ခေါင်းဆောင်မင်းသမီးအဖြစ် ပထမဆုံးအကြိမ် သရုပ်ဆောင်မယ့် Cardi B ရဲ့ ဟာသကားသစ်

Instagram- @cardib

Cardi B အနေနဲ့ အအောင်မြင်ဆုံး ရက်ပ်အဆိုတော်မတစ်ယောက်ဖြစ်နေပေမယ့်လို့ သူမကို နောက်ပိုင်းမှာတော့ ရုပ်ရှင်ကားတွေထဲ လျှိုကြားလျှိုကြားတွေ့ရမှာပါ။

 

View this post on Instagram

 

A post shared by Cardi B (@iamcardib)

ဥပမာပြောပြရရင် Hustlers လိုမျိုးထဲမှာ အထူးဧည့်သည်အဖြစ် ပါဝင်ထားတာမျိုးပေါ့။ နောက် Fast & Furious ရုပ်ရှင်ကားသစ်ထဲမှာလည်း  ပါထားသေးတယ်လို့ အတည်ပြုထားခဲ့ပါသေးတယ်။ အထူးဧည့်သည်သရုပ်ဆောင်၊ ဇာတ်ပို့အဖြစ်သာ ပါဝင်ခဲ့တဲ့ Cardi B အနေနဲ့ အခုအချိန်မှာတော့ သူမကိုယ်တိုင် ဦးဆောင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားတစ်ခု ထွက်လာတော့မှာပါတဲ့။

ရုပ်ရှင်ကားနာမည်ကတော့ Assisted Living ပဲဖြစ်ပါတယ်။ Screen Rant ရဲ့ ဖော်ပြချက်အရ ဒီ Assisted Living ဆိုတဲ့ရုပ်ရှင်ဟာ comedy အမျိုးအစားဖြစ်ပါတယ်တဲ့။ ဒီကားထဲမှာတော့ Cardi B အနေနဲ့ ရာဇဝတ်ဇာတ်ကောင် Amber အဖြစ် ပါဝင်သရုပ်ဆောင်ရမှာပါ။ 

 

View this post on Instagram

 

A post shared by Cardi B (@iamcardib)

ဇာတ်တလမ်းလေးကတော့ ဒီလိုပါ။ ပိုက်ဆံအတွက် ဓားပြတိုက်ဖို့ စီစဉ်ခဲ့ပေမယ့်လို့ အစီအစဥှုတိုင်းမဖြစ်ခဲ့ဘဲ ဖမ်းဝရမ်းထုတ်ခံခဲ့ရပြီးနောက် ရဲလက်ကလွတ်အောင် Amber တစ်ယောက်ကြံရပါတော့တယ်။ အဲဒီအချိန် တစ်ဦးတည်းသော မိသားစုဝင်ဖြစ်တဲ့ အဖွားဆီကို ပုန်းဖို့ အကြံရခဲ့တယ်ပေါ့။ အဖွားက ဘိုးဘွားရိပ်သာမှာ နေနေရတဲ့အတွက်ကြောင့် သူမလည်း အဖွားကြီးအဖြစ် ရုပ်ဖျက်ဟန်ဆောင်ရင်း အဖွားရှိတဲ့ ဘိုးဘွားရိပ်သာမှာ ပုန်းနေနေခဲ့ပါတယ်။

ဒီကားဟာ ဟိုးအရင်တုန်းကထွက်ခဲ့တဲ့ ဂန္တဝင်မြောက်ဟာသကားတွေဖြစ်တဲ့ Mrs. Doubtfire တို့ Sister Act တို့ Tootsie တို့စတဲ့ ဟာသကားကောင်းတွေအတိုင်း ရိုက်ကူးမှာဖြစ်တယ်လို့ သိရပါတယ်။ ဘယ်ချိန်ထွက်မယ်ဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိသေးပါဘူး။

 

View this post on Instagram

 

A post shared by Cardi B (@iamcardib)

Penny

SHARE