တံတားအောက်မှာ ကားစောင့်နေတဲ့ လူတွေကြားကို ကားတစ်စီးပြုတ်ကျခဲ့တဲ့အဖြစ်

Twitter / DSSR (@SanjeevanSS)

မြန်နှုန်း (၁၀၄)kmh နဲ့ မောင်းနှင်လာတဲ့ ကားတစ်စီးဟာ မိုးပျံတံတားပေါ်ကနေ အရှိန်မထိန်းနိုင်ဘဲ အောက်တည့်တည့်က လမ်းမပေါ်ကို ပြုတ်ကျခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ကားအနီရောင်လေးဟာ တံတားရဲ့ ဘေးမှာကာရံထားတဲ့ အတားကိုတောင် ကျော်ပြီး ပြုတ်ကျလာခဲ့တာပါ။

ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံ၊ Hyderabad မြို့က Biodiversity မိုးပျံတံတားမှာ ဖြစ်ပျက်ခဲ့တာပါ။ အောက်မှာ လန်ချားစောင့်နေတဲ့ သားအမိနှစ်ဦးအနက် မိခင်ဖြစ်သူမှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး၊ သမီးဖြစ်သူကတော့ ဒဏ်ရာရရှိခဲ့ပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရပါဘူးတဲ့။ အခြားလူ(၅)ဦးလည်း ထိခိုက်ဒဏ်ရာ အသီးသီး ရရှိခဲ့ပါတယ်။

 

ကားသမားလည်း ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပါတယ်။ အဆိုပါ မိုးပျံတံတားပေါ်မှာ (၄၀)kmh သာ မောင်းဖို့သတ်မှတ်ထားသော်လည်း၊ ဒီကားကတော့ စည်းကမ်းကိုချိုးဖောက်ကာ ထင်ရားစိုင်း မောင်းနှင်ခဲ့တာပါ။ အခင်းဖြစ်ခဲ့တဲ့ ကားကတော့ Volkswagen Polo ကား အမျိုးအစား ဖြစ်ပါတယ်။

အခင်းအဖြစ်အပျက်နဲ့ ပတ်သက်တဲ့ ဗွီဒီယိုဖိုင်ကလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ ယာဉ်ပေါ်မှာတော့ အမျိုးသမီးယာဉ်မောင်း ဖြစ်ပုံရပြီး၊ ကားပေါ်ပါတဲ့ သူမရဲ့သမီးကလည်း သာမန်ထိခိုက်ဒဏ်ရာသာ ရရှိခဲ့တယ်လို့ သိရပါတယ်။ အခြားကားနှစ်စီးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။

လင်းသူရိန်

SHARE