ကော်ဇောနီထက်မှာ ရုပ်ပျက်ဆင်းပျက်တွေ ဖြစ်နေကြတဲ့ Cardi B နဲ့ Offset

Cardi B ကတော့ ဂီတနယ်ပယ်ထဲက နာမည်အရမ်းကို ကြီးတဲ့ Star တစ်ယောက်ပါ။ပွဲတိုင်းကို ဖက်ရှင်အလန်းတွေနဲ့ အမြဲ တက်ရောက်တတ်တဲ့ သူမဟာ (၂၀၁၉)ခုနှစ် Grammy ဆုပေးပွဲကိုလည်း အမိုက်စားအလန်းစား ဒီဇိုင်းနဲ့ တက်ေ ရာက် လာခဲ့ပါတယ်။အသက်(၂၆)နှစ်အရွယ် ရက်ပ်ပါအဆိုတော် Cardi B ကတော့ သူမရဲ့ ခင်ပွန်း Offset  နဲ့ အတူ ကောဇောနီထက်ကို အတူတကွလျှောက်လှမ်းခဲ့ပါတယ်။ဖက်ရှင်အလန်းနဲ့ တက်ရောက်ခဲ့ပေမယ့် လည်း ဒီနှစ်ရဲ့ အဆိုးရွားဆုံး ဖက်ရှင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

pinterest
Vogue Instagram

သူမရဲ့ ၀တ်စုံကတော့ ကမာကောင်ထဲကနေ ပုလဲလုံးလေးထွက်လာတယ်ဆိုတဲ့ ပုလဲမင်းသမီးလေး ဆိုတဲ့ ပုံစံ ဒီဇိုင်း မျိုးကို ဖန်တီးပြီး ၀တ်ဆင်လာခဲ့တာပါ။(၁၉၉၅)ခုနှစ်တုန်းက ပြင်သစ်ဒီဇိုင်နာ Thierry Mugler ရဲ့ ပုံစံမျိုး ပါ။ကေ လးတစ်ယောက်ရဲ့ မေမေ Cardi B ကတော့ bodysuit နဲ့ အနက်ရောင် စကပ်ကို ၀တ်ဆင်ထားပါတယ်။အပေါ်မှာ တော့ ပန်းရောင်ဒီဇိုင်းနဲ့ အလှဆင်ထားတာပါ။Cardi  ကတော့ သူမရဲ့ ပြင်ဆင်မှုကို ပိုပြီး မိုက်သွားအောင်လို့ လည် ပင်းမှာ ပုလဲရတနာတွေကို ၀တ်ဆင်ထားပါတယ်။ပန်းရောင်နဲ့ အနက်ရောင် smokey eye makeup ကို ဖန် တီး ထားပါတယ်။Offset ကတော့ အဖြူရောင်အောက်ခံနဲ့ အနက်ရောင် ကုတ်အရှည်၊ဘောင်းဘီ အရှည်ကြီး ကို ၀တ်ဆင် ထားပါတယ်။

READ
“..စိတ်မတိုကြပါနဲ့” လို့ ပြောလိုက်တဲ့ စိုးသူရဲ့ ဇနီးဟောင်း မခငယ်
VogueInstagram
dailymail
dailymail

နှစ်ယောက်သား ကောဇောနီထက်မှာ ပေးခဲ့တဲ့ Pose တွေကတော့ အတော်လေး လူဝေဖန်စရာ ဖြစ်ခဲ့ပါတယ် ။နှစ်ေ ယာက်လုံးက လျှာတွေကို ထုတ်ပြီး တစ်ယောက်လျှာနဲ့ တစ်ယောက်လျှာ ထုတ်ပြီး ထိခဲ့ပါတယ်။မကြာ သေးမီ တုန်းက Harper’s Bazaar ရဲ့ အင်တာဗျုးမှာတော့ သူမရဲ့အိမ်ထောင်ရေးပြိုကွဲသွားပြီ၊ခင်ပွန်းဖြစ်သူ Offset က သူမကို လိမ်ညာလှည့်ဖြားတယ်ဆိုပြီး ဖြေခဲ့ဖူးပါတယ်။အဲ့ဒီတုန်းက အင်တာဗျူးမှာတော့ …”ခင်ပွန်းဖြစ်သူနဲ့ လမ်းခွဲ ဖို့ ဆိုတဲ့ ဆုံးဖြတ်ချက်က ကျမရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ။ဘယ်သူကမှ ကျမဘကို လာပြီး ဆုံးဖြတ်ပေးလို့ မရဘူး။တရားရုံး ကိုလည်း မသွားခဲ့ဘူး။ဘယ်တရားရုံး၊ဘယ်အတိုင်ပင်ခံကမှ ကျမစိတ်ကို ပြောင်းလဲပစ်လို့ မရဘူး…” ဆိုပြီး ဖြေခဲ့တာပါ ။ဒါပေမယ့် လက်ရှိအနေအထားရတော့ နှစ်ယောက်သားဆက်ဆံရေးက ပြန်အဆင်ပြေသွားပုံရပါတယ်။

READ
သိပ္ပံပညာရှင်တွေပြောတဲ့ ကမ္ဘာ့အလှဆုံးမျက်နှာပိုင်ရှင်Amber Heard
dailymail
dailymail

Source Dailymail

SHARE