Captain Marvel ရုံဖွင့်ပွဲနေ့မှာ ပရိတ်သတ်တွေကို စပရိုက်စ်လုပ်ခဲ့တဲ့ ခေါင်းဆောင်မင်းသမီး

ပြီးခဲ့တဲ့ ပိတ်ရက် နယူးဂျာစီပြည်နယ်က ရုပ်ရှင်ရုံတစ်ခုမှာ Captian Marvel ရုပ်ရှင်ကို စတင်ပြသခဲ့ပြီး ခေါင်းဆောင် မင်းသမီး ဖြစ်သူ Brie Larson ဟာ ပရိတ်သတ်တစ်ချို့အတွက် ပေါက်ပေါက်နဲ့ သောက်စရာ ဆိုဒါ စီစဉ်ပေးခဲ့ကြောင်း သိရပါတယ်။

ဒီရုပ်ရှင်က MCU ရုပ်ရှင်လောကမှာ ပထမဆုံး အမျိုးသမီး ဇာတ်ရုပ်ကို တည်ပြီး ထွက်ရှိလာတဲ့ ရုပ်ရှင်ဖြစ်သလို ရုံအဖွင့်မှာတင်  အမေရိကန်ဒေါ်လာ (၄၅၅) သန်းရရှိခဲ့ပြီး ကမ္ဘာတစ်လွှား အမြင့်ဆုံးရရှိတဲ့ စာရင်းမှာ နံပါတ် ၆ နေရာ ချိတ်သွားခဲ့တယ်။

marvel

Larson ဟာ Carol Danvers ဆိုတဲ့ ဇာတ်ရုပ်နေရာကနေ ပွဲထွက်ခဲ့ပြီး Kree လို့ခေါ်တဲ့ ဂြိုလ်သားမျိုးစုရဲ့ ကမ္ဘာမြေပေါ်က အမျိုးသမီးအဖွဲ့ဝင်တစ်ယောက်၊ Skrulls ဆိုတဲ့ မျိုးနွှယ်စုနဲ့ တိုက်ပွဲမှာ ပါဝင်ခဲ့သူ အဖြစ် သရုပ်ဆောင်ထားပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာ ကမ္ဘာမြေပေါ် ပြန်ရောက်ရှိခဲ့ပြီး အဲ့ဒီ့မှာ Nick Fury နဲ့ တွေ့ခဲ့တယ်။ အဲ့ဒီ့နောက် လေတပ် ပိုင်းလော့တစ်ယောက်ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ အတိတ်ကြောင်းတွေနဲ့ ပျောက်ဆုံးနေတဲ့ သူမရဲ့ ဖြစ်တည်မှုကို ပြန်လည်ရှာဖွေဖို့ ကူညီပေးခဲ့တယ်။

READ
ပြင်ဦးလွင်ပန်းပွဲတော်မှာ အမိုက်စားဖျော်ဖြေတင်ဆက်ခဲ့တဲ့ ဝိုင်းစုခိုင်သိန်း
twitter

ရုပ်ရှင်ဟာဟာ များစွာသော ဝေဖန်အကဲဖြတ်သူတို့ရဲ့ အပြုသဘောဆောင်တဲ့ သုံးသပ်ချက်တွေ၊ အသိအမှတ်ပြုမှုတွေ ရရှိခဲ့တယ်။ အဲ့ဒီလို့နဲ့ နယူးဂျာစီပြည်နယ်မှာ ရုံစတင်တဲ့ နေ့မှာ Larson ဟာ ပရိတ်သတ်တစ်ချို့ကို ရုပ်ရှင်ကြည့်ရင်း သုံးဆောင်ဖို့ ပေါက်ပေါက်နဲ့ ဆိုဒါတွေကို စီစဉ်ပေးခဲ့ပါတယ်။ သူမ ပရိတ်သတ်တွေနဲ့ ထိတွေ့ဆက်ဆံပုံတွေကို Marvel ထုတ်လုပ်ရေးက ဓာတ်ပုံတစ်ချို့နဲ့ ပြန်လည်ဖော်ပြခဲ့ပါတယ်။

twitter

Larson ကို အဲ့ဒီ့နေ့မှာ အမိုက်စား Captain Marvel ၀တ်စုံပုံ အားကစားဝတ်စုံလေးနဲ့ ပေါ့ပေါ့ပါးပါးလေး တွေ့ရပါတယ်။ ဒီလို အပို ပရိုမိုရှင်းတွေ မလုပ်ဘဲနဲ့လည်း Captain Marvel  က အောင်မြင်မှာ သေချာတဲ့တိုင် Captain Marvel ဟာ Larson အတွက်ရော၊ MCU ရဲ့ Carol Danvers အတွက်ရော အရာရာရဲ့ အစဖြစ်နေတာကြောင့် အခုလိုမျိုး အမှတ်ရဖွယ် ကိစ္စကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

Facebook
Facebook
Facebook

Captain Marvel ဟာ Avengers: Endgame ရဲ့ အဓိက ဇာတ်ရုပ်ဖြစ်သလို အင်အားသိပ်ကြီးတဲ့ Thanos ကို ချေမှုန်းဖို့ စကြာဝဠာထဲ ကျန်ရှိနေသေးတဲ့ ဟီးရိုးတွေနဲ့ ပူးပေါင်းမှာဖြစ်ပါတယ်။ ဧပြီလမှ ရုံတင်မယ့် Endgame ပြီးတဲ့နောက်မှာလည်း Captain Marvel နဲ့ ဆက်စပ်တဲ့ နောက်ဆက်တွဲ ဇာတ်လမ်းတွေထွက်လာဖို့ အရိပ်အယောင်တွေ ရှိနေပါတယ်။ Captain Marvel ဟာ DC ရဲ့ အမျိုးသမီး စူပါဟီးရိုးတွေထဲက Wonder Woman နဲ့ သူလား ကိုယ်လား ယှဉ်လို့ရတဲ့ထိ Marvel နဲ့ Disney တို့ အောင်မြင်စွာဖန်တီးနိုင်ခဲ့တယ်လို့တောင် ယူဆရကြောင်း ဖော်ပြလိုက်ရပါတယ်။

Higher. Further. Faster. Captain Marvel herself, Brie Larson, popped in to a few theaters on Saturday night to surprise fans on opening weekend!

Posted by Marvel Studios on Saturday, March 9, 2019

Ref: Screenrant

READ
အော်စကာဆုပေးပွဲသို့ တက်ရောက်လာတဲ့ ဆယ်လီတွေရဲ့ ပွဲတက်ဖက်ရှင်များ
Matthew (ShweMOM)
SHARE