ပြိုင်ဖက်တွေဖြစ်တဲ့ MCU နဲ့ DC ပရိသတ်တွေရင်ထဲ နွေးထွေးသွားစေခဲ့တဲ့ ဓာတ်ပုံတစ်ပုံ

instagram/gal_gadot

Captain Marvel နဲ့ Wonder Woman ဇာတ်ကောင်တွေဖြစ်တဲ့ Brie Larson နဲ့ Gal Gadot တို့ ပျော်ရွှင်စွာနဲ့ အတူတကွရှိနေကြတဲ့ ဆဲလ်ဖီပုံတွေဟာ အွန်လိုင်းပေါ်တက်လာခဲ့ပါတယ်။ Marvel Cinematic Universe နဲ့ DC Extended Universe တို့ဟာ ရုပ်ပြစာအုပ်ထဲက ဇာတ်ကောင်တွေကို လက်တွေ့ဘ၀ထဲက အစစ်အမှန်ဇာတ်ကောင်တွေအဖြစ်တွေ့မြင်ရအောင် တီဗီဖန်သားပြင်ပေါ် ပြန်လည်ဖန်တီးနေတာဖြစ်ပါတယ်။ MCU နဲ့ DC တို့ဟာ အချင်းချင်းအပြိုင်အဆိုင်ဖြစ်သလို ၄င်းတို့ပရိသတ်တွေဟာလည်း တစ်ဘက်နဲ့တစ်ဘက် စူပါဟီးရိုးအချင်းချင်းပြိုင်ဆိုင်ပြီး အားပေးကြပါတယ်။

တချို့တွေကတော့ MCU နဲ့ DC ဇာတ်ကောင်တွေကို ပူးပေါင်းပြီးတွေ့မြင်ရဦးမလားလို့ မျှော်လင့်ထားကြပေမယ့် တကယ်တမ်းတော့ ဒါဟာ မျှော်လင့်ချက်သက်သက်ပဲ ဖြစ်နေဦးမှာပါ။ Marvel ကို Walt Disney က ပိုင်ပြီး DC ကိုတော့ Warner Bros. က ပိုင်ပါတယ်။ အခုအခါမှာတော့ တစ်ဘက်နဲ့တစ်ဘက် ဘယ်တော့မှအလျော့ပေးမှာမဟုတ်ဘူးလို့ထင်ရတဲ့ MCU နဲ့ DC က ဇာတ်ကောင်နှစ်ကောင်ကို နှစ်ဦးသား တည့်တည့်ရှုရှုရှိနေတဲ့အကြောင်း screenrant ကနေတဆင့် တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

MCU က Captain Marvel အဖြစ် သရုပ်ဆောင်တဲ့ Brie Larson နဲ့ DC က Wonder Woman အဖြစ် သရုပ်ဆောင်တဲ့ Gal Gadot တို့ကို မကြာသေးခင်က နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ အကယ်ဒမီဆုပေးပွဲအခမ်းအနားတစ်ခုမှာ ပျော်ပျော်ပါးပါး တွေ့ခဲ့ရတာပါ။ မင်းသမီးနှစ်ယောက်ဟာ ညနေခင်းဝတ်စုံကိုယ်စီနဲ့ ၄င်းတို့ကို သင့်မြတ်စေချင်တဲ့ပရိသတ်တွေမြင်စေချင်တဲ့ပုံစံအတိုင်း ဆဲလ်ဖီဓာတ်ပုံရိုက်ခဲ့တာ ဖြစ်ပါတယ်။

READ
ရည်းစားဟောင်းနဲ့ပတ်သက်တဲ့ Post တစ်ခု တင်လိုက်တဲ့ အိုင်းရင်းဇင်မာမြင့်
instagram/gal_gadot

“Make love, not war” ဆိုပြီးတော့ တိုတိုနဲ့လိုရင်းတိုရှင်းထိရောက်တဲ့ ကတ်ပ်ရှင်ကိုလည်း ၄င်းတို့ဆဲလ်ဖီပုံတွေနဲ့အတူ တွဲတင်ထားခဲ့တာ ဖြစ်ပါတယ်။ ပထမပုံမှာတော့ Larson ဟာ Gadot ကို လည်ပင်းညစ်နေသလိုမျိုးပုံစံနဲ့လုပ်ထားပြီး Gadot ကတော့ Larson ရဲ့ နားဆွဲကို ဆွဲပြီး အချင်းချင်း စနောက်နေကြတာပါ။ ဒုတိယပုံမှာတော့ မင်းသမီးနှစ်ယောက်စလုံးဟာ ရင်းနှီးတဲ့အပြုံးတွေနဲ့ အချင်းချင်းဖက်ထားတာ ဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေကြောင့် Larson နဲ့ Gadot ဟာ Marvel နဲ့ DC ကြားထဲက အထင်ကရပြိုင်ဆိုင်မှုကြီးကို ပြေလည်စေချင်ပြီး စတူဒီယိုကြီးနှစ်ခု ပူးပေါင်းပြီး သင့်မြတ်တာကို ဆန္ဒရှိနေတယ်လို့လည်း ယူဆရပါတယ်။

instagram/gal_gadot

လင်းလင်း (ShweMom)

SHARE