ရင်သားခွဲစိတ်ပြုပြင်ထားရင် မိမိရဲ့ရင်သွေးကိုနို့ချိုတိုက်ကျွေးနိုင်ပါ့မလား

Pixabay

(၂၀၁၈)ခုနှစ်က အမေရိကန်ရှိအမျိုးသမီး(၃)သိန်းကျော်ဟာ ရင်သားကင်ဆာဖြစ်ပွားစေမယ့် ရင်သားအစားထိုးကုသ မှုတွေပြုလုပ်ခဲ့ပါတယ်။ အဲ့လိုရင်သားခွဲစိပ်ကုသမှုတွေကြောင့် အန္တရာယ်တွေနဲ့ခက်ခဲစေတဲ့အရာတွေကိုဖြစ်လာ စေပါတယ်။ရင်သားခွဲစိတ်ကုသတဲ့သူတွေထဲကတစ်ဦးလောက်ကတော့ ဒီပြဿနာတွေနဲ့ ကြုံတွေ့ရမှာဖြစ်ပါတယ်။ အဲဒါကတော့ ကိုယ့်ရဲ့ကလေးကိုမိခင်နို့တိုက်ကျွေးတဲ့အချိန်မှာဖြစ်စေနိုင်မယ့် အန္တရာယ်ရှိတဲ့ပြဿနာ တွေပဲဖြစ်ပါတယ်။

ရင်သားအစားထိုးခွဲစိပ်ကုသထားတဲ့အမျိုးသမီး(၉၃)ရာခိုင်နှုန်းလောက်သာ နို့ချိုတိုက်ကျွေးနိုင်ပြီး ရင်သားအစား ထိုးခွဲစိပ်ကုသမှုမရှိတဲ့အမျိုးသမီး(၉၉)ရာခိုင်နှုန်းဟာ မိမိရဲ့ကလေးကို အန္တရာယ်ကင်းစွာနို့ချိုတိုက်ကျွေးနိုင်မှာ ဖြစ်တယ်လို့ အမေရိကန်ခွဲစိပ်ဆရာဝန်အသင်းရဲ့ (၂၀၁၆)ခုနှစ်ကလေ့လာထားတဲ့လေ့လာချက်တစ်ခု အရသိရပါတယ်။

တကယ်လို့ ရင်သားခွဲစိပ်ကုသထားတဲ့မိခင်ဟာ ရင်သားခွဲစိတ်ကုသထားခြင်းမရှိတဲ့မိခင်နဲ့ယှဉ်ရင် နို့ထွက်နည်းတာကြောင့် ခက်ခဲတဲ့အခြေအနေတွေနဲ့ကြုံတွေ့နိုင်ပါတယ်။ဒါ့ကြောင့် ရင်သားခွဲစိတ်ကုသမှုပြုလုပ် မယ်ဆိုရင် မိမိရဲ့ရင်သွေးကိုနို့ချိုတိုက်ကျွေးတဲ့အခါမှာ ဖြစ်ပေါ်လာမယ့်အကျိုးသက်ရောက်မှုတွေကိုသိထား သင့်ပါတယ်။

ရင်သားခွဲစိတ်နိုင်တဲ့နေရာ(၂)နေရာရှိပြီး ရင်အုပ်ကြွက်သားအထက် subglandular လို့ခေါ်တဲ့နေရာနဲ့ ရင်အုပ် ကြွက်သားအောက်ဘက် subpectoral လို့ခေါ်တဲ့နေရာတွေပဲဖြစ်ပါတယ်။

Subpectoral နေရာမှာခွဲစိတ်ကုသမှုလုပ်ထားမယ်ဆိုရင် အဲ့ဒီနေရာက ရင်သားအရှေ့ဘက် နို့ပြွန်ရဲ့ထိပ်နားမှာ ရှိတာကြောင့် နို့ထုတ်လုပ်မှုအပေါ်အကျိုးသက်ရောက်မှုနည်းပါတယ်။ တကယ်လို့ အနာဂတ်မှာ မိမိရဲ့ရင်သွေး ကိုနို့ချိုတိုက်ကျွေးချင်တဲ့ရည်ရွယ်ချက်ရှိတယ်ဆိုရင် ရင်အုပ်ကြွက်သားအောက်ဘက်ကိုခွဲစိတ်ကုသမှုလုပ်တာပိုကောင်း လိမ့်မယ်လို့ ပလတ်စတစ်ခွဲစိတ်ဆရာဝန်နဲ့ ရင်သားပြန်လည်ပြုပြင်ရေးအထူးကုဆရာဝန်ဖြစ်တဲ့ ဒေါက်တာ  Constance Chen ကပြောပါတယ်

Twitter / TheFountainOf

ဒါပေမယ့် ခွဲစိတ်ထားတဲ့နေရာက အဓိကမကျပါဘူးဆိုပေမယ့် ခွဲစိတ်ရမယ့်နေရာကိုတော့ အဓိကစဉ်းစားဖို့လိုပါလိမ့် မယ်။

ရင်သားခွဲစိတ်ထားတဲ့အမျိုးသမီးနဲ့ ခွဲစိတ်ထားမှုမရှိတဲ့အမျိုးသားကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင် ခွဲစိတ်ထားတဲ့အမျိုးသမီးဟာ မိမိရဲ့ရင်သွေးကို ပြည့်ဝစွာနို့တိုက်ကျွေးနိုင်မှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာနို့ချိုတိုက်ကျွေးရေးဂျာနယ်က (၂၀၁၄)ခုနှစ်ကသုံးသပ်ဖော်ပြခဲ့ပါတယ်။

များပြားလာတဲ့ရင်သားခွဲမှုတွေကြောင့် ပြဿနာများစွာဖြစ်ပေါ်။

READ
တရုတ်ပြည်ရဲ့ အသေးငယ်ဆုံးတောင်အဖြစ် စံချိန်တင်သွားခဲ့တဲ့ ကျင်းရှန်းတောင်အကြောင်း

 

ခွဲစိတ်မှုမတိုင်မီ သင့်မှာရင်သားနဲ့ပတ်သက်တဲ့ပြဿနာတစ်စုံတစ်ရာမရှိခဲ့ဘူးဆိုရင် အနည်းငယ်သောပြဿနာတွေနဲ့ သာကြုံတွေ့နိုင်မှာဖြစ်ပါတယ်။သင့်ရဲ့ရင်သားခွဲစိတ်အစားထိုးမှုအရွယ်အစားပေါ်တည်ပြီး မိမိရဲ့ရင်သွေးကို နို့တိုက်ခြင်းအပေါ် အကျိုးသက်ရောက်စေနိုင်ပါတယ်။

တစ်ကယ်လို့သင်ဟာ ကြီးမားတဲ့ရင်သားခွဲစိတ်အစားထိုးမှုကိုပြုလုပ်ထားမယ်ဆိုရင် သင့်ရဲ့နို့ကနေတစ်ဆင့် သင့်ကလေးကိုလုံလောက်တဲ့ အာဟာရဖြည့်ဆည်းပေးနိုင်မှာမဟုတ်ပါဘူး။

Thae

SHARE