သာမန်ရုပ်ရည်ပဲရှိရင်(သို့)ရုပ်ဆိုးရင် ကောင်မလေးချောချောရနိုင်လား?

ဒီမေးခွန်းကို Shwemomပရိတ်သတ်ကြီးထဲမှာ မေးချင်တဲ့ ပုရိသတွေလည်း ရှိနေနိုင်ပါတယ်။ အမြန်ဆုံးဒီမေးခွန်းကိုဖြေရရင်တော့ ရနိုင်ပါတယ်။ ဒါပေမယ့် မိန်းကလေးတွေအကြောင်းကို အရင်သိဖို့တော့လိုပါမယ်။ ရုပ်ချောတာကိုကြိုက်တာ
တော့ လူသားတိုင်းရဲ့သဘာဝပါ။ ကျွန်မတို့လည်း ကြိုက်တတ်ပါတယ်။ ဂျက်စတင်ဘီဘာရဲ့အကြောင်းပြောချင်ပြောမယ်၊
စိုင်းစိုင်းခမ်းလှိုင်အကြောင်းပြောချင်ပြောမယ်။ ရှင်တို့လည်း ဖွေးဖွေး၊ သင်ဇာဝင့်ကျော်၊  Jennifer Lawrence, Jennifer Lopezအကြောင်းပြောတာပဲလေ။

3

ဒါပေမယ့် ဒီလိုချောချောကောင်လေးတွေကို သဘောကျတိုင်း ကျွန်မတို့ရည်းစားဟာ အဲ့ဒိလိုချောစရာမလိုပါဘူး။ ပုရိသ
တွေက ကြင်ဖော်ကြင်ဖက်ရှာတဲ့အခါမှာ ရုပ်ရည်ကိုပိုကြည့်တတ်ကြပါတယ်။ ကျွန်မတို့ မိန်းကလေးတွေကတော့ မတူပါ
ဘူး။ တကယ်တော့ ရုပ်ရည်ထက် ဆွဲဆောင်မှုရှိတဲ့အရာတွေ ယောက်ျားလေးတွေဆီမှာ အများကြီးရှိပါတယ်။ ရုပ်မချော
တဲ့ ယောက်ျားက အစပိုင်းသိပ်သဘောမကျတာဖြစ်နိုင်တယ်။ ဒါပေမယ့် အဲ့ဒိယောက်ျားလေးကသာ ကျွန်မတို့ ကြိုက်နှစ်
သက်တဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီရင် ရုပ်မချောတာ ကျွန်မတို့ မစဉ်းစားတော့ပါဘူး။

fat-guy-married

ဒါပေမယ့် အချို့ရုပ်ချောမှာ ကြိုက်မယ်ဆိုတဲ့ မိန်းကလေးတွေတော့ရှိပါတယ်။ သူတို့ကတော့ ချွင်းချက်ပေါ့။ ဒါပေမယ့် မိန်းကလေး အများစုကတော့ အဲ့ဒိလိုမဟုတ်ပါဘူး။ များသော အားဖြင့် မိန်းကလေးတွေက Open Typeပါ။ ဘောင်ကန့် သတ်ထားခြင်း မရှိပါဘူး။ ငါယူမယ့်ယောက်ျားဟာ ဟိုလိုဖြစ်ရမယ်။ ဒီလိုဖြစ်ရမယ်ပြောတတ်ကြပေမယ့် သွားပြီး အတည် မယူပါနဲ့။ နောက်ဆုံးတော့ ဘယ်သူကမှာ ဆွဲဆောင်မှုမရှိဘူးလို့ ထင်တဲ့ ယောက်ျားတစ်ယောက်ကို ကြိုက်သွားတာတွေ
လည်း ရှိပါတယ်။

READ
မိန်းကလေးတွေသင့်ကို မပြောပဲသိစေချင်တဲ့အရာ(၁၀)ခု

တကယ်တော့ ယောက်ျားတစ်ယောက်မှာ ရုပ်ရည်အပြင် မိန်းကလေးတစ်ယောက်ကို ဆွဲဆောင်နိုင်တဲ့အရည်အချင်းတွေရှိပါတယ်။ Confidence, ဟာသဥာဏ်၊ ဥာဏ်ရည်ထူးချွန်မှု၊ ဗလတောင့်မှု စသဖြင့် မိန်းကလေးတစ်ယောက်နဲ့တစ်
ယောက် သဘောကျတာခြင်းတော့ မတူကြပါဘူး။ သင်က မိန်းကလေးတစ်ယောက်အတွက် အခြားနည်းလမ်းတွေနဲ့
ဆွဲဆောင်မှုရှိလေလေ အဲ့ဒိမိန်းကလေးက သင့်ရဲ့ရုပ်ရည်အပေါ်ကို အာရုံစိုက်မှုနည်းလာလေလေပါပဲ။

4

အာရုံစိုက်မှုနည်းတယ်ဆိုတာထက် အကောင်းမြင်တဲ့ဘက်က ပိုပြီးကြည့်လာတာလို့ပြောရင်ပိုမှန်ပါမယ်။ဥပမာ သင်က
နှာခေါင်းကြီးမယ်၊သို့မဟုတ် ဝမယ်၊ သို့မဟုတ် နဖူးပြောင်မယ်၊  ဒါပေမယ့် သင်ကအခြားအရာတွေမှာ ဆွဲဆောင်မှုရှိ
ရင် မိန်းကလေးတွေက အဲ့ဒိရုပ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကို သတိမရတော့ပါဘူး။ အဲ့ဒိနှာခေါင်းကြီးကြီးလေးကို
ပဲ ချစ်နေရတာ ဆိုပြီးတော့တောင်ဖြစ်လာနိုင်ပါသေးတယ်။

မိန်းကလေးတွေဆိုတာ “ငါ Royan Goslingလိုဘဲမျိုးပဲလိုချင်တယ်။ Justing Bieberလို ဘဲမျိုးပဲရချင်တယ်” စသ
ဖြင့်ပြောတတ်ကြပေမယ့် တကယ်တမ်းတော့မဟုတ်ပါဘူး။ ဒါ့ကြောင့် ရုပ်မချောလည်းပဲ အားမငယ်ပါနဲ့။ တကယ်တမ်း
အရေးကြီးတာက ယုံယုံကြည်ကြည်ကြိုးစားဖို့ပါပဲ။ မရတော့လည်းဘာဖြစ်လဲ။ ကမ္ဘာကြီးအဆုံးသတ်သွားတာမှမဟုတ်
တာ။ ဒါပေမယ့် ကိုယ့်ကိုမကြိုက်မှန်းသိသာလွန်းနေတဲ့ မိန်းကလေးတွေကိုတော့ ဆက်ပြီးအနှောက်အယှက်မပေးမိပါ
စေနဲ့။ အဲ့ဒါမှ ယောက်ျားကောင်းပီသမှာပါ။ မိန်းကလေးတိုင်းကတော့ သင့်ကိုကြိုက်မှာ မဟုတ်ပါဘူး။ သင့်အတွက်ဒီ
လောကကြီးထဲမှာ သီးသန့်တစ်ယောက်ရှိနေမှာပါ။ Shwemomပရိတ်သတ်ကြီး အချစ်စစ်နဲ့တွေ့ပြီးပျော်ရွှင်ကြပါစေ။

READ
ကိုယ်တိုင်သတိမထားမိဘဲ သင့်ဇနီးကိုစိတ်ထိခိုက်စေသည့်အပြုအမူများ

မဒီလေး (Shwemom)

sm

Shwemom

Media In Myanmar

SHARE