ရင်သားကို ဒေါ်လာငါးသိန်း ဖိုး ပတ္တမြားစီလိုက်တဲ့ Rap နတ်ဖုရားမ Cardi B

Cardi B ရဲ့ ပွဲတက်ဖက်ရှင်ကလည်း Met Gala ပွဲမှာ အတော်လေးကို လူပြောများခဲ့တဲ့ ဖက်ရှင်ပါ။Met Gala ပွဲကိုတော့ မေလ (၆)ရက်နေ့က နယူးယော့ခ်က The Metropolitan Museum of Art မှာ ကျင်းပပြု လုပ်ခဲ့တာ ပါ။ဒီနှစ်ရဲ့ Theme ကတော့ Camp: Notes on Fashion ပါ။ဖက်ရှင်အလန်းတွေနဲ့ ပွဲတက်တဲ့  Cardi B ကေ တာ့ Met Gala ကို ရဲရဲတောက် လှနေတဲ့ ဂါဝန်ကြီးကို ၀တ်ပြီး တက်ရောက်လာခဲ့ပါတယ်။

Cardi B IG
Cardi B IG
Cardi B IG

Rap နတ်ဖုရားမလေး Cardi B ၀တ်လာတဲ့ ပွဲတက်ဖက်ရှင်ကတော့ ခေါင်းစခြေဆုံး အကုန်အနီရောင်ပါ။အရမ်းကို ရှည်လွန်းကြီးလွန်းတဲ့ ဂါဝန်ဖားဖားကားကားကြီးပါ။ကြီးလွန်းလို့ သူမတစ်ယောက်တည်း မနိုင်ပဲ ယာက်ျား ငါး ယောက် လောက်ဘေးကနေ ၀ိုင်းကူပေးခဲ့ရပါတယ်။Cardi ရဲ့ ၀တ်စုံရဲ့ ဗဟိုစက်ဝိုင်းကတော့ (၁၀)ပေ လောက်ရှိပါတယ်။ဂါ ၀န် ကိုတော့ ပိုးဇာလွှာ ၊ပိုသားပိုးချညနဲ့ ပြုလုပ်ထားတာပါ။ဒါတင်မကသေးပါဘူး။ဂါဝန်ရဲ့ ပခုံးနဲ့ အောက်ပိုင်း အနား သတ် တွေကိုတော့ ဆေးဆိုးထားတဲ့ ငှက်မွေးပေါင်း (၃)သောင်းနဲ့ အလှဆင်ထားပါတယ်။ဒီဂါဝန်ကြီးကို ချုပ်ဖို့ အတွက် လူ အယောက် (၃၅)ယောက်လောက်က နာရီပေါင်း နှစ်ထောင်ကျော်လောက် အချိန်ပေး ဖန်တီး ခဲ့ ရ တယ်လို့ ယူဆရပြီး Browne  နဲ့ ဒီဇိုင်နာ Stephen Jones တို့ အတူပူးပေါင်းဖန်တီးထားတာပါ။

READ
ထရီဇာလိုပဲ ချစ်စရာကောင်းတဲ့ ခေတ်လေးနဲ့ သစ်လေး
HuffPost
HuffPost

ဒီဝတ်စုံမှာနောက်ထပ် ထူးခြားတာတစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့ Nipples တွေပါ။Nipples နေရာကို ပတ္တမြား စီပေးထားပါတယ်။ဒီဇိုင်းက Stefere ရဲ့ ဒီဇိုင်းပါ။တစ်ဖက်စီကို အမေရိကန်ဒေါ်လာ နှစ်သိန်းခွဲ နှစ်ဖက်ဆိုတော့ ငါး သိန်း တန်ကြေးရှိပါတယ်။ကာရက်နဲ့ဆိုရင်တော့ ပတ္တမြား (၄၄)ကာရက်ရှိပါတယ်။တန်ဖိုးအရမ်းကြီးလွန်း တာမို့ Cardi B က တစ်ခုများ ပျောက်သွားခဲ့ရင် တော့ သူမရဲ့ Birkin ကို ထုတ်ရောင်းရလိမ့်မယ် ဆိုပြီး ဟာသနှောပြီး ပြောခဲ့ပါ တယ်။

HuffPost
HuffPost

Source vt

SHARE