နွားချေးကို အကျိုးရှိရှိအသုံးချပြီး အပူဒဏ်ကို ကာကွယ်ဖို့ကြိုးစားခဲ့တဲ့ အိန္ဒိယနိုင်ငံသား

တစ်စ တစ်စနဲ့  ပိုပိုပူလာတဲ့ နေ့ရက်တွေမှာ လူတွေဟာလည်း အပူကိုရှောင်ဖို့အတွက် နည်းမျိုးစုံနဲ့ ကြိုးစားနေရပါတယ်။ ဒါပေမယ့် အမီတာဘတ်မြို့က အမျိုးသမီးတစ်ယောက်ရဲ့ ကားကို နွေရာသီမှာ အေးအောင် ထားပုံကတော့ နည်းနည်းဆန်းကြယ်တယ်လို့ ဆိုရမှာပါ။

သူရဲ့ နည်းလမ်းကတော့ ကားတစ်စီးလုံးကို နွားချေးတွေနဲ့ အပြည့် အုံထားတာပါ။ ဒီလိုမျိုး ဉာဏ်ကျယ်ပုံဟာ Facebook ပေါ်ရောက်သွားပြီး အဲ့ဒီ့နောက် မြန်မြန်ဆန်ဆန်ပဲ ပျံ့နှံ့သွားခဲ့ပါတယ်။ ဒီပုံကို ဖော်ပြခဲ့တဲ့ အကောင့်ပိုင်ရှင်ကတော့ သူသိသမျှ နွားချေးအသုံးပြုပုံတွေထဲမှာ ဒါက အကောင်းဆုံးပဲလို့ မှတ်ချက်ပေးဖော်ပြခဲ့တာဖြစ်ပါတယ်။

https://www.facebook.com/bhandirvan.bace/posts/2251389751621281

ဖော်ပြခဲ့သူက ယင်း ကားဟာ မွမ်ဘိုင်မြို့ကဖြစ်ကြောင်း၊ ရမ်နစ်ခ်လယ် ရှား နာမည်နဲ့ လိုင်စင်ဝင်ထားကြောင်းလည်း ပြောပြထားပါတယ်။ ဒီလိုမျိုး နွားချေးကို အပြည့်အုံးထားတဲ့အတွက် အနံအသက်နဲ့ ဆက်စပ်ပြီး ကားပိုင်ရှင်တွေ ဘယ်လို နေလဲဆိုတာလည်း သိချင်နေကြပါတယ်။ ယာဉ် အေးအောင် ဘယ်နှစ်ထပ်လောက် အုံရသလဲ မေးတဲ့ တစ်ချို့လည်းရှိပါတယ်။

READ
စပါးအုံးမြွေကြီးကို မကြောက်မရွံ့စီးပြီး အပျော်ကြီးပျော်နေတဲ့ ကလေးမလေးတွေ
facebook

အိန္ဒိယနိုင်ငံရဲ့ ကျေးလက်ဒေသတွေမှာ အိမ်ရဲ့ ကြမ်းတွေ၊ နံရံတွေကို နွားချေး သုတ်တဲ့ ဓလေ့တစ်ခုရှိပါတယ်။ ဒီလို သုတ်တဲ့အတွက်ကြောင့် အိမ်ဟာ ဆောင်းမှာနွေးပြီ၊ နွေမှာ အေးစေတယ်ဆိုပြီး လက်ခံယူဆထားကြပါတယ်။

နောက်တစ်ချက်အနေနဲ့ သဘာဝ ပိုးသတ်ဆေးနဲ့ ခြင် နိုင်ဆေးအဖြစ်လည်း သတ်မှတ်ထားပြီး ရွာတော်တော်များများ သိပ် ကျင့်သုံးတဲ့ နည်းဖြစ်ကြောင်း သိရပါတယ်။ ဒီနှစ် အစောပိုင်းမှာလည်း နိုင်ငံရဲ့ ခေါင်းဆောင်တွေဟာ နွား ကျင်ငယ်နဲ့ မစင်ရဲ့ အကျိုးသက်ရောက်မှုတွေအကြောင်းနဲ့ ပတ်သက်ပြီး အခိုင်အမာ ပြောကြားထားတာတွေလည်း ရှိပါတယ်။

ကျင်ငယ်ကို အသုံးပြု ထုတ်လုပ်ထားတဲ့ ကြမ်းတိုက်ဆေးရည်နဲ့ တခြား ထုတ်ကုန်တွေလည်း အများကြီး ထုတ်လုပ်ထားတဲ့အပြင် မိုဘိုင်းဖုန်းမှာဆို နွားချေးနဲ့ လှိုင်ပျံ့နှံ့မှုကို ဘယ်လိုတားဆီးလို့ရသလဲဆိုတာကိုပါ ပြသခဲ့တာလည်း ရှိပါတယ်။

READ
မြင်းသေ (၂၅)ကောင်ကို လယ်ထဲမှာ ဒီအတိုင်းပစ်ထားတဲ့ ရက်စက်တဲ့လယ်ပိုင်ရှင်

Ref: Indian Express

Matthew (ShweMOM)

 

SHARE