သြစတြေးလျနိုင်ငံမှာ နာမည်ကြီးနေတဲ့ ကားနံပါတ်ပြား

Reddit/Mumsbud

ကားနံပါတ်ပြားဆိုတာကတော့ ဘယ်သောအခါမှ ကိုယ်ကြိုက်ရာနံပါတ်တပ်လို့ မရသလို ကိုယ့်စိတ်ကြိုက်ကာလာဒီဇိုင်းတွေ ပြန်ဆင်လို့မရပါဘူး။ နိုင်ငံတော်က ထုတ်ပေးတဲ့ တရားဝင်နံပါတ်ကိုပဲ ကိုယ့်ရဲ့ ကားမော်တော်ယာဉ်မှာ တပ်ဆင်ခွင့်ရှိတာပါ။ အခုလည်း သြစတြီးယားနိုင်ငံက နံပါတ်ပြားတစ်ခုဟာ ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်နာမည်ကြီးနေပြီး လူတော်တော်များများကလည်း အဆိုပါကားနံပါတ်ပြားကို တော်တော်သဘောကျနေကြကြောင်း Vice သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Reddit- Mumsbud

နံပါတ်ပြားကတော့ အပေါ်က နံပါတ်ပြားပါပဲ။ ဒီအတိုင်းလှမ်းကြည့်လိုက်ရင်တော့ အဆိုပါနံပါတ်က ရိုးရိုးလေးပါပဲ။ X32 22A လို့ပဲ တော်တော်များများက မြင်ကြမှာပါပဲ။ ဒါပေမယ့် ဒီဓာတ်ပုံကို Reddit မှာ တင်ခဲ့တဲ့ Mumsbud လို့အမည်ရတဲ့ အကောင့်ပိုင်ရှင်ကတော့ သာမန်ကားနံပါတ်လို့ မမြင်ခဲ့ပါဘူး။ လူတော်တော်များများကတော့ ရုတ်တရက် အရှေ့က ကြည့်လိုက်ရင် ကားနံပါတ် X32 22A ကို ဒီအတိုင်းပဲ မြင်ကြမှာပါ။ ဒါပေမယ့် Reddit အကောင့်ပိုင်ရှင် Mumsbud ကတော့ ဒီကားနံပါတ်ကို ကားဘက်ကြည့်မှန်ကနေ မြင်ခဲ့ရတဲ့အချိန်မှာတော့ သာမန်ကားနံပါတ်လို့ မမြင်ခဲ့ရပါဘူး။

READ
လက်ထပ်ခွင့်တောင်းတာ ငြင်းဆန်လို့ တပည့်ဆရာဝန်မလေးကို ခေါင်းဖြတ်ခဲ့တဲ့ ဆရာဝန်
Reddit- Mumsbud

ကားဘက်မှန်ထဲမှာ အဆိုပါကားနံပါတ်ကို မြင်ရတဲ့အချိန်မှာတော့ X32 22A ဟာ ASS SEX လို့ ပြန်မြင်ခဲ့ရပါတယ်။ မြန်မာလို့ ဘာသာပြန်ရင်တော့ မသင့်လျော်တဲ့ အကြောင်းအရာမို့လို့ ဘာသာမပြန်ပြတော့ဘူး။ “အဲဒီနေ့က မှတ်မှတ်ရရ မီးပွိုင့်မှာ ကားပိတ်နေတဲ့အချိန်။ ကားအနောက်ကနေ ဟွန်းသံကြားလို့ ကားဘက်မှန်ကနေ ကြည့်လိုက်တော့ အဲဒီကားနံပါတ်ပြားကို မျက်လုံးထဲမှာ အရင်ပြေးမြင်မိတာပဲ။ ထူးခြားလို့ ဓာတ်ပုံလေးတောင်ရိုက်ပြီး Reddict မှာ တင်ခဲ့တာပါ” လို့ အဆိုပါ Reddict အကောင့်ပိုင်ရှင် Mumsbud က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE