လူသားအလုပ်သမားတွေနေရာမှာ စက်တွေအစားထိုးမှုကို ဆန့်ကျင်နေတဲ့ ကနေဒါနိုင်ငံသားများ

Twitter/Brendan Best

နေ့စဉ်နေ့အမျှတိုးတက်နေတဲ့နည်းပညာတွေကြောင့် စတိုးဆိုင်တွေမှာ self-checkout စက်တွေကိုစတင်အသုံးပြု လာကြပါတယ်။လူသားအလုပ်သမားတွေရဲ့နေရာမှာ စက်ကိုအစားထိုးပြီးအသုံးပြုခိုင်းတဲ့အတွက် လူတွေကတော့ ဒီလုပ်ဆောင်မှုကိုငြင်းဆိုနေကြပါတယ်။ ကနေဒါအသံလွှင့်စနစ်ရဲ့လေ့လာမှုတစ်ခုမှာတော့ ဒီလိုမျိုး self-checkout စက်ကိုအသုံးပြုရတာနဲ့ပတ်သက်ပြီး ကနေဒါနိုင်ငံသားတွေဟာ ဆိုးဆိုးဝါးဝါးဆန့်ကျင်မှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဝန်ထမ်းတွေကိုအလုပ်ဖြုတ်ပြီး အခုလိုစက်တွေကိုအစားထိုးတာနဲ့ပတ်သက်ပြီး လုံးဝကိုငြင်းဆန်ပါ တယ်။ လူသားအလုပ်သမားတွေဆိုရင် ပင်စင်လည်းပေးရတဲ့အပြင် စက်တွေလိုအခွန်ခမပေးလည်းနေလို့ မရတာတွေကြောင့် အလုပ်သမားတွေရဲ့နေရာမှာ စက်ကိုအစားထိုးတာဟာ မဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်လို့ ဈေးဝယ်သူတစ်ဦးဖြစ်တဲ့ Dan Morris က CBC ၀က်ဘ်ဆိုက်တစ်ခုရဲ့အင်တာဗျူးမှာပြောကြားခဲ့ပါတယ်။

Twitter/CBC

self-checkout စက်တွေက လူသားအလုပ်သမားတွေရဲ့ နေရာကိုလုနေ။

self-checkout စက်တွေကြောင့် ၀န်ထမ်းတွေအလုပ်လက်မဲ့ဖြစ်ပြီး ငွေကြေးအခက်အခဲတွေကြုံနိုင်တယ်ဆိုတာကို ဒီဖြစ်ရပ်ကိုလေ့လာစူးစမ်းမှုတွေလုပ်နေတဲ့ CBC မှာပါဝင်တဲ့လူတွေနဲ့ Dan ရဲ့အမြင်တွေဟာတူညီနေခဲ့ပါတယ်။self-checkout စက်တွေ အသုံးပြုနေမှုကို လုံးဝငြင်းဆိုဆန့်ကျင်တယ်လို့ British Columbia ပြည်နယ် Chilliwack မြို့မှာနေထိုင်တဲ့ Tom Eburne ကပြောပါတယ်။

READ
ပရိသတ်အချစ်တော် ဖွေးစိန်လေးရဲ့ အနုပညာဖြတ်သန်းမှုအမှတ်တရ ပုံရိပ်လေးများ

ကျွန်တော်တို့အတတ်နိုင်ဆုံးအခြေအနေထိရောက်အောင် ဒီကိစ္စကိုဆန့်ကျင်သွားမှာဖြစ်ပါတယ်။ဘာလို့ဆို ဒါဟာအလုပ်သမားတွေခြေတစ်လှမ်းဆုတ်ပေးရမယ့်ကိစ္စဖြစ်နေတာကြောင့်ဖြစ်တယ်လို့ Tom Eburne ကဆက်လက်ပြောကြားခဲ့ပါတယ်။ self-service စက်တွေကြောင့် လူထောင်နဲ့ချီအလုပ်လက်မဲ့ဖြစ်သွားမယ့် ကိစ္စလည်းဖြစ်ပါတယ်။

self-checkout စက်တွေဟာ လုပ်ငန်းရဲ့လိုအပ်ချက်တစ်ခုဖြစ်သလို ပစ္စည်းကောင်းတစ်ခုလည်းဖြစ်။

self check-out စက်တွေကိုဆန့်ကျင်တဲ့သူရှိသလို လိုလိုလားလားထောက်ခံအားပေးတဲ့သူတွေလည်းရှိပါတယ်။ self-checkout စက်တွေကြောင့် နောက်ဆုံးမှာတော့ အလုပ်သမားကုန်ကျစရိတ်ကိုလျော့ချနိုင်ခဲ့ပြီဖြစ်တယ်လို့ Toronto မြို့ Ryerson တက္ကသိုလ်ရဲ့ ဆန်းသစ်တီထွင်မှုနဲ့စီးပွားရေးစွမ်းဆောင်မှုဆိုင်ရာဌာနက အလုပ်အမှုဆောင်ဒါရိုက်တာ Sean Mullin ကဆိုပါတယ်။

Thae Su

SHARE