ပင့်ကူကို ဘီယာနဲ့မြည်းပြီး စားပြခဲ့ကြတဲ့ ကမ္ဘောဒီးယား YouTuber နှစ်ယောက်

YouTube

လူတွေဟာ အစုံစားသတ္တဝါတွေထဲ ပါတဲ့အတွက် ဟင်းသီးဟင်းရွက်တွေအပြင် အသား၊ ငါးနဲ့ အင်းဆက်တွေကိုပါ စားလေ့ရှိပါတယ်။ ပုရစ်တို့၊ သစ်ပေါင်းပိုးတို့၊ ဝါးပိုးတွေကတော့ စားလေ့စားထရှိတဲ့ အင်းဆက်တွေပါ။ သို့ပေမယ့် တချို့နိုင်ငံတွေမှာတော့ ပုရွက်ဆိတ်ကစလို့ ကင်းမြီးကောက်တွေအထိ ကြော်စား၊ ကင်စားတတ်ကြပါတယ်။

အခုဖော်ပြပေးမယ့် ဗီဒီယိုမှာဆိုရင်တော့ ကမ္ဘောဒီးယားသူလေးနှစ်ယောက်ဟာ ပင့်ကူတွေကို အားရပါးရစားပြနေခဲ့တာပါ။

ပင့်ကူဆိုတာ လူဆယ်ယောက်မှာ ရှစ်ယောက်က ကြောက်ရတဲ့ အင်းဆက်တစ်မျိုးဖြစ်ပါတယ်။ ဒီအပြင် အချို့ပင့်ကူတွေမှာ သေစေနိုင်တဲ့ အဆိပ်တွေရှိနေတတ်တာမို့ ပင့်ကူုတွေ့ရင် တော်ရုံလူတောင် ကိုင်ရဲကြတာမဟုတ်ပါဘူး။

ကမ္ဘောဒီးယားသူလေးနှစ်ယောက်ကတော့ subscribers ပေါင်း (၄၉၇,၃၁၈) ရရှိထားတဲ့ နိုင်ငံကျော် YouTubers တွေဖြစ်ပါတယ်။ Natural Life TV ဆိုတဲ့ YouTube Channel တစ်ခုမှာ နှစ်ယောက်ပေါင်းပြီး ဗီဒီယိုတွေတင်ဆက်လေ့ရှိပါတယ်။ သူတို့ရဲ့ဗီဒီယိုတွေဟာ တောတွင်းသဘာဝဘဝကို ဖော်ပြနေတဲ့ဗီဒီယိုတွေဖြစ်ပြီး များသောအားဖြင့် အစားအသောက်နဲ့ပတ်သက်တာတွေကို တင်လေ့ရှိပါတယ်။

READ
အကြွေးရှိနေသူတွေကို ကိုက်(၅၀၀) အတွင်းက ရှောင်ရှားနိုင်မယ့် App

ဒီတစ်ခေါက်မှာတော့ နှစ်ယောက်ပေါင်းပြီး ပင့်ကူတွေကို ချက်ပြုတ်စားသောက်ပြကြတာပဲဖြစ်ပါတယ်။

YouTube

အသင့်ဖမ်းထားတဲ့ ပင့်ကူတွေကို ပိုက်ကွန်ထဲမှာ ထည့်ထားရာက ဇလုံထဲသို့ ဖြည်ထည့်လိုက်ပါတယ်။ အရှင်တွေဆိုတော့ လှုပ်လှုပ်ရွရွနဲ့ မည်းနက်နေတဲ့ ပင့်ကူတွေကို အသည်းယားစွာ မြင်တွေ့ရမှာပါ။

YouTube

ပြီးနောက်မှာတော့ ဆားရေထဲထည့်ဆေးပါတယ်။ ဆားရည်ထဲမှဆယ်ကာ ဖက်ရွက်ပေါ်တင်ပြီး နောက်ထပ်ရေအသန့်နဲ့ ထပ်ဆေးခဲ့ပါတယ်။ ပြီးနောက်မှာတော့ အခြားအသားတွေကို ကြော်တဲ့အတိုင်းပဲ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးတို့ကို ဆီသတ်ကာ ပင့်ကူတွေကို ထည့်ကြော်ခဲ့ပါတယ်။

YouTube

ကြော်လှော်ပြီးတဲ့အခါမှာတော့ ကမ္ဘောဒီးယားသူလေးနှစ်ယောက်ဟာ ပင့်ကူနက်တွေကို အကြောက်အလန့်မရှိ၊ တွန့်ဆုတ်ခြင်းမရှိဘဲ အားပါးတရစားပြခဲ့ပါတယ်။

YouTube

ပင့်ကူတွေကို တစ်ကောင်ပြီးတစ်ကောင်စားလိုက်၊ ဘီယာသောက်လိုက်နဲ့ စားပြနေခဲ့တာပါ။

YouTube

မနှစ်တုန်းကလည်း ဗီဒီယိုတစ်ခုကြောင့် မျိုးသုန်းတော့မယ့် တိရိစ္ဆာန်တွေကို အရေခွံခွာပြီး ချက်စားတာကြောင့် တိရိစ္ဆာန်ငြှင်းပန်းနှိပ်စက်တဲ့ပြစ်မှုနဲ့ Ah Lin Tuch ဆိုသူ အမျိုးသမီးဟာ အဖမ်းခံခဲ့ရပါသေးတယ်။

READ
စားသောက်ဆိုင်က ဟင်းပွဲသေးလို့ဆိုပြီး ရဲကိုလှမ်းတိုင်သူ

Source: Next Shark 

Penny

 

 

SHARE