ကမ္ဘောဒီးယား The Voice Starအမျိုးသမီး ကွဲနေတဲ့ခင်ပွန်းဖြစ်သူရဲ့ ပစ်သတ်ခြင်းခံရ

ကမ္ဘောဒီးယား The Voice တီဗီရှိုးရဲ့ ကြယ်တပွင့်ဖြစ်တဲ့ San Sreylai ဟာ ဖနွမ်းပင်မှာ ကွဲနေတဲ့ ခင်ပွန်းဖြစ်သူရဲ့ သေနတ်နဲ့ ပစ်သတ်တာခံခဲ့ရပါတယ်။ သူမကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ ခင်ပွန်းကလဲ အဲဒီနေရာမှာပဲ ကိုယ့်ကိုကိုယ်သေနတ်နဲ့ ပစ်သတ်ပြီး အဆုံးစီရင်ခဲ့တယ်လို့ The Sun က ဖော်ပြထားပါတယ်။

ASIAWIRE

အနုပညာအရည်အချင်းရှိပြီး ချောမောလှပတဲ့ သေဆုံးသူ San Sreylai အသက်(၂၃)နှစ်ဟာ ဖနွမ်းပင်မြို့ထဲက အလှပြုပြင်ရေး ဆေးခန်းတစ်ခုရဲ့ ရှေ့မှာ ပစ်သတ်ခံရတာပါ။ စုံစမ်းစစ်ဆေးသူတွေပြောပြချက်အရ သေနတ်နဲ့ပစ်ခဲ့သူဟာ အသက်(၅၃)နှစ်အရွယ်ရှိတဲ့ အကောက်ခွန်အရာရှိ Chey Rin လို့ သိရပါတယ်။

ASIAWIRE

ပြီးခဲ့တဲ့နှစ်တုန်းက အလှပဂေး San Sreylai ဟာ ကမ္ဘောဒီးယားအဆိုပြိုင်ပွဲဖြစ်တဲ့ The Voice မှာ ထင်ရှားတဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပါတယ်။ CCTV စစ်ဆေးချက်တွေအရ သူမ မသေခင် အလှပြုပြင်ရေးဆေးခန်းရှေ့မှာ Rin နဲ့ စကားပြောနေတာကို တွေ့ရပါတယ်။ သူမဟာ သေနတ်နဲ့အပစ်မခံရခင် အရင်လှည့်ထွက်သွားတယ်လို့ ယူဆရပြီး သူမကိုပစ်ပြီးနောက်မှာ သေနတ်သမားဟာ ကိုယ်တိုင်ပစ်သတ်ပြီး အဆုံးစီရင်ခဲ့တာပါ။

READ
ကျားတွေကိုကာကွယ်ဖို့အတွက် အ၀တ်မဲ့ချီတက်လှုပ်ရှားမှု
ASIAWIRE

မျက်မြင်သက်သေတွေရဲ့ပြောပြချက်အရ အခင်းဖြစ်စဉ်မှာ သေနတ်သံ သုံးလေးချက်လောက် ကြားရတယ်လို့ ဆိုပါတယ်။ မိသားစုတွေနဲ့ သူငယ်ချင်းတွေကတော့ ကွဲသွားတဲ့ခင်ပွန်းဖြစ်သူ Rin က ကြမ်းတမ်းရိုင်းစိုင်းတယ်လို့ပြောပါတယ်။ သူတို့မှာ သားငယ်လေးနှစ်ယောက်လဲရှိပါတယ်။ Sreylai ရဲ့ အမဖြစ်သူပြောပြချက်အရ Sreylai အဆိုပြိုင်ပွဲဝင်ပြိုင်ကတည်းက ပြဿနာတွေ ပိုဆိုးနေခဲ့တာဖြစ်ပြီး Rin က သ၀န်တိုလွန်းတဲ့အတွက်ကြောင့် တနေ့တခြား သူတို့ဆက်ဆံရေးက ပိုဆိုးလာခဲ့တယ်လို့ဆိုပါတယ်။

ASIAWIRE

Sreylai ရဲ့ သူငယ်ချင်းဖြစ်သူ Dara ကတော့ သူမခင်ပွန်းဟာ သူမကို သီချင်းဆိုပြိုင်ပွဲတွေ ၀င်ပြိုင်ခွင့်မပေးဘဲ ရန်ရှာတယ်လို့ ဆိုပါတယ်။ ကွဲသွားပြီးနောက်ပိုင်းမှာလည်း သူမကို လိုက်နှောင့်ယှက်နေတုန်းပါပဲလို့ Dara ကပြောပါတယ်။ Sreylai ဟာ အဆိုတော်တစ်ဦးအဖြစ် ရပ်တည်ဖို့ကြိုးစားနေသူဖြစ်ပြီး Hang Meas ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုထားတယ်လို့သိရပါတယ်။

READ
ဆေးရုံမှာစောင့်ရတာစိတ်မရှည်လို့ အမျိုးသမီးဆရာဝန်ကို ရိုက်နှက်ခဲ့တဲ့အဖွဲ့

လင်းလင်း(Shwemom)
Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE