ဝိုင်လုပ်ငန်း၊ စပျစ်ခြံတွေကို လေ့လာရင်း စည်ပိုင်းကြီးထဲမှာ အနားယူနိုင်မယ့် ဟိုတယ်

ဝိုင်ချစ်သူတွေ အတွက် စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခုကို ပြောပြချင်ပါတယ်။ သင့်အနေနဲ့ ၀ိုင်တွေရဲ့ အရသာ၊ စပျစ်ခင်းတွေ အလှတွေကို ခံစားပြီး စည်းပိုင်းအကြီးကြီးတွေထဲမှာ အနားယူ အပန်းဖြေနိုင်မယ့် နေရာတစ်နေရာရှိပါတယ်။

ဒီ အပန်းဖြေဟိုတယ်ဟာ ပေါ်တူဂီနိုင်ငံ Douro ဒေသမှာရှိတဲ့ Quin da Pachecha ဆိုတဲ့ ခြံကြီးမှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ နှစ်သက်တမ်း (၂၈၀) ရှိပြီးဖြစ်တဲ့ ဒီ ခြံကြီးထဲမှာ စည်းပိုင်ပုံ တည်ဆောက်ထားတဲ့ အခန်းပေါင်း (၃၀) ရှိပြီး အားလုံးကို ထင်းရှုးသားနဲ့ ပြုလုပ်ထားပါတယ်။ ဒီဇိုင်းက ပိုင်ရှင်တွေဖြစ်ကြတဲ့ Paulo Pereira နဲ့ Maria do Ceu Goncalves ဆိုသူတို့ ကိုင်ပါတယ်။

READ
ကမ္ဘာ့ဈေးအကြီးဆုံး ဟိုတယ်(၄)ခု
The wine house
The wine house

အထဲမှာ ရေချိုးခန်း၊ သီးသန့် သန့်စင်ခန်း၊ အ၀တ်ဘီဒို၊ အိပ်ယာကျယ်ကျယ်နဲ့ နေ့အလင်းဝင်ပေါက်တွေ ပါဝင်တယ်။ အဲကွန်းနဲ့ WiFi လည်း တပ်ဆင်ပေးထားပါတယ်။

The wine house
The wine house

မနက်ပိုင်းမှာ မနက်စာစားပြီး ဧက (၁၄၀) လောက ကျယ်ဝန်းတဲ့ စပျစ်ခြံကို လေ့လာနိုင်တယ်။ ဒီ စပျစ်ခြံဟာဆိုလည်း စိုက်ပျိုးလည်ပတ်လာခဲ့တာ နှစ်ပေါင်း (၁၁၆) နှစ်ရှိပါပြီ။ ခြံထွက်ဝိုင်တွေကို ခြံအနားက (၁၈) ရာစုကတည်းရှိခဲ့တဲ့ အိမ်တစ်လုံးမှာ သိုလှောင်ထားပါတယ်။ ဒေသထွက် ယိုနဲ့ သံလွင်ဆီတွေကိုလည်း လေ့လာနိုင်ဦးမယ်။

ဝိုင်ဖောက်တဲ့ အခန်း (၁၅) ခန်းကိုလည်း ကြည့်ရှု့ခွင့်ရမယ်၊ ညစာအတွက်တော့ ခြံထဲက အိမ် (သို့) ဟိုတယ်မှာရှိတဲ့ စားသောက်ဆိုင်မှာ သုံးဆောင်နိုင်တယ်လို့ သိရပါတယ်။ ၀ိုင်လုပ်ငန်း လေ့လာရေး ခရီးတွေအတွက် အဆင်ပြေစေအောင် အခုလို လက်မှုမြောက်တဲ့ ပရောဂျက်တစ်ခုကို ဖန်တီးခဲ့တာလို့ ခြံက တာဝန်ရှိတဲ့ သူတစ်ယောက်က ပြောပြပါတယ်။

READ
(၁၉၆)နိုင်ငံကို (၁၈)လ၊(၂၆)ရက်အတွင်း စံချိန်တင်သွားရောက်နိုင်ခဲ့သည့် အမျိုးသမီး
The wine house
The wine house
The wine house

ဝိုင်တွေ မြည်းစမ်းရတာ၊ စည်းပိုင်ပုံအခန်းတွေမှာ နေရတာ မကြိုက်ဘူးဆိုရင်လည်း သာမန် အခန်းတွေ ပင်မအိမ်ကြီးမှာရှိပါတယ်။ စည်းပိုင်းပုံ အခန်းတွေက ဈေးတော့မြောက်ပြီး တစ်ညကို ယူရိုငွေ (၂၁၉) ကျပ်လောက်ကျသင့်မှာဖြစ်ပါတယ်။ ၀ိုင်ချစ်သူဆိုရင်တော့ ဒီဟိုတယ်က လူကြီးမင်းရဲ့ အကြိုက်နဲ့ တော်တော်ကိုက်မယ့် ဟိုတယ်ဖြစ်ပါတယ်။

Ref: Metro

Matthew (ShweMOM)
SHARE