Shawn Mendes နဲ့ Camila Cabello တို့နှစ်ယောက်သား ချစ်ကြိုက်နေခဲ့တာ နှစ်တွေတောင်ကြာနေပြီဖြစ်ပေမယ့်လည်း နှစ်ဖက်စလုံးကုသူတို့နှစ်ယောက်ရဲ့ အချစ်ရေးကိစ္စတွေကို ဘယ်တုန်းကမှ ထုတ်ဖော်ပြောပြခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဘာတွေ စိတ်ကူးပေါက်တယ်မသိဘူး အခုအခါမှာတော့ နှစ်ယောက်စလုံး နှစ်ကိုယ်ကြားအချစ်ရေးကိစ္စတွေကို ထုတ်ဖော်ပြောပြလာခဲ့ပါတယ်။
View this post on Instagram
Camila Cabello တစ်ယောက် နိုဝင်ဘာလ ၂၉ ရက်နေ့တုန်းကပဲ သူမရဲ့ Instagram မှာ ပိုစ့်တစ်ခုတင်လာခဲ့ပါတယ်။ Shawn Mendes နဲ့ ရိုက်ထားတဲ့ ပုံလေးဖြစ်ပြီးတော့ caption ကိုလည်း အရှည်ကြီး ရေးထားခဲ့တာပါ။ သူမရဲ့ caption လေးကတော့ ဒီလိုပါ။
သူမဟာ Shawn Mendes နဲ့ကျမှ အချစ်ကိုသိခဲ့တဲ့ လူသားတစ်ယောက်ပါတဲ့။ ဒါပေမဲ့ အချစ်ဆိုတာ ရုပ်ရှင်တွေဗီဒီယိုတွေထဲကလို အမြဲတမ်းပျော်ရွှင်နေရတဲ့ အရာမျိုးတော့မဟုတ်ပါဘူးတဲ့။ လူတစ်ယောက်ရဲ့ ချစ်သူတွေဖြစ်ကြပြီဆိုရင် အဲဒီလူတစ်ယောက်ရဲ့ ကောင်းမွေဆိုးမွေဆိုတာ ကိုယ်သူ့ကို ဘယ်လိုဆက်ဆံလဲ၊ သဘောထားလဲဆိုတာနဲ့ အများကြီး သက်ဆိုင်နေပါတယ်တဲ့။
View this post on Instagram
ဒီအချစ်ရေးတစ်ခုကို တည်မြဲအောင်လို့ သူမအနေနဲ့ အရမ်းကြောက်ခဲ့တဲ့အရာတွေ၊ စိုးရိမ်စိတ်တွေ၊ သိမ်ငယ်ခဲ့ရတဲ့အရာတွေ၊ တွေးပုံခေါ်ပုံတွေ၊ ဘဝရဲ့ ယုံကြည်မှုတွေ အရာအားလုံးကို ပြောင်းသင့်ရင်ပြောင်းရတယ်၊ ရင်ဆိုင်သင့်ရင် ရင်ဆိုင်ခဲ့ရပါတယ်လို့လည်း ပြောထားပါတယ်။ တကယ်တော့ အချစ်ဆိုတာ ထင်သလောက် မရိုးရှင်းပါဘူးတဲ့။ အကျည်းတန် အရုပ်ဆိုးစေခဲ့တဲ့ နေ့ရက်တွေလည်း အများကြီးရှိခဲ့ပါတယ်တဲ့လေ။
View this post on Instagram
ဒါပေမဲ့ သူတို့နှစ်ယောက်စလုံးကို အမှောင်ထုထဲကနေ တစ်ယောက်ကိုတစ်ယောက် ဖေးမရင်း ချစ်ခြင်းမေတ္တတရားနဲ့ အလင်းခွင်းစေခဲ့ပြီးတော့ ပိုပြီး သန်မာလာအောင်၊ ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်အောင် အထောက်အပံ့တွေ ပေးခဲ့ကြပါတယ်လို့ Camila Cabello က ပြောထားခဲ့ပါတယ်။
View this post on Instagram
နှစ်ယောက်အကြောင်း လူသိရှင်ကြား မထုတ်ပြတော့တာဟာလည်း ဆိုရှယ်မီဒီယာရဲ့ ဆိုးကျိုးတွေကို ကြောက်လို့ဖြစ်ပြီးတော့ ဒီကနေတစ်ဆင့် မလိုလားအပ်တဲ့ ပြဿနာတွေလည်း မတက်ရလေအောင်လို့ သိုသိုသိပ်သိပ်နေတဲ့သဘောပါ။ လျှို့ဝှက်ထားတာမဟုတ်ပါဘူးလို့လည်း caption ထဲမှာ ထည့်ပြောထားခဲ့ပါသေတးယ်။
ဒါလေးကတော့ Camila ရဲ့ မူရင်း ပိုစ့်လေးပါ။
View this post on Instagram
penny