စင်ဒရဲလားကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းမယ့်ဇာတ်ကားမှာသရုပ်ဆောင်မယ့် Camila

Havana သီချင်းအဆိုရှင် နာမည်ကျော် အဆိုတော်မလေး Camila Cabello ကတော့ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ သရုပ်ဆောင်တစ်ယောက်အဖြစ် မကြာခင်မှာ ပွဲဦးထွက်တော့မှာဖြစ်ပါတယ်။ Camila ရဲ့ ပွဲဦးထွက် ရုပ်ရှင်လေးကတော့ ပရိသတ်တွေ ရင်းနှီးပြီးသား ကာတွန်းဇာတ်လမ်းလေးဖြစ်ဖြစ်တဲ့ Cinderella ပဲဖြစ်ပါတယ်။

YouTube

Camila ကတော့ Cinderella ကို ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးမယ့် ဇာတ်ကားမှာ စင်ဒရဲလား မင်းသမီးလေးအဖြစ် ပါဝင်သရုပ်မယ့်အကြောင်းကို အတည်ပြုပြောကြားခဲ့ပြီးဖြစ်ပါတယ်။ Camila ရဲ့ သရုပ်ဆောင်စွမ်းရည်ကိုတော့ သူမရဲ့ အင်စတာဂရမ်ကနေ တစ်ဆင့် သိနိုင်ပါတယ်။

scoopnest.com
AllPosters.com

Cinderellaရုပ်ရှင်ကားကိုတော့ စင်ဒရဲလား ကာတွန်းကားရဲ့ ဇာတ်အိမ်ကို အခြေခံရိုက်ကူးမှာဖြစ်ပြီး ယနေ့ခေတ်နဲ့ လိုက်ဖက်ညီတဲ့ ဂန္တဝင်ဆန်ဆန်ပြင်ဆင်မှုတွေနဲ့ ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

READ
လိုအပ်သူတွေအတွက် ကူညီပေးခဲ့တဲ့ သူရိယနဲ့ ဆုအိမ့်စံတို့ ချစ်သူနှစ်ဦး
Independent.ie

Source: teenvouge

SHARE