ကားသူခိုးကို ဘောင်းဘီတိုလေးပဲကျန်အောင် အရှက်ခွဲပြီးဖမ်းပြခဲ့တဲ့ အမျိုးသား

KOVR

အမေရိကန်၊ ကယ်လီဖိုးနီးယားရဲ့ မြောက်ပိုင်းအယ်လ်ဒိုရာဒိုလမ်းနံဘေးမှာ ရပ်ထားခဲ့တဲ့ ကားတစ်စီးကို အသက် (၂၂)နှစ်အရွယ် လူငယ်တစ်ယောက်က ခိုးယူဖို့ ကြိုးစားခဲ့တာပါ။ ကာဗန်တက်စ် ဆိုတဲ့ အမျိုးသားဟာ လမ်းနံဘေးမှာ ရပ်ထားတဲ့ ကားကို အထဲမှာ လူမရှိဘူးအထင်နဲ့ ခိုးယူဖို့ ကြိုးစားခဲ့ပေမယ့် ကားအတွင်းမှာ အမျိုးသမီးတစ်ယောက်နဲ့ သူမရဲ့ ကလေးငယ် (၃)ယောက် ရှိနေခဲ့တာပါ။

ကာဗန်တက်စ်တစ်ယောက် ကားထဲကို ၀င်ပြီး မောင်းထွက်ဖို့ ကြိုးစားချိန်မှာပဲ ကားအတွင်းမှာ ရှိနေခဲ့တဲ့ အမျိုးသမီးနဲ့ အသက် (၁၁)နှစ်အရွယ် ကလေးငယ်တို့က ၀ိုင်းဝန်းတားဆီးခဲ့ကြတာဖြစ်ပြီး လမ်းတစ်ဖက်မှာ ရှိတဲ့ သူမရဲ့ ခင်ပွန်းကို အော်ဟစ်အကူအညီတောင်းခဲ့ပါတယ်။

KOVR

ကားအတွင်းမှာ ရှိနေတဲ့ ပက်ထရက်ဆီယာ ဆိုသူအမျိုးသမီးဟာ သူမနဲ့အတူ (၅)လသားအရွယ် ကလေးတစ်ယောက်၊ (၆)နှစ်နဲ့ (၁၁)နှစ်အရွယ် ကလေး(၂)ယောက် တို့နဲ့အတူရှိနေခဲ့တာဖြစ်ပြီး ကားအတွင်းကို ၀င်ရောက်လာခဲ့တဲ့ အမျိုးသားကို တားဆီးဖို့ ကြိုးစားခဲ့တာပါ။

READ
မိသားစုဝင်တွေကိုမီးလောင်တိုက်သွင်းဖို့ ကြိုတင်စီမံခဲ့တဲ့အမျိုးသား

ခင်ပွန်းသည်ဖြစ်သူကလည်း သူမရဲ့ အော်သံကိုကြားတာနဲ့ ကားဆီကို အမြန်ရောက်ရှိလာခဲ့ပြီး အနီးအနားမှာ ရှိနေတဲ့ လူတွေကလည်း ကားသူခိုးကို ၀ိုင်းဝန်းဖမ်းဆီးခဲ့ကြတာပါ။

KOVR

အပေါ်ပိုင်းအ၀တ်ဗလာနဲ့ ကားကိုခိုးဖို့ ကြိုးစားခဲ့တဲ့ ကာဗန်တက်စ်ဟာ အမျိုးသမီးရဲ့ခင်ပွန်းသည်နဲ့ ပတ်ဝန်းကျင်က လူတွေလက်က လွတ်ဖို့ရုန်းကန်ခဲ့သေးပေမယ့် အင်အားချင်းမမျှတာကြောင့် အရှုံးပေးခဲ့ရတာပါ။

ဖုန်းတစ်လုံးနဲ့ ရိုက်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုတည်းမှာတော့ ပက်ထရီဆီယာ ရဲ့ ခင်ပွန်းဖြစ်သူဟာ ကားခိုးဖို့ ကြိုးစားခဲ့တဲ့ ကာဗန်တက်စ်ရဲ့ ဘောင်းဘီကို ဆွဲပြီး ကားထဲကနေ အတင်းဆွဲထုတ်နေတာကို မြင်ရမှာပါ။ ကာဗန်တက်စ်တစ်ယောက် ကားအပြင်ကို ရောက်ချိန်မှာတော့ သူ့မှာ အတွင်းခံ ဘောင်းဘီတိုလေးပဲ ကျန်တော့ပြီး ရဲတွေရောက်လာတဲ့အချိန်အထိ အဲဒီပုံစံအတိုင်း ချုပ်ထားခံခဲ့ရတာဖြစ်ပါတယ်။

Linn

 

SHARE