အမြဲပုံစံ အလန်းစားတွေ ဖန်တီးနေတဲ့ Rapper အဆိုတော် Cardi B က တော့ Reebok collection ကြော်ငြာ ပုံတွေ ထွက် ပေါ် လာခဲ့ပါပြီ။သူများထက် အမြဲ ထူးနေ ဆန်းနေတဲ့ Cardi B က တော့ ဒီ တစ်ခါ Sneaker Collection မှာတော့ Durga ရဲ့ ပုံစံ မျိုး ရိုက်ခဲ့ပါတယ်။အသက် (၂၈)နှစ်အရွယ် Cardi B က တော့ အနီရောင် Sneaker တွေကို ကိုင်ထား ထားတဲ့ ပုံ မျိုး ရိုက်ထားတာပါ။ဒီအ ကြောင်းကိုတော့ Daily Mail မှာ ဖော်ပြ ထား ပါတယ်။
View this post on Instagram
So excited for my sneaker drop this Friday November 13th! Hope you guys love it!
ဓါတ်ပုံရိုက်ကူးရေးတွေကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာနှောင်းပိုင်း တုန်းက ရိုက်ကူး ခဲ့တာပါ။ထူးခြားလှပတဲ့ ဖက်ရှင် စတိုင် (၃)မျိုးနဲ့ ရိုက်ခဲ့တာပါ။Cardi B က တော့ နိုဝင်ဘာ (၁၃)ရက်နေ့မှာ ထွက်ရှိမယ့် သူမရဲ့ Sneaker Collection သစ် အတွက် စိတ်လှုပ်ရှားနေ ကြောင်းနဲ့ ပရိသတ်တွေ ကြိုက်ကြမယ်လို့ မျှော်လင့် ကြော င်း ပြောခဲ့ပါတယ်။အင်တာဗျူး မှာတော့ သူမက တစ်ဖက်မှာ လည်း မိခင်တာဝန် ကို ယူပြီး ဒုတိယ အယ်ဘမ် ပြင်ဆင်ရတာ နဲ့ ပတ်သက်ပြီး ထုတ် ပြော လာခဲ့ပါတယ်။နောက်ထပ် အယ်ဘမ်ကိုလည်း နံပါတ် တစ် ဖြစ်အောင် လုပ်ဖို့ လို သေး ကြောင်း၊သူမရဲ့ Snealer တွေ က မြန်မြန် ရောင်း ထွက်ခဲ့ ပေမယ့် နောက်ထပ် Sneaker တွေလည်း မြန်မြန် ရောင်း ထွက်ဖို့ လို သေးကြောင်း ဒါကြောင့် အိပ်မယ်ဆိုရင် တောင် တွေးရင်း စဉ်းစားရင်းနဲ့ ပဲ အိပ် ဖြစ်တယ်လို့ ပြောလာပါတယ်။
American Music Awards မှာ လည်း ဆု လေးဆု ရထား၊၀င်ငွေ ကောင်းတဲ့ အဆိုတော် တစ်ယောက် ဖြစ်လာ တဲ့ သူ မှာ တော့ ခက်ခဲ မှုတွေ အများကြီး ရှိတယ်လို့ ပြောလာပါတယ်။”ကျွန်မရဲ့ Team အပေါ် အရမ်း ကျပ် တယ်၊တခြားသူ ဟာကို ကျွန်မ တို့ အာရုံစမိုက် မနေဘူး။ကျွန်မ တို့ နောက်ဆုံး လုပ်ခဲ့တဲ့ အရာ အပေါ်မှာပဲ အာရုံ ထားတယ်။နောက်ဆုံး လုပ် တဲ့ MV ၊နောက်ဆုံး လုပ်တဲ့ collaboration ဒါတွေ ပဲ နှိုင်းယှဉ်တယ်။ပို ပို ပြီး ကောင်းလာတာ မျိုးကိုပဲ ကျွန်မ တို့ လိုချင်တ ယ်။ကျွန်မ လုပ်တဲ့ အရာတွေ က လူတွေ သဘောကျတယ်၊ကျွန်မ ပစ္စ ည်းတွေ မြန်မြန် ရောင်း ထွက်တာ၊ကျွန်မ သီချင်းတွေ ကောင်းနေ တာ မျိုးကို မြင်ရင် သဘောကျ တယ် ။အဲ့လို ဖြစ်လာရင် အရမ်း ပျော် တယ်။အဲ့လို ခံ စား ရလာရင် ဒီ့ထက် ပိုကောင်း တာ မျိုး ကိုပဲ ပိုပိုပြီး လိုချင်လာတယ်..” လို့ သူမရဲ့ အ တော မသတ်နိုင်တဲ့ ဖြစ်ချင်စိတ်၊လိုချင် စိတ်တွေအ ကြောင်းကို ဖွင့် ပြောခဲ့ပါတယ်။
နိုဝင်ဘာ (၁၃)မှာ ထွက်မယ့် သူမရဲ့ Sneaker Collection ကို တော့ ပြီးခဲ့တဲ့ သီတင်းပတ် ကုန်ပိုင်း တည်းက အမြည်း မိတ်ဆက် ပေးခဲ့ပြီး Promote လုပ်တဲ့ ကြော်ငြာ ပုံတွေကို တော့ အခုမှ ထုတ်ပြ ခဲ့တာပါ။အောက်တိုဘာ (၁၁) ရက်နေ့ သူမရဲ့ အသက် ၂၈ နှစ်ပြည့် မွေးနေ့ မှာ တည်းက နိုဝင်ဘာကျရင် Reebok နဲ့ သူမရဲ့ ပထမဆုံး sneaker collaboration နိုဝင်ဘာ မှာ ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။ကံေ ကာင်းတဲ့ Fan တွေ က တော့ Reebok membership တွေ က နေ ထွက် မယ့် နေ့ ထက် အရင် စောပြီး ဒီဖိနပ်တွေကို ရနိုင် မှာပါ။
#SHWEMOM