ဒူးရင်းသီးကြောင့် လေယာဉ်အရေးပေါ်ဆင်းသက်ခဲ့ရတဲ့အဖြစ်အပျက်

Freepik-skawee

ဒူးရင်းသီးစားတယ်၊ ကြိုက်တယ်ဆိုင်တော့ သင့်အနေနဲ့ ဒူးရင်းသီးအနံ့ကို ခံနိုင်ရည်ရှိပြီး မွှေးတယ်လို့တောင် ထင်မိတဲ့လူမျိုးတွေထဲ ပါဝင်နေမှာပါ။ ဒါပေမဲ့ ဒူးရင်းသီးမကြိုက်သူတွေကတော့ ဒူးရင်းသီးအနံ့ရတာနဲ့တင်ကို တော်တော်လေး သနားဖို့ကောင်းနေပါပြီ။ နံလွန်းလို့ ခေါင်းကိုက်တာမျိုးတွေကနေ မခံမရပ်နိုင်အောင် ဒေါသထွက်တာမျိုးတွေအထိ ဖြစ်တတ်ပါတယ်။

Freepik-pakorn1981

အခုလည်း ကနေဒါက လေယာဉ်မှူးတစ်ယောက်ဟာ ဒူးရင်းသီးအနံ့ကြောင့် မခံမရပ်နိုင်ဖြစ်ကာ အရေးပေါ်ဆင်းသက်မှုလုပ်ခဲ့ပါတယ်တဲ့။ Independent မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

Air Canada Rouge ဆိုတဲ့ လေကြောင်းလိုင်းရဲ့ Montreal မှ Vancouver သို့ လွန်ခဲ့တဲ့ ၂ ရက်လောက်တုန်းက ပျံသန်းခဲ့တဲ့လေယာဉ်တစ်စီးမှာ ဖြစ်ပွားခဲ့တာပါ။ Boeing 767 လေယာဉ်ကြီးမလို့ တော်တော်ကြီးပြီး အဆင့်မြင့်တယ်လို့ ဆိုလို့ရနိုင်ပါတယ်။ လေယာဉ်ပျံသန်းနေစဉ် ရုတ်တရက်ဆိုးရွားတဲ့အနံ့ခပ်စူးစူးကို လေယာဉ်ဝန်ထမ်းတွေအပါအဝင် ခရီးသည်တွေပါ ရခဲ့ကြပါတယ်။

Freepik-skawee

ဘာအနံ့လဲဆိုတာ လိုက်ရှာကြရင်း ရှာမတွေ့ခင်မှာတင် အနံ့ကြီးဟာ လေယာဉ်မှူးတွေအခန်းထဲကိုပါ ဝင်လာတဲ့အခါမှာတော့ လေယာဉ်မှူးနှစ်ယောက်လုံးခေါင်းတွေပါကိုက်လာခဲ့ပြီး မခံမရပ်နိုင်အောင်ဖြစ်ခဲ့ရပါတော့တယ်။ ဒါကြောင့် ဘယ်လိုမှ မတတ်နိုင်တဲ့အဆုံး အောက်စီဂျင်မျက်နှာဖုံးတွေကို ချကာတပ်ဆင်ခဲ့ရပြီး အရေးပေါ်ဆင်းသက်ခဲ့ပါတော့တယ်။ နောက်တော့မှ အနံ့လာရိာကု စစ်ကြည့်လိုက်တဲ့အချိန်မှာတော့ လေယာဉ်ပေါ်ကပစ္စည်းထားတဲ့နေရာမှာ ဒူးရင်းသီးတွေကို ခွဲပြီး သယ်လာခဲ့တာပါတဲ့။

READ
အရှင်လတ်လတ် မြေမြှပ်ခံခဲ့ရတဲ့မွေးကင်းစကလေးရဲ့အနံ့ကိုရပြီး ကယ်တင်ပေးခဲ့တဲ့ခွေးလေး

Penny

SHARE