ပျက်စီးသွားတဲ့ ရင်သားအလှကို နည်းအဆန်းကြီးသုံးပြီး ပြုပြင်ဖို့ ကြိုးစားခဲ့တဲ့ Cardi B

Cardi B ကတော့ အမေရိကန် ရက်ပ် အဆိုတော်ပါ။အဆိုတော်၊တေးရေး တစ်ယောက်ဖြစ်သလို  TV personality တစ်ယောက် အဖြစ်လည်း ရပ်တည်နေသူပါ။Cardi B ကတော့ အသက် (၂၅)နှစ်ပဲရှိပါသေးတယ်။မကြာသေး ခင်က မှ Nicki Minaj  နဲ့ ရန်ပွဲ ဖြစ်ခဲ့ပါသေးတယ်။သူတို့နှစ်ယောက်ရဲ့ ရန်ပွဲက အွန်လိုင်းပေါ်မှာ အတော်လေး ကို လူပြော များ ခဲ့ပါတယ်။အခုတစ်ခေါက်မှာတော့ Cardi B  က အဆန်းတွေ လုပ်ပြလိုက်ပါတယ်။တွဲကျနေတဲ့ သူမရဲ့ ရင်သား အလှ ကို အရင်လို ပြန်လည်လှပအောင် နည်းအဆန်းကြီးကို သုံးပြီး ပြုပြင်ဖို့ ကြိုးစားခဲ့တာပါ။

သူမကတော့ အခုလို ရင်သားအလှပျက်စီးရတာဟာ သမီးဖြစ်သူKulture ကို ကိုယ်ဝန်ဆောင် မွေးဖွား ခဲ့ရလို့  ဆိုပြီး ပြစ် တင်ခဲ့ပါသေးတယ်။Rap Star ကတော့ ကလေးမွေးပြီး တွဲကျနေတဲ့ ရင်သားကို နည်းအဆန်းသုံးပြီး ပြုပြင် ဖို့ ကြိုးစား နေတဲ့ ဗီဒီယိုဖိုင်ကို သူမရဲ့ IG မှာ တင်ခဲ့ပါတယ်။သူမက တိပ် (Tape) ကို သုံးပြီး တွဲကျနေတဲ့ ရင်သား ကို ပင့်တင်ဖို့ ကြိုးစားခဲ့တာပါ။စက်တင်ဘာ (၂၇) ရက်နေ့ Paris Fashion Week  သို့ မတက်ရောက်ခင်မှာ  တိပ် နဲ့ ရင်သားပင့်တင်ဖို့ ကြိုးစားခဲ့တာပါ။Fashion Week ကိုသွားဖို့ ပြင်ဆင်နေရင်းနဲ့သူမရဲ့ ရင်သားအလှကို စိတ်တိုင်း မကျ လို့ ရတဲ့ နည်းနဲ့ ပြန်ပြုပြင်ဖို့ ကြိုးစားခဲ့ပုံရပါတယ်။ဗီဒီယိုဖိုင်ရဲ့ Caption မှာတော့ “‘Kulture did me bad,’   ဆိုပြီး သမီးလေး Kulture  ကို ပြစ်တင်ထားပါတယ်။

READ
"ရွှေကြာ" ကြည့်ပြီး မျက်ရည်ကျခဲ့ရတယ်လို့ဆိုလာတဲ့ ဖြူဖြူကျော်သိန်း

ဗီဒီယိုဖိုင်ထဲမှာ သူမပြောခဲ့တဲ့ စကားတွေကို ဖော်ပြပေးလိုက်ပါတယ်။သူမရဲ့ ရင်သားအလှ ပျက်စီးသွားတဲ့ အတွက် Cardi B  တစ်ယောက် တကယ့်ကို မကျေမချမ်းဖြစ်နေပုံရပါတယ်။ဗီဒီယိုဖိုင်ကိုတော့  စက်တင်ဘာ (၂၈) ရက်နေ့ အထိ ၀င်ကြည့်သူ (9,777,987 views) အထိ ရှိခဲ့တာကိုတွေ့ရပါတယ်။

pinterest
pinterest
pinterest

Cardi B  တစ်ယောက် သမီးလေး Kulture ကို မွေးဖွားလိုက်တဲ့ အကြောင်းကို ဇူလိုင်လတုန်းက IG ပေါ်မှာ ကြေ ညာ ခဲ့တာပါ။”Kulture Kiari Cephus 07/10/18 @offset,” ဆိုတဲ့ Caption နဲ့အတူ သူမရဲ့ ကိုယ်ဝန် ဆောင် Nude ဓါတ်ပုံနဲ့ အတူ တင်ခဲ့တာပါ။Kulture လေးကတော့ သူမနဲ့ ခင်ပွန်းဖြစ်သူ Kiari Kendrell Cephus တို့ရဲ့ ပထမဆုံး ရင်သွေးလေးပါ။Paris Fashion Week မတက်ခင် ရင်သားအလှကြောင့် ခေါင်းစားခဲ့ရတဲ့ သူမဟာ Paris Fashion Week ကိုတော့ အနက်ရောင်ဖက်ရှင်ကို ၀တ်ပြီး တက်ရောက်ခဲ့ပါတယ်။

 

View this post on Instagram

 

Kulture did me bad 😩

A post shared by CARDIVENOM (@iamcardib) on

Source

SHARE