ဓာတ်ပုံထဲမှာ ပုံးနေတဲ့ စစ်သား(၁၂)ယောက်ကို တွေ့မိသလား ?

ယခင်က ဖော်ပြခဲ့တဲ့ ပဟေဋ္ဌိဓာတ်ပုံနဲ့ ပန်ချီကားတွေထက်စာရင်တော့ ဒီဓာတ်ပုံပဟေဠိက တော်တော်လေး ခက်တယ်ဆိုရမှာပါ။ ယခင်က မေးခဲ့တဲ့ ပဟေဠိတွေထဲမှာတော့ တစ်ချို့က ရှာတွေ့ပြီးသား Spot ပြထားတဲ့ ပုံတွေကိုကြည့်ပြီးမှ အဖြေအမှန်ကို သိကြောင်း ရိုးရိုးသားသား ၀န်ခံခဲ့သူတွေ ရှိသလို၊ တစ်ချို့ကတော့ အဖြေလေးငါးခုသာ တွေ့ကြောင်း ၀န်ခံခဲ့သူတွေလည်း ရှိပါတယ်။

ဒီဓာတ်ပုံကတော့ ဗြိတိန်ဘုရင်မကြီးရဲ့ နန်းတော်စောင့်တပ်လို့ ပြောလို့ရမယ့် စစ်သား 12 ယောက်ပါတဲ့ Household Cavalry တပ်စိပ်တစ်ခု တောတွင်းလှုပ်ရှားမှုကို ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ကွန်ပျူတာနဲ့ ဖန်တီးဖုန်းကွယ်ထားတဲ့ ဓာတ်ပုံမဟုတ်ပဲ ဘရူနိုင်းတောနက်ကြီးထဲမှာ စစ်ရေးလေ့ကျင့်စဉ်က ဓာတ်ပုံပါ။

တကယ်လည်း ဒီဓာတ်ပုံထဲမှာ စစ်သား 12 ယောက် ရှိနေပါတယ်။ ရိုးရိုသားသား ၀န်ခံရရင် သတင်းရေးသူကိုယ်တိုင်လည်း ပထမ Spot မပြရသေးတဲ့ ဓာတ်ပုံကို ကြည့်ပြီးရှာတာ 2 ယောက်ပဲ တွေ့ပါတယ်။ မျက်လုံးလျှင်မှုနဲ့ အသေးစိတ်ကြည့်ရှုနိုင်မှု အတော်အားနည်းနေတဲ့ သဘောပါ။

READ
ကြွက်ထောင်ချောက်(၁၀၀၀) ပေါ်ကို ခုန်ချတဲ့ဗီဒီယို အွန်လိုင်းပေါ်မှာလူကြည့်များနေ

အထက်ဖော်ပြပါ ဓာတ်ပုံထဲမှာ ကြည့်လို့ မတွေ့သူတွေအနေနဲ့လည်း အဖြေမှန်ဖော်ပြထားတဲ့ ဓာတ်ပုံကို ကြည့်နိုင်ပါတယ်။ Household Cavalry တပ်ဖွဲ့ကို Life Guards တပ်ဖွဲ့လို့လည်း ခေါ်ကြပါတယ်။ အဲဒီအထဲမှာ  Blues နဲ့ Royals (Royal Horse Guards and 1st Dragoons)ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။

အဲဒီအဖွဲ့ထဲမှာ အလွန်ကို စစ်သက်အတွေ့အကြုံရင့်သူတွေနဲ့ လက်ရွေးစင်တပ်သားတွေမှ အမှုထမ်းခွင့်ရှိတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။ 1969 ခုနှစ်မှာ စတင်ဖွဲ့စည်းပြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။ နန်းတော်တွင်းလုံခြုံရေးနဲ့ ဘုရင်မကြီးရဲ့ အသက်အန္တရာယ်ကို ကာကွယ်ရေးအတွက် တာဝန်ထမ်းဆောင်ရပြီး၊ တိုက်ခိုက်ရေးစွမ်းရည်လည်း အလွန်မြင့်မားတဲ့ စစ်သားတွေဖြစ်ပါတယ်။

ညီလင်းထက် (Shwemom)

source : thesun.co.uk

SHARE