ဘယ်လိုပဲ Canary ကျွန်းစုလေးမှာ အတည်ပြုလူနာ ၂,၆၀၀ လောက်နဲ့ သေဆုံးသူပေါင်း ၁၆၂ ယောက်ရှိနေတယ်ပြောပြော အစိုးရကတော့ ခရီးသွားလုပ်ငန်းတွေကို ပြန်လည်စတင်ဖို့အတွက် ပြင်ဆင်နေပါပြီ။ ခရီးသွားကဏ္ဍမှာတော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရပ်တန့်ပစ်ထားတဲ့အတွက် ထိခိုက်နစ်နာမှုတွေရှိနေခဲ့ပါတယ်။
View this post on Instagram
ဒါကြောင့် Canary ကျွန်းစုကနေပြီး ခရီးသွားတွေကို လာလည်လို့ရကြောင်း ပြောပြဖို့အတွက် စိတ်ဝင်စားအောင် အစီအစဉ်တစ်ခုကို ကြောငြာခဲ့ပါတယ်။ အဲဒါကတော့ အကယ်၍ ခရီးသွားတွေအနေနဲ့ သူတို့ရဲ့ ကျွန်းစုလေးတွေဆီကို လာလည်မယ်ဆိုရင် COVID-19 နဲ့ပတ်သက်ပြီး အာမခံကြေးနဲ့ဝန်ဆောင်မှုတွေကို အခမဲ့ပေးသွားမယ်ဆိုတာပါပဲ။
ဆိုလိုချင်တာ သူတို့နိုင်ငံတွင်းမှာ ရောဂါကူးခဲ့မယ်ဆိုရင် အစိုးရဖက်ကအနေနဲ့ အဲဒီအကူးခံရတဲ့ခရီးသည်အတွက် စားရေးသောက်ရေး၊ နေရေးထိုင်ရေး အစရှိတာတွေကို လိုလေသေးမရှိ ကုသပေးသွားမှာဖြစ်တဲ့အပြင် ရောဂါပျောက်ကင်းလို့ အိမ်ပြန်မယ်ဆိုရင်လည်း အိမ်တိုင်ရာရောက်အထိ အခမဲ့ ပြန်ပို့ပေးမှာပါတဲ့။
View this post on Instagram
View this post on Instagram
View this post on Instagram
ဒီဥပဒေကိုတော့ နောက်လာမယ့်အပတိထဲမှာ အတည်ပြုသွားမှာဖြစ်ပါတယ်။ အာမခံကြေးနဲ့ဝန်ဆောင်မှုအစီအစဉ်ထဲမှာတော့ ကျွန်းကိုမရောက်ခင် ခပ်ဆင်ဆင်ရောဂါလက္ခဏာပြတဲ့လူတွေနဲ့ ဖြစ်ဖူးခဲ့ပြီးသားလူတွေတော့ မပါဝင်ပါဘူး။ ဒီအပြင် ကျွန်းကို မဝင်ခင်မှာလည်း စစ်ဆေးမှုနဲ့ quarantine ကိုလည်း လိုအပ်ရင် အခမဲ့ပဲ ဝင်ခိုင်းဦးမှာပါတဲ့။
Canary ကျွန်းစုလေးဟာ Morocoo ရဲ့အနောက်ဖက် ၆၂ မိုင်လောက်မှာ တည်ရှိနေပါတယ်။ ရှုခင်းတွေအရမ်းလှတဲ့အပြင် အရင်ကတည်းက UK ခရီးသွားတွေ သိပ်သဘောကျကြတဲ့ ကမ်းခြေဒေသတစ်ခုလည်းဖြစ်ပါတယ်။
View this post on Instagram

penny