BBMAs ကော်ဇောနီထက်မှာ Pose ပေးကြမ်းခဲ့ကြတဲ့ Cardi B နဲ့ Offset

(၂၀၁၉)ခုနှစ် Billboard Music Awards ( BBMAs)ဆုပေးပွဲကိုတော့ မေလ (၁)ရက်နေ့ ညပိုင်းကအမေရိကန် Las Vegas မြို့က MGM Grand Garden Arena  မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီပွဲမှာတော့ Kelly Clarkson က အစီအစဉ် တင်ဆက်သူ အဖြစ် ပါဝင်ပေးခဲ့ပါတယ်။ဂီတနယ်ပယ်မှ အနုပညာရှင်တွေ ကတော့ သူ့ထက်ငါ အပြတ် လန်း တဲ့ ဖက်ရှင်တွေနဲ့ တက်ရောက်လာခဲ့ပါတယ်။Cardi B ကတော့ ရဲရဲတောက်ဝါ နေတဲ့ အ၀ါရောင် ၀တ်စုံနဲ့ ဆက် ရောက်လာခဲ့ပါတယ်။သမီးလေး Kulture ကို မွေးပြီးနောက် အရေပြား ဆွဲဆန့်ကုန်တဲ့ အတွက် ရင်သားကို ပြန်လည် ပြင်ဆင်မှုတွေ လုပ်ခဲ့ရတယ်ဆိုပြီး မကြာသေးခင်ကမှ ၀န်ခံခဲ့ပါတယ်။

dailymail
dailymail
dailymail

မေ (၁)ရက်နေ့က Cardi B က သူမရဲ့ ပြန်လည်ပြုပြင်ထားတဲ့ အသစ်စက်စက်လေးကို အားလုံး မြင်သာအောင် ထုတ် ပြခဲ့ပါတယ်။ထုံးစံအတိုင်းခင်ပွန်းဖြစ်သူ Offset နဲ့ စုံတွဲ တက်ရောက်လာခဲ့တာဖြစ်ပြီး နှစ်ယောက်လုံးက ကော် ဇောနီထက်မှာ Pose အကြမ်းစားတွေ ပေးခဲ့ကြပါတယ်။Cardi B  ကတော့ သူမရဲ့ ခန္ဓာကိုယ်ကို ထုတ်ပြ ထားတဲ့  အ၀ါတောက်တောက် အကျီင်္နဲ့ အောက်မှာလည်း အ၀ါတောက်တောက် စကပ်ကိုပဲ တွဲဖက်ဝတ်ဆင် ထားတာပါ။Cardi B က TOP RAP SONG နဲ့ TOP RAP FEMALE ARTIST ဆု တို့အပါအ၀င် ဆု(၆) ဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

READ
မြင့်မြတ်ရဲ့ ဇနီးချောလေး မခင်​သူ​အောင်​ရဲ့ မွေးနေ့ပွဲ ပုံရိပ်လေးများ
dailymail
dailymail
dailymail

သူမရဲ့ ရင်သားခွဲစိတ်ပြုပြင်မှုနဲ့ ပတ်သက်ပြီးအင်တာဗျူးတစ်ခုမှာ..” ကျမရဲ့ ရင်သားတွေကို ပြန်ပြုပြင်လိုက်ရတယ်။ အဆင် တော့ ပြေပါတယ်။ဒါပေမယ့်လည်း တခါတလေကျတော့ အဆင်မပြေသလို ခံစားရတာ..ရှင်သိတယ်မို့လား ကလေးမွေးပြီးတော့ အရေပြားတွေ ဆန့်ထွက်ကုန်တော့လေ..ဟုတ်တာပေါ့..ဒါက ကျမသမီးကြောင့်လေ..သူ့ကြောင့် သူလုပ်တာ..” ဆိုပြီး ဟာသနှောပြီးဖြေခဲ့ပါတယ်။အရမ်းကို အလုပ်များပြီး schedule ပြည့်နေတော့ မိခင်တစ်ယောက် အနေနဲ့ ကလေးအတွက် အချိန်မပေးနိုင်လို့ အပြစ်ရှိသလို ခံစားရတယ်လို့ ပြောခဲ့ပါတယ်။

dailymail
dailymail
dailymail

Source Dailymail

SHARE