အမေရိကရဲ့ ၄၆ ယောက်မြောက်သမ္မတသစ်ရွေးချယ်ပွဲကြီးကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့တုန်းကပဲ ပြီးဆုံးသွားခဲ့ပါပြီ။ သမ္မတ Joe Biden ကျမ်းကျိန်ပွဲမှာတော့ အရင်ကျမ်းကျိန်ပွဲတွေရဲ့ ထုံးစံအတိုင်းပဲ ဆယ်လီတွေရဲ့ သီဆိုဖျော်ဖြေမှုတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ Lady Gaga တို့၊ Jennifer Lopez တို့၊ Katy Perry တို့ စတဲ့ နာမည်ကြီး အဆိုတော်တွေ အများကြီးပါဝင်ထားခဲ့ပါတယ်။
ဒီကိစ္စနဲပတ်သက်ပြီးတော့ Cardi B တစ်ယောက်က မှတ်ချက်တစ်ခုပေးလာခဲ့ပါတယ်။ ကမ္ဘာကျော် နံပါတ်တစ် အမျိုးသမီးရက်ပ်ပါမကြီးကတော့ ကျမ်းကျိန်ပွဲမှာ WAP သီချင်းကို ဆိုပြီး ရှယ်ကပြရမှာလို့ ပြောလာခဲ့ပါသတဲ့။
View this post on Instagram
အားလုံးသိကြတဲ့အတိုင်း ဒီ WAP ဆိုတဲ့သီချင်းဟာ Cardi B နဲ့ Megan Thee Stallion တို့နှစ်ယောက်ပေါင်း သီဆိုထားခဲ့တဲ့ သီချင်းဖြစ်ကာ စာသားတွေက အကြမ်းစားတွေဖြစ်တာကြောင့် တော်ရုံအရွယ်ရောက်ပြီးသားလူတွေတောင် နားမခံသာဘူးဆိုပြီး မှတ်ချက်တွေနဲ့ ပြည့်နှက်နေခဲ့တဲ့ သီချင်းတစ်ပုဒ်ပါ။
Ugh I was supposed to perform wap at the inauguration today but I had a dentist appointment ….maybe next time .
— iamcardib (@iamcardib) January 21, 2021
ဒါကို Cardi B အနေနဲ့ သမ္မတကျမ်းကျိန်ပွဲမှာ သီဆိုဖျော်ဖြေရမှာလို့ ပြောလာခဲ့တဲ့အခါမှာတော့ လူတွေက ဝေဖန်မှုတွေ မြင့်တက်လျက်ရှိနေပါတယ်။ တကယ်တော့ Cardi တစ်ယောက် ဒီကိစ္စကို နောက်ပြီးတော့ ပြောခဲ့တာပါ။ သူမရဲ့ သီချင်းတွေဟာ ဒီလိုပွဲတွေနဲ့ မလိုက်ဖက်မှန်းလည်း သိပါတယ်။ ဒါပေမဲ့ နိုင်ငံရေးကို အလေးထားတဲ့လူတွေအတွက်ကတော့ သူမရဲ့ နောက်လိုက်တဲ့စကားတစ်ခုဟာ စိတ်ကို စနိုးစနောင့်ဖြစ်သွားစေခဲ့တာပါ။
View this post on Instagram
ဒါပေမဲ့ တစ်ချို့ပရိတ်သတ်တွေကတော့ Cardi နောက်နေတယ်ဆိုတာသိလို့ သူတို့ကတောင် သမ္မတပုံကို WAP music video မှာ ဖြတ်ညှပ်ကပ်လုပ်ပြီး ပြန်စထားခဲ့ကြပါသေးတယ်။
this the America we want pic.twitter.com/qNXpWiDtqI
— elvia (@elviuhhh) January 21, 2021
penny