုက်တဲ့အမျိုးသမီး
GETTY IMAGE – GETTY

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE