Cardi B ကတော့ လက်တလောကမ္ဘာ့ နံပါတ်တစ် အမျိုးသမီးရက်ပ်အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ Cardi အနေနဲ့ အပေါက်ဆိုးတယ်၊ ပေါက်ကရတွေလုပ်တယ်ဆိုပေမယ့်လို့ သူမဟာ မိခင်ကောင်းတစ်ယောက်ပါ။
View this post on Instagram
သမီးလေး Kulture အပေါ်မှာ တော်တော်လေးကို ချစ်ပေးပြီးတော့ တာဝန်လည်း ကျေပွန်ခဲ့တဲ့ Cardi တစ်ယောက် အခုဆိုရင် ရူးမတတ်ခံစားနေရပါတယ်ဆိုပြီး Twitter မှာ ပိုစ့်တွေတင်ပြီးပြောလာခဲ့ပါတယ်။
View this post on Instagram
ဇန်နဝါရီလ ၂၄ ရက်နေ့တုန်းကပေါ့။ အဲဒီနေ့တုန်းက LA မှာ မိုးတွေ အကြီးအကျယ်ရွာခဲ့ပါတယ်။ မိုးရွာတာကိုကြည့်ပြီး Cardi တစ်ယောက် မိသားစုတွေကို လွမ်းဆွတ်သတိရနေခဲ့တာပါ။ ကိုဗစ်စစချင်းတုန်းကအချိန်တွေကို ပြန်သတိရမိတယ်တဲ့။ US မှာ ကိုဗစ်စဖြစ်ပြီလည်းဆိုရော Cardi တစ်ယောက် သူ့မိတ်ဆွေတွေအကုန် ကိုဗစ်တွေ တစ်ယောက်ပြီးတစ်ယောက် ကူးကုန်တဲ့အတွက် လူမမယ်သမီးလေးကို ကိုဗစ်ဖြစ်မှာစိုးလို့ အပြင်မထွက်တဲ့သူ့မိသားစုတွေဆီကို ပို့ထားခဲ့ရတယ်တဲ့။ အဲဒီအချိန်တုန်းက သမီးလေးနဲ့ ခွဲခဲ့ရတာ လနဲ့ချီပြီးတောင်ကြာပါတယ်တဲ့လေ။ သမီးလေးနဲ့ တစ်ခါမှ မခွဲဖူးတော့ သူ့ခင်ဗျာရုးမလိုပါပဲတဲ့။
View this post on Instagram
နောက်ကြားထဲမျာ အခြေအနေတွေ ငြိမ်စပြုလာတော့ သမီးလေးနဲ့အတူတူပြန်နေခဲ့ပေမယ့် အခုကျတော့ ကာကွယ်ဆေးတွေဘာတွေထိုးတာတွေ၊ ပိုးတွေ့မှုနှုတ်းတွေ ပြန်မြင့်လာတဲ့အတွက် ပြန်ပြီး ခွဲနေရမလားဆိုတာ စဉ်းစားနေရပါပြီတဲ့။
View this post on Instagram
အရင်လိုအခြေအနေမျိုးတော့ ပြန်မရောက်ဖို့ ဆုတောင်းနေရတာပါပဲလို့ Cardi က ပြောလာခဲ့ပါတယ်။
View this post on Instagram
Penny