ဗြိတိန်ရဲ့ ဝင်ငွေအများဆုံး မော်ဒယ်ဖြစ်လာခဲ့တဲ့ Cara Delevingne

Cara Delevingne Facebook

အသက်(၂၇)နှစ်အရွယ် ဗြိတိန်မော်ဒယ် Cara Delevingne ကတော့ Britain’s highest-paid supermodel စာရင်းမှာ သရဖူဆောင်းနိုင်သူ ဖြစ်လာခဲ့ပါပြီလို့ Daily Star သတင်းစာက ဖော်ပြခဲ့ပါတယ်။ သူမဟာ ယမန်နှစ်က ဝင်ငွေပေါင် (၂၁.၅)သန်း ရှိခဲ့ပြီး၊ Catwalk လျှောက်ခြင်းနဲ့ မော်ဒယ်ဓာတ်ပုံတွေ ရိုက်ကူးခြင်းကနေ ဝင်ခဲ့တဲ့ ဝင်ငွေအရပ်ရပ်ပဲ ဖြစ်ပါတယ်။

Cara ဟာ ယမန်နှစ်က ဝင်ငွေ ပေါင် (၂၁,၅၉၄,၈၃၈)အထိ ရှိခဲ့ပြီး၊ အဲဒီနှစ်မတိုင်မီမှာ ပေါင်(၁၂.၄၆)သန်း ရရှိတာထက် (၂)ဆကျော် ပိုများနေခဲ့တဲ့ သဘောပါ။ ဒီများပြားလှတဲ့ ဝင်ငွေပမာဏက ဝါရင့်မော်ဒယ်တွေဖြစ်တဲ့ Kate Moss နဲ့ Rosie Huntington-Whiteley တို့ကို ပြတ်ပြတ်သားသား ကျော်ဖြတ်နိုင်ခဲ့တဲ့ သဘောပါ။

Posted by Cara Delevingne on Friday, September 21, 2018

Kate ဟာ ယမန်နှစ်က ပေါင် (၉)သန်း ဝင်ငွေရှိခဲ့ပြီး၊ Rosie ကတော့ ပေါင် (၈)သန်း ဝင်ငွေ ရှိခဲ့ပါတယ်။ Cara ဟာ ပေါင်သန်းနဲ့ချီဝင်ငွေရှိနေတဲ့ အခြာစီးပွားရေးလုပ်ငန်းတွေလည်း ရှိနေသေးပြီး၊ သူမမိသားစုရဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ Harvey White Properties Ltd မှာလည်း ဒါရိုက်တာတစ်ယောက် ဖြစ်ပါတယ်။

 

 

View this post on Instagram

 

Showing off my party trick for @jimmyfallon

A post shared by Cara Delevingne (@caradelevingne) on

သူမတို့ ကုမ္ပဏီဟာ ယမန်နှစ်က အမြတ် (၅.၄)သန်းရရှိခဲ့ပြီး၊ ကုမ္ပဏီရဲ့ရင်းနီးမြှုပ်နှံမှု Portfolio ကတော့ ပေါင် (၄၄)သန်းအထိ တန်ဖိုးရှိလာခဲ့ပါတယ်။ အခုလို ဝင်ငွေခပ်ကြမ်းကြမ်းနဲ့ ကြွယ်ဝလာခဲ့တဲ့ Cara ဟာ ကမ္ဘာကျော်ဗြိတိန်အဆိုတော် Ed Sheeran ရဲ့ ပေါကြွယ်ဝမှု ပေါင်(၃၉)သန်းနဲ့ ထပ်တူညီဖို့ ပိုပြီးနီးစပ်လာတဲ့ သဘောပါ။ ဒါပေမယ့် Cara ကတော့ “ ငွေဆိုတာ အရာရာတိုင်းကို ကိုယ်စားမပြုပါဘူး ”လို့ ပြောခဲ့ပါတယ်။

လင်းဇော်ကို

SHARE