ဟင်းပွဲထဲက ငရုတ်ပွထဲမှာ သက်ရှိဖားတစ်ကောင် ရောက်နေလို့ အံ့သြခဲ့ရတဲ့ ကနေဒါစုံတွဲ

Canadian Food Inspection Agency

ကနေဒါစုံတွဲတစ်တွဲဟာ ညစာစားနေစဉ်အတွင်း သူတို့စားမယ့် ငရုတ်ပွတစ်ခုထဲမှာ အသက်ရှင်နေတဲ့ ဖားတစ်ကောင်  ကိုတွေ့ရှိပြီးနောက် အရမ်းကို တုန်လှုပ်သွားခဲ့ပါတယ်။

အဆိုပါစုံတွဲဟာ အစပိုင်းမှာတော့ အင်မတန်တုန်လှုပ်သွားခဲ့ပေမယ့် ပြီးတဲ့နောက်မှာတော့ အဲ့ဒီဖားရှိနေတဲ့ငရုတ်ပွကို  ဖန်ဘူးထဲကိုထည့်လိုက်ပါတယ်။ဓားနဲ့နီးကပ်စွာရှိနေခဲ့ပေမယ့် ကံကောင်းစွာနဲ့ပဲ အဆိုပါဖားမှာထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ဘူးလို့ အဲ့ဒီစုံတွဲကပြောပြခဲ့ပါတယ်။

အဲ့ဒီစုံတွဲလိုပဲ ဒီအကြောင်းကိုသိရတဲ့ကနေဒါအာဏာပိုင်တွေကလည်း ဒီငရုတ်ပွအတောင့်ထဲကို ဒီဖားဘယ်လို ၀င်ရောက်နေတာလဲဆိုတာ ဘယ်သူမှစဉ်းစားလို့မရနိုင်ကြဘူးဖြစ်နေပါတယ်။

ဒီငရုတ်ပွထဲကို ဘယ်လိုဝင်ရတာလဲဆိုတာကိုသိတဲ့ သူကတော့ ဒီဖားကိုယ်တိုင်ပဲ ဖြစ်ပါလိမ့်မယ်။

Canadian Food Inspection Agency

သူတို့ဟာ ဒီငရုတ်ပွကိုဒေသခံစူပါမားကတ်တစ်ခုကနေ၀ယ်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက် ဒီလိုငရုတ်ပွထဲမှာထူးဆန်း စွာရောက်ရှိနေတဲ့ဖားကို Québec စိုက်ပျိုးရေးဝန်ကြီးဌာနရှိ ငါးနဲ့အစားအစာ MAPAQ ဌာနကိုလွှဲပြောင်းပေး ခဲ့ပါတယ်။ စိတ်မကောင်းစရာကောင်းတာတစ်ခုကတော့ သူတို့ဟာ အဆိုပါဖားကိုလေ့လာမှုတွေလုပ်ဖို့  သတ်လိုက်ကြတာပဲဖြစ်ပါတယ်။

ဖားဟာ အဆိုပါငရုတ်ပွထဲကို ဘယ်လိုဝင်ရောက်ခဲ့လဲဆိုတာသိဖို့ အခုလိုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ တော်တော်ဆိုးဝါး တဲ့လုပ်ရပ်တစ်ခုပဲဖြစ်ပါတယ်။ ဒါဟာ အစိမ်းရောင်ဖားတစ်ကောင်ဖြစ်ပြီး Honduras ရှိစိုက်ခင်းတွေထဲကနေပါလာတာလည်းဖြစ်ကောင်း  ဖြစ်နိုင်ပါတယ်။ ဒီအတွက်ကြောင့်နဲ့ ဖားဟာ အခုလိုသေစရာအကြောင်းမရှိပါဘူး။

ကနေဒါစုံတွဲဖြစ်တဲ့ Gagnon နဲ့ Blackburn ကတော့ ဒီငရုတ်ပွမှာ တိရစ္ဆာန်တစ်ကောင်ဝင်နေတဲ့အပေါက်ရာ  အနာတစ်စက်တောင်မတွေ့ဘူးလို့ ပြောပြခဲ့ပါတယ်။ ဖားကဘာကြောင့် သေသွားခဲ့ရလဲဆိုတာ မသိဘူးလို့ Gagnon က ကနေဒါရေဒီသတင်းဌာနကိုပြောပြခဲ့ပါတယ်။

Canadian Food Inspection Agency

ကနေဒါအာဏာပိုင်တွေက နှစ်စဉ် ဒီလိုအမှုပေါင်း(၂၀)ခန့်လက်ခံရရှိခဲ့ပါတယ်။ဒါပေမယ့် များသောအားဖြင့်တော့ ပင့်ကူနဲ့အင်းစက်ပိုးတွေနဲ့သာ သက်ဆိုင်ပါတယ်။

MAPAQ မှ ပြောခွင့်ရသူ Yohan Dallaire-Boilyက ဓာတ်ခွဲခန်းဆိုင်ရာလုပ်ဆောင်မှုတွေကိုပြုလုပ်ဖို့အတွက်  ဖားကိုအခုလိုလုပ်ခဲ့တာဖြစ်တယ်လို့ပြောခဲ့ပါတယ်။ စဉ်းစားကြည့်မယ်ဆိုရင် အဆိုပါစုံတွဲဟာ ငရုတ်ပွဲထဲမှာ အပေါက်ရှိတာကို သတိမထားမိတာလဲဖြစ်နိုင်သလို ငရုတ်ပွကြီးထွားမှုဖြစ်စဉ်အတွင်း ဖားကရောက်ရှိသွားခဲ့တာလည်းဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စမှာ ဖားဟာဘယ်လိုအခြေအနေမှာမှ မသေဆုံးသင့်ပါဘူး။ RIP ပါ … အံ့သြဆန်းကြယ်မှုတွေနဲ့ ဖားကလေးရေ။

Thae Su

SHARE