ရေထည့်ပြီး မိုင်ရာချီမောင်းနှင်နိုင်တဲ့ ရေစွမ်းအင်သုံးကားတီထွင်လိုက်တဲ့ တရုတ်ကုမ္ပဏီ

တရုတ်နိုင်ငံအလယ်ပိုင်းမှာရှိတဲ့ ကုမ္ပဏီတစ်ခုဟာ ရေထည့်ပြီး ခရီးအကွာအဝေးမိုင် ရာနဲ့ချီသွားလို့ရတဲ့ ကားတစ်စီးကို တည်ထွင်ခဲ့ပါတယ်။ ကားတီထွင်တဲ့ ကုမ္ပဏီဟာ Qingnian Cars ဖြစ်ပါတယ်။ Qingnian Cars ဟာ ပြီးခဲ့တဲ့မေလ(၂၂) ရက်တုန်းက ရေကိုစွမ်းအင်အဖြစ်သုံးပြီး မောင်းနှင်နိုင်တဲ့ ကားနမူနာတစ်စီးကို အများပြည်သူထံ မိတ်ဆက်ပြသခဲ့တယ်လို့ နာမည်ကြီး တရုတ်မီဒီယာတစ်ခုဖြစ်တဲ့ South China Morning Post ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

zerohedge

ကားကုမ္ပဏီရဲ့ တာဝန်ရှိသူတစ်ဦးကတော့ ကားစက်ထဲ ရေလီတာ (၃၀၀) ကနေ (၅၀၀) ကြား ဖြည့်တင်းပေးရုံနဲ့ ခရီးကီလိုမီတာ အကွာအဝေး (၃၀၀-၅၀၀) ထိ သွားနိုင်ပြီလို့ ဖော်ပြခဲ့တာပါ။ ဒါပေမယ့် ကားကို ရေနဲ့မောင်းလို့တဲ့ နည်းစနစ်ကိုတော့ ကုမ္ပဏီပိုင် နည်းပညာဖြစ်တာကြောင့် ယင်းတာဝန်ရှိသူက မပြောပြခဲ့ပါဘူး။ ၄င်းရေစွမ်းအင်သုံးကားဟာ ပတ်ဝန်းကျင်လေထုကို ညစ်ညမ်းစေတဲ့ လောင်စာဆီတွေ သုံးစရာမလိုပဲ ရေအားသုံးမောင်းနှင်တာကြောင့် သဘာဝပတ်ဝန်းကျင်အတွက်လည်း တစ်စုံတစ်ရာ ထိခိုက်မှု မဖြစ်စေပါဘူး။

READ
နှစ်ခါပြန်ကြည့်ရမယ့် အစစ်နဲ့မခြား ကျောချမ်းဖွယ် 3D တက်တူးများ
Source: bajiahao.com

ကားအင်ဂျင်ကတော့ ဟိုက်ဒရိုဂျင်ပေါ်မှာ အခြေခံပြီးအလုပ်လုပ်သွားတာ ဖြစ်ပါတယ်။ ဟိုက်ဒရိုဂျင်အားသုံးယာဉ်တွေဟာ အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့မှာတော့ တဖြည်းဖြည်းနဲ့ ပေါ်ထွန်းလာနေပြီ ဖြစ်ပါတယ်။ ဟိုက်ဒရိုဂျင်အက်တမ်တွေကို ရေ၊ သဘာဝဓာတ်ငွေ့နဲ့ မီသိန်းဓာတ်ငွေ့တွေကနေ ရရှိပါတယ်။ ထင်ရှားတဲ့ ဟိုက်ဒရိုဂျင်ထုတ်ပုံနည်းစနစ်တစ်ခုကတော့ ရေကို ဟိုက်ဒရိုဂျင်သက်သက်(H2)နဲ့ အောက်ဆီဂျင် (O2) သက်သက်ခွဲထုတ်လိုက်တာ ဖြစ်ပါတယ်။ ဒီနည်းအားဖြင့် လျှပ်စစ်စွမ်းအင်ကနေ ဓာတုစွမ်းအင်ကို ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။

Source: bajiahao.com

ဓာတုစွမ်းအင်အဖြစ် ပြောင်းလဲပြီးတဲ့ ဟိုက်ဒရိုဂျင်ကို သိုမှီးထိန်းသိမ်းထားနိုင်သလို တခြားတစ်နေရာဆီ သယ်ယူပို့ဆောင်နိုင်ပါတယ်။ အထူးသဖြင့် ရေကို အဓိကအားပြုပြီး ဓာတ်ဖြိုခွဲတာကြောင့် သဘာဝပတ်ဝန်းကျင်အတွက်လည်း ဆိုးကျိုးမရှိတဲ့ အစိမ်းရောင်ဟိုက်ဒရိုဂျင်တွေ အဖြစ်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ လက်ရှိမှာ Qingnian Cars ကုမ္ပဏီဟာ ရေစွမ်းအင်သုံးကားကို နမူနာပုံစံငယ်တစ်ခုအဖြစ်သာ ပြသခဲ့တာဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ ရှေ့ဆက်ပြီး ကားစီးရေပမာဏ ဘယ်လောက်များများထုတ်မယ်ဆိုတာကိုတော့ မသိရပါဘူး။

Abacus News

လင်းလင်း (ShweMom)

SHARE