နိုင်ငံတိုင်းမှာ ကျင့်သုံးသင့်တဲ့ အိမ်မွေးတိရစ္ဆာန်ဆိုင်ရာ ဥပဒေများ

instagram/bunny._lovers, instagram/elephantjunglesanctuary

ကမ္ဘာပေါ်က လူသားတွေဟာ အသိဥာဏ်ပွင့်လင်းမှုရှိလာတာနဲ့အမျှ လူ့ဘောင်အဖွဲ့အစည်းရဲ့ အကျိုးတင်မကပဲ အိမ်မွေးတိရစ္ဆာန်လေးတွေအတွက်ပါ အကျိုးရှိတဲ့ ဥပဒေတွေကို ပြဌာန်းလာပါတယ်။ တိရစ္ဆာန်လေးတွေအတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို တိရစ္ဆာန်ချစ်သူတွေက တောင်းဆိုလာကြပါတယ်။ ဒါပေမယ့်လည်း တိရစ္ဆာန်တွေအပေါ် အခွင့်အရေးပေးပုံဟာ နိုင်ငံတစ်နိုင်ငံနဲ တစ်နိုင်ငံ မတူညီတာကို အောက်ပါအတိုင်း brightside ကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

အိန္ဒိယမှာ နွားသတ်တဲ့သူကို ထောင်ချပါတယ်

အိန္ဒိယနိုင်ငံမှာ နွားသတ်ခဲ့ရင် ထိုနွားသတ်သမားကို ထောင်ဒဏ်(၁၄) နှစ်အထိ အကျဉ်းချနိုင်ပါတယ်။ ဟိန္ဒူတွေဟာ နွားတွေကို မြင့်မြတ်တဲ့သတ္တ၀ါတွေအဖြစ် သတ်မှတ်တာကြောင့် နွားတွေကို သတ်ဖြတ်တာဟာ ပြစ်မှုမြောက်တယ်လို့ ယူဆကြပါတယ်။ ဥပမာအားဖြင့် ဂူဂျာရတ်ပြည်နယ်မှာဆို နွားသတ်တာမိခဲ့ရင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းဖြစ်ပြီး အခြားပြည်နယ်တွေမှာဆိုရင်တော့ ထောင်ဒဏ် (၁၄) နှစ် ကျခံရမှာ ဖြစ်ပါတယ်။

ဟော်လန်မှာ ခွေးဘီလူးတွေကို သားဖောက်ခွင့် မပြုပါဘူး

ခွေးတစ်ကောင်ရဲ့နှုတ်သီးအလျားဟာ သူတို့ဦးခေါင်းခွံတစ်ခုလုံးရဲ့ အလျားထက် (၃) ပုံ(၁) ပုံသာရှိခဲ့မယ်ဆိုရင် ၄င်းခွေးမျိုးတွေဟာ ၀င်သက်ထွက်သက်တိုပြီး အခြားအသက်ရှူခြင်းဆိုင်ရာ ပြဿနာတွေကို ခံစားရနိုင်တယ်လို့ ဥပဒေက သတ်မှတ်ပါတယ်။ ဟော်လန်မှာတော့ ခွေးဘီလူးတွေအပြင် အခြားနှာခေါင်းတိုတဲ့ ခွေးမျိုးစိတ်တွေကိုလည်း သားစပ်ဖောက်ဖို့ ခွင့်မပြုပါဘူး။

ထိုင်းနိုင်ငံမှာ ဆင်တွေအတွက် ဆင်ဂေဟာ ရှိပါတယ်

(၂၀၁၆) ခုနှစ်မှာ နာမကျန်းဖြစ်နေတဲ့ ဆင်ကြီးတွေ၊ အသက်ကြီးလာပြီဖြစ်တဲ့ ဆင်ကြီးတွေကို စောင့်ရှောက်ပေးဖို့အတွက် ဆင်ဘေးမဲ့တောတစ်ခုကို ဖူးခက်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ၄င်းဘေးမဲ့တော ဂေဟာမှာတော့ ဆင်တွေကို အစာရေစာဝလင်အောင် ကျွေးမွေးပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားပါတယ်။  သူတို့ကို ဘေးမဲ့တော တစ်ခွင် စိတ်ကြိုက်သွားနိုင်အောင် ခွင့်ပြုထားတဲ့အပြင် ရေကန်ငယ်လေးတွေမှာလည်း ရေဆော့ကစားခွင့်ပေးထားပါသေးတယ်။

READ
မကပ်တဲ့အိုးတွေမှာပါတဲ့ ဓာတ်တုဓာတ်က အမျိုးသားလိင်အင်္ဂါ အရွယ်အစားကို ထိခိုက်စေနိုင်

ဆွစ်ဇလန်ဟာ ယုန်လှောင်အိမ်အရွယ်အစားတွေကို သေချာသတ်မှတ်လေ့ရှိပါတယ်

ဆွစ်ဇလန်နိုင်ငံရဲ့ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဖယ်ဒရယ်အက်မှာ ယုန်ပိုင်ရှင်တွေအတွက် တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်ထားပါတယ်။ စည်းကမ်းတွေအရ ယုန်တစ်ကောင်ရဲ့ နေ့စဉ်အာဟာရထဲမှာ ကောက်ရိုးမျှင်တွေ ပါရမယ်၊ ယုန်လှောင်အိမ်ဟာ ယုန်တစ်ကောင်မတ်မတ်ထိုင်ဖို့နဲ့ ယုန်တစ်ကိုယ်လုံးဆန့်ပြီး နေထိုင်လို့လောက်တဲ့အထိ ကျယ်ရမယ်၊ ပြီးတဲ့အခါ အထဲမှာ ယုန်ပုန်းခိုဖို့ အရိပ်ရတဲ့ နေရာလေး ထားပေးရမယ်၊ ကိုယ်ဝန်ရှိနေတဲ့ ယုန်မကြီးတွေအတွက် သူတို့ဘာသာ သူတို့ အသိုက်လုပ်နေနိုင်အောင် အခန်းလေးတွေ ဖွဲ့ပေးရမယ် စတဲ့ အချက်တွေ ပါဝင်ကြောင်း သိရပါတယ်။

READ
လန်ဒန်-ဂရန်းဖဲလ်တာဝါ မီးလောင်မှု အချိန်အပိုင်းအခြားလိုက် ဓာတ်ပုံများ

သြစကြီးယားမှာတော့ ကြက်ပေါက်လေးတွေကို လှောင်အိမ်ထဲထည့်ခွင့်မပြုပါဘူး

(၂၀၁၄) ခုနှစ်မှာ သြစတြီးယားဟာ တိရစ္ဆာန်ကာကွယ်ရေးနဲ့ပတ်သက်ပြီး တင်းကြပ်တဲ့ ဥပဒေတွေကို ပြဌာန်းလိုက်ပါတယ်။ အဲ့ဒါကတော့ ကြက်ပေါက်လေးတွေကို လှောင်အိမ်သေးသေးလေးတွေထဲ ထည့်မွေးတာ၊ ကြိုးနဲ့ ချည်ပြီးစည်းတုပ်တာမျိုးတွေကို တားမြစ်ထားတာပါ။ ဒါ့အပြင် အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်တွေကိုလည်း  တိရစ္ဆာန်လေးတွေကို မှန်လှောင်အိမ်တွေထဲ ထည့်ထားတာမျိုး၊ ဓာတ်လိုက်စေမယ့် ချိန်းကြိုးတွေနဲ့ ချည်နှောင်တာမျိုး၊ ဓာတ်လိုက်စေတဲ့ အကာအရံတွေထဲ ထည့်ထားတာမျိုးတွေ မပြုလုပ်ကြဖို့ ဥပဒေထုတ်ပြန်ခဲ့တဲ့အပြင် မလိုက်နာပါက ငွေဒဏ် ဒေါ်လာ(၂,၀၀၀) မှ (၁၅,၀၀၀) ထိ ဒဏ်ငွေတပ်နိုင်ကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE