မျက်စိလျှင်သူတွေပဲ ဒီပုံထဲက စနိုက်ပါသမားကို ရှာတွေ့နိုင်လိမ့်မယ်။

ဗြိတိန်တပ်မတော်( British Army)ကနေ ထုတ်ပြန်ခဲ့တဲ့ အမြင်အာရုံစူးစမ်းစစ်ဆေးမှု ဓာတ်ပုံတစ်ပုံဟာ လူမှုကွန်ယက်ပေါ်မှာ ထင်မှတ်မထားဘဲ ရေပန်းစားခဲ့ပါတယ်။ အဆိုပါ ဓာတ်ပုံထဲမှာ စနိုက်ပါတပ်သားတစ်ဦး ရန်သူကို ချောင်းမြောင်းပစ်ခတ်ဖို့အတွက် အသင့်အနေအထား ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မီးခိုးငွေ့တွေကြားမှာ စနိုက်ပါသမားက အကာအကွယ် ကောင်းကောင်းယူထားတာမို့ ချက်ချင်း တွေ့နိုင်ဖို့ ခက်ခဲပါတယ်။ ဒါ့အပြင် စနိုက်ပါသမားတွေရဲ့ ထုံးစံအတိုင်း ပတ်ဝန်းကျင်နဲ့ လိုက်လျှောညီထွေရှိမယ့် အဝတ်အစားကို ဝတ်ဆင်ထားပြီး၊ ပုန်းအောင်းနေလေ့ရှိတာမို့ သူ့ကို တကယ့်စစ်မြေပြင်မှာ အတော်လေးကံကောင်းတဲ့သူမှ တွေ့နိုင်မှာပါ။

British Army

တကယ်လို့ သင်ကိုယ်တိုင် စစ်မြေပြင်မှာ ရောက်သွားတယ်ဆိုပါစို့။ သင့်အနားက လူတစ်ယောက်ကို စနိုက်ပါနဲ့ ပစ်ခတ်လုပ်ကြံခံရတဲ့အခါမျိုးမှာ သင့်အနေနဲ့ အမြန်အကာအကွယ်ယူဖို့ လိုအပ်ပြီး၊ စနိုက်ပါသမား ဘယ်မှာလဲဆိုတာ သိဖို့ကြိုးစားရမှာပါ။ ဒါမှ သင်ဘက်က အချိန်မီတုန့်ပြန်တိုက်ခိုက်မှု ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒီလိုမဟုတ်ရင် သင့်ရဲ့အသက်အန္တရာယ်ဟာ စက္ကန့်ပိုင်းတောင် မသေချာတော့ပါဘူး။ အကြောင်းကတော့ စနိုက်ပါအဖြစ် အသုံးပြုတဲ့ ရိုင်ဖယ်ပေါ်မှာ မူတည်ပြီး ကျည်ဆံရဲ့သွားနှုန်းက မြန်ဆန်လွန်းလို့ပါ။ သာမန်အားဖြင့်တော့ စနိုက်ပါရိုင်ဖယ်ကျည်ဆံရဲ့ သွားနှုန်းဟာ တစ်စက္ကန့်မှာ (၈၀၀)မီတာမှ (၁၀၀၀)မီတာအတွင်း ရှိပါတယ်။ သိပ်ကိုမြန်လွန်းတဲ့ ပမာဏပါ။

READ
တရုတ်မှာခေတ်စားနေတဲ့ အိမ်မှာကိုယ်တိုင်ဆံပင်ညှပ်နည်းဗီဒီယိုများ
British Army

ပေအားဖြင့်ဆိုရလျှင် ရိုင်ဖယ်ကျည်ဆံဟာ တစ်စက္ကန့်မှာ ၂၆၀၀ ပေမှ ၃၄၀၀ ပေ အမြန်နှုန်းရှိလို့ ဒီလိုအခြေအနေမှာ စက္ကန့်ပိုင်းအတွင်းသာ လှုပ်ရှားချိန်ရှိပါလိမ့်မယ်။ ဒါပေမယ့် စနိုက်ပါသမားတွေက မသေချာရင် ပစ်မှတ်ကို ပစ်လေ့မရှိတဲ့အတွက် သူ့ပစ်မှတ်ကို မှန်အောင်ပစ်နိုင်ဖို့ သေချာအောင်အချိန်ယူလေ့ရှိတာကတော့ ထုံးစံပါ။ မဟုတ်ရင် ကျားက နွားဖြစ်သွားနိုင်တဲ့ အနေအထားကိုး။

ပထပုံကတော့ မူရင်းပုံဖြစ်ပြီး၊ ဒုတိယပုံကတော့ စပေါ့ပြထားတဲ့ပုံပါ။

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE