Canon ကနေ ထွက်ရှိလာတော့မယ့် အသေးဆုံး၊ အပေါ့ပါးဆုံး ကင်မရာလေးအကြောင်း

Canon U.S.A., Inc/ Indiegogo

Canon ကနေ ထွက်ရှိလာဖို့ လတ်တလော သတင်းကြီးနေတဲ့ ကင်မရာတစ်မျိုးကတော့ Ivy Rec လို့ ခေါ်တဲ့ အောက်ဒိုးကင်မရာလေး ဖြစ်ပါတယ်။ ဆိုဒ်ကို မျက်စိထဲမြင်အောင် ပြောရမယ်ဆိုရင် USB flash drive အရွယ်အစားလောက်ပဲ ရှိတာပါ။

Ivy Rec ကင်မရာလေးရဲ့ အဓိကရည်ရွယ်ချက်ကတော့ အောက်ဒိုးထွက်လေ့ရှိသူတွေအတွက် အကြမ်းခံပြီး အသုံးပြုရလွယ်အောင် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ကင်မရာ sensor အနေနဲ့က 13-megapixel ရှိတဲ့ ၁.၃ လက်မ CMOS sensor ပါရှိပြီး 1080p / 60 fps HD ဗီဒီယိုတွေကိုပါ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ကင်မရာအသေးလေးဟာ အလွယ်တကူ တွယ်ချိတ်လို့ရတဲ့ ကီးချိန်းသဖွယ် ဒီဇိုင်း ဖန်တီးထားပါတယ်။

Canon U.S.A., Inc/ Indiegogo

အောက်ဒိုးအတွက် အဓိကထုတ်ထားတဲ့ ကင်မရာဖြစ်လို့ ရေစိုလည်း ခံပါတယ်။ ရေအနက် ၃ ပေအထိကို မိနစ် ၃၀ ကြာတဲ့အထိ ကင်မရာကို ထားလို့ရပါတယ်။ ထိမိခိုက်မိရင်လည်း အလွယ်တကူပျက်စီးသွားတာမျိုး မဖြစ်တတ်ဘဲ အကြမ်းလည်း ခံတယ်လို့ The Verge နည်းပညာမဂ္ဂဇင်းရဲ့ review မှာ ရေးထားပါတယ်။ ကီးချိန်းဒီဇိုင်းဖြစ်လို့ ခရီးသွားရင်ဖြစ်ဖြစ် စက်ဘီးစီးတုန်းပဲ ဖြစ်ဖြစ် ခါးပတ် သို့မဟုတ် ကျောပိုးအိတ်မှာလည်း အလွယ်တကူ ချိတ်သွားလို့ရပါတယ်။

READ
(၂၀၂၀)ခုနှစ်မှာ စတင်အသုံးပြုနိုင်ဖွယ် ရှိနေတဲ့ စွမ်းရည်မြင့် 5G network အကြောင်း
Canon U.S.A., Inc/ Indiegogo

တိရိစ္ဆာန်လေးတွေ မွေးထားသူတွေလည်း ကိုယ့် pet လေးတွေရဲ့ အင်္ကျီကော်လာတွေမှာ ကင်မရာလေးကို ချိတ်ပေးလိုက်ပြီး သူတို့လေးတွေရဲ့ ရှုထောင့်ကနေပါ ကမ္ဘာလောကကြီးကို ရိုက်ချင်ရိုက်လို့ ရပါသေးတယ်။ ဖုန်းထဲမှာ CanonMini Cam App ကိုထည့်ထားလိုက်ရင် Wi-Fi နဲ့ Bluetooth ကို သုံးပြီးလည်း ဖုန်းနဲ့ချိတ်ပြီး ကင်မရာက ရိုက်ထားတဲ့ ပုံတွေကို ပြန်ကြည့်နိုင်ပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၃၀ ပါ။ ဘယ်သွားသွား ကင်မရာကို အလွယ်တကူသယ်သွားချင်သူတွေ စိတ်ဝင်စားလောက်မယ့် ပစ္စည်းလေးတစ်ခုအဖြစ် သတင်းကြီးနေပါတယ်။

Canon U.S.A., Inc/ Indiegogo

White

Ref : The Verge

SHARE