ဝါဒဖြန့်ဖို့အတွက် စနစ်တကျအကွက်ဆင်ပြီး ရိုက်ကူးခဲ့တဲ့ ပထမကမ္ဘာစစ်ဓာတ်ပုံများ

ကြီးမားတဲ့ ပေါက်ကွဲမှုကြီးတွေ၊ သေနတ်လှံစွပ်ကြီးတွေနဲ့ စစ်မြေပြင်မှာ ပြန့်ကြဲနေတဲ့ ရုပ်အလောင်းတွေဟာ ပထမကမ္ဘာစစ်မီးရဲ့ ပုံရိပ်တွေပါ။ ဒါပေမယ့် အဖြူ၊အမဲကာလာနဲ့ စစ်တွင်းမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေလို့ ဆိုတိုင်း မျက်စိမှိတ်ယုံလို့တော့ မဟုတ်ပါဘူး။ အရင်ခေတ်တွေတည်းက ၀ါဒဖြန့်ဖို့ ဇာတ်လမ်းဆင်ရိုက်ထားတဲ့ ဓာတ်ပုံတွေဆိုတာ ရှိခဲ့တာပါ။ အောက်မှာ တွေ့ရတဲ့ ဓာတ်ပုံတွေကတော့ ပထမကမ္ဘာစစ်တုန်းက ကနေဒါလူမျိုး ဓာတ်ပုံဆရာ ချားလ်စ် ဒီဝစ်တ် ဂါ့ဒ်ဝုဒ်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

Mediadrumimages

ချားလ်စ်ဟာ ပထမကမ္ဘာစစ်စတင်တုန်းက ဒေလီမြို့မှာ အလုပ်လုပ်နေခဲ့ပြီး (၁၉၁၅) ခုနှစ်မှာတော့ အိန္ဒိယစစ်တပ်ကို ဓာတ်ပုံရိုက်ဖို့ ၀ါဒဖြန့်ဓာတ်ပုံဆရာတစ်ဦးအနေနဲ့ ပြင်သစ်ကို သွားခွင့်ရခဲ့ပါတယ်။ ဒါပေမယ့်လည်း ဟိုရောက်တဲ့အခါ ရှေ့တန်းသွားခွင့်နဲ့ ဗြိတိသျှ စစ်သားတွေကို ဓာတ်ပုံရိုက်ခွင့် မရခဲ့ပါဘူး။ ဒါကြောင့် သူဟာ နောက်တန်းမှာ ကျန်ရှိနေတဲ့ စစ်တပ်နဲ့ပဲ စစ်ပွဲထဲရောက်နေသလို ဇာတ်လမ်းဆင်ပြီး ဓာတ်ပုံတွေ ရိုက်ယူခဲ့တာ ဖြစ်ပါတယ်။

READ
နာဇီတွေနဲ့ပေါင်းပြီး မိမိလူမျိုးကို ပြန်သစ္စာဖောက်ခဲ့တဲ့ ရွှေရောင်ဆံကေသာပိုင်မလေး Stella
Mediadrumimages

ဒါကတော့ (၁၉၁၅) ခုနှစ် စက်တင်ဘာလမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံပါ။ စစ်မြေပြင်ထဲ ရောက်နေဟန်နဲ့ ဗုံးပေါက်ကွဲပုံတွေကစလို့ အားလုံးကို အသေးစိတ် ပြင်ဆင်ခဲ့တာပါ။ စစ်သားအချို့ကို ဂျာမန်ယူနီဖောင်းတွေပေးဝတ်ခိုင်းထားပြီး ဂျာမန်တွေ လဲကျသေဆုံးနေတဲ့ဟန်ဆောင်ခိုင်းတာ ဓာတ်ပုံရိုက်ခဲ့တာ ဖြစ်ပါတယ်။

Mediadrumimages
Mediadrumimages

ချားလ်စ်ဟာ ဒီဓာတ်ပုံတွေကို ဂွင်ဆင်ရိုက်ကူးပြီးတဲ့နောက် သူ့ဓာတ်ပုံတွေဟာ စစ်တွင်းမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေပါဆိုပြီး ဓာတ်ပုံတွေကို ရောင်းစားဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် စစ်ရုံးက အတုတွေမှန်းသိသွားတာကြောင့် ဓာတ်ပုံတွေ ချားလ်စ်ကို ဓာတ်ပုံတွေ ရောင်းစားခွင့် ပိတ်ခဲ့ပါတယ်။ သူဟာ စစ်မြေပြင်မှာ မိုင်းပေါက်ကွဲတဲ့ပုံတွေ၊ အပြန်အလှန် ပစ်ခတ်နေတဲ့ ပုံတွေကို အခုလို စီမံဖန်တီးထားတာပါ။

Mediadrumimages
Mediadrumimages

ဓာတ်ပုံတွေထဲမှာတော့ ချားလ်စ်ဟာ ၀ါဒဖြန့်နိုင်ဖို့ အတတ်နိုင်ဆုံး သဏ္ဍာန်လုပ်သရုပ်တူအောင် ရိုက်ကူးကြိုးစားခဲ့တာကို တွေ့ရမှာပါ။ အချို့စစ်သားတွေဆိုရင် သေနေတဲ့ပုံစံ၊ အထူးသဖြင့် ဂျာမန်စစ်သားတွေ သေကြေနေတဲ့ သဏ္ဍာန်ပေါက်အောင်၊ ဂျာမန်တွေ ကျဆုံးနေပြီဆိုတဲ့ သရုပ်ပေါ်အောင် ဖန်တီးယူခဲ့တာ ဖြစ်ပါတယ်။

READ
သမိုင်းတစ်လျှောက်အကြမ်းကြုတ်ဆုံး ပြစ်မှုများကို ကြူးလွန်ခဲ့သူအမျိုးသမီးများ
Mediadrumimages

အပေါ်က ဓာတ်ပုံကလည်း တိုက်ပွဲဖြစ်နေတုန်း ရိုက်ထားတဲ့ ဓာတ်ပုံမဟုတ်ပါဘူး။ ချားလ်စ်အနေနဲ့ အစောဆုံး ဂွင်ဆင်ဖန်တီးထားတဲ့ ၀ါဒဖြန့်ပုံတစ်ပုံသာ ဖြစ်ပါတယ်။

Mediadrumimages

အထက်က ဓာတ်ပုံကတော့ ချားလ်စ်ကိုယ်တိုင် အက်ဒွပ်(၈) ကို ရှေ့တန်းမှာ ရိုက်ကူးထားတဲ့ ပုံပါ။ ဒီပုံထဲက လူကတော့ နောက်ပိုင်းအင်္ဂလန်ဘုရင်ဖြစ်လာမယ့် သူပဲ ဖြစ်ပါတယ်။ လက်ရှိ အဲလစ်ဇဘတ်ဘုရင်မကြီးရဲ့ ဖခင် ဖြစ်ပါတယ်။

ချားလ်စ်ဟာ ရှေ့တန်းစစ်မျက်နှာပြင်ကို သွားရောက် ဓာတ်ပုံရိုက်ခွင့် ပိတ်ပင်ခြင်း ခံခဲ့ရပေမယ့် အနည်းဆုံး တစ်ရက်လောက်တော့ သွားရောက်ခွင့် ရခဲ့ဟန် တူပါတယ်။ အောက်မှာတော့ ရှေ့တန်းမှာ အမှန်တကယ်ပဲ သူရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။ စစ်သားတွေ အနားယူနေကြတာနဲ့ ပျက်စီးနေတဲ့ ဘုရားကျောင်းအပြင်ဘက်မှာ တွေ့ရတဲ့ ဗြိတိသျှစစ်သားတွေကတော့ အစစ်အမှန်တွေ ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။

Mediadrumimages
Mediadrumimages
Mediadrumimages

လင်းလင်း (ShweMom)

Ref: dailymail

SHARE