အန်ကောဝပ်ဘုရားကျောင်းထဲ ဆင်စီးခွင့်ပိတ်ပင်လိုက်ပြီဖြစ်တဲ့ ကမ္ဘောဒီးယား

instagram/scope.travel

ကမ္ဘောဒီးယားဟာ နိုင်ငံရဲ့ အထင်ကရဖြစ်တဲ့ အန်ကောဘုရားကျောင်းဝင်းအတွင်း နောင်နှစ် အစောပိုင်းကစပြီး ဆင်စီးခွင့်ပိတ်ပင်တော့မှာဖြစ်ကြောင်း channelnewsasia အရ သိရပါတယ်။ ဒီစီမံချက်ဟာ ဆင်စီးတာက ဆင်တွေအပေါ်ရက်စက်လွန်းတယ်ဆိုတဲ့ တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေအတွက်တော့ အောင်ပွဲတစ်ရပ်လည်း ဖြစ်ပါတယ်။

instagram/kaaskrokett

အန်ကောဘုရားကျောင်းဟာ ဘုရားကျောင်းရဲ့ ရှုပ်ထွေးတဲ့ ရှေးဟောင်းဗိသုကာပညာရပ်ကြောင့် နှစ်စဉ်နှစ်တိုင်း ဘုရားဖူးခရီးသွားများစွာ လာနေတဲ့ နေရာလည်း ဖြစ်ပါတယ်။ (၂၀၁၈) ခုနှစ်မှာဆို ကမ္ဘာလှည့်ခရီးသည် ဦးရေ(၆) သန်းတောင် ဘုရားကျောင်းကို လာကြပါတယ်။ အများစုကတော့ ဘုရားကျောင်းဝင်းအတွင်းလှည့်ပတ်ကြည့်ရှုရအောင်ဆိုပြီး ဆင်စီးကြပါတယ်။

instagram/onlyhappensonce

ဒါပေမယ့် ဆင်စီးတဲ့ အလေ့အထကို (၂၀၂၀) ခုနှစ်အစောပိုင်းမှာ ရုတ်သိမ်းတော့မှာ ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ လွန်းကိုဆယ်လ်က ပြောပြပါတယ်။ “ဆင်တွေကို စီးပွားရေးအတွက် အသုံးပြုတာက မသင့်တော်တော့ပါဘူး။ အချို့ဆင်တွေဆိုရင် အရမ်းအိုနေကြပါပြီ..”

READ
6 လအရွယ်သမီးကို ရေချိုးခန်းတံခါးနဲ့ အကြိမ်ကြိမ်တိုက်ပြီး သတ်တဲ့ဖခင်ကို ထောင်ဒဏ်ချမှတ်

လက်ရှိအချိန်ထိ ဘုရားကျောင်းဝင်းထဲ အလုပ်လုပ်နေတဲ့ ဆင်ကောင်ရေ (၁၄) ကောင်အနက် (၅) ကောင်ကို ဘုရားကျောင်းနဲ့ (၄၀) ကီလိုမီတာကွာဝေးတဲ့နေရာဆီ ပို့ထားပါတယ်။ အဲ့ဒီနေရာမှာတော့ ဆင်တွေဟာ သဘာဝအတိုင်း နေထိုင်နိုင်မှာဖြစ်တယ်လို့တော့ ကိုဆယ်လ်က ဆိုပါတယ်။ ကမ္ဘောဒီးယားဟာ ဆင်တွေကို ကမ္ဘာလှည့်ခရီးသည်တွေ ဖျော်ဖြေရေးအတွက်၊ လိုက်ပါစီးနင်းဖို့အတွက် လေ့ကျင့်သင်ကြားပေးနေတယ်ဆိုပြီး တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားနေသူတွေက ဝေဖန်နေကြတာပါ။

instagram/scope.travel

ဆင်တွေဟာ ၄င်းတို့ကို လေ့ကျင့်သင်ကြားပေးချိန်မှာ ကျိုးပဲ့ကုန်တာတွေ ရှိတဲ့အတွက် တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေက ဆင်တွေကို အလွန်အကျွံခိုင်းစေတယ်ဆိုပြီး စွပ်စွဲခဲ့တာပါ။ (၂၀၁၆) ခုနှစ်တုန်းကလည်း အန်ကောဘုရားကျောင်းထဲ ခရီးသည်တွေကို တင်ဆောင်လာတဲ့ ဆင်တစ်ကောင်ဟာ ရာသီဥတုပူပြင်းတဲ့အပြင် ပင်ပန်းလွန်းတဲ့အတွက် လမ်းဘေးမှာပဲ လဲကျသေဆုံးသွားခဲ့ပါတယ်။ လဲကျသေဆုံးသွားတဲ့ ဆင်မကြီးဟာ လဲမကျခင်မှာ ဘုရားကျောင်းဝင်းအတွင်း (၄၅) မိနစ်ခန့် လမ်းလျှောက်ပြီး အလုပ်လုပ်နေခဲ့ရကြောင်းလည်း သိရပါတယ်။

READ
အထီးကျန်တဲ့ ဝေဒနာကြောင့် ပြစ်မှုကျူးလွန်တဲ့အထိဖြစ်ခဲ့ရတဲ့ သနားစရာအဘိုးအို

လင်းလင်း (ShweMom)

SHARE