စံချိန်တင်လစာနဲ့တိဗက်ဇ်ကို ခေါ်ယူချင်နေတဲ့တရုတ်ကလပ်အသင်း

ဘိုကာဂျူနီယာ အသင်းက ထွက်လာခဲ့ပြီးနောက်မှာ မန်ယူ၊မန်စီးတီး ကစားသမားဟောင်းဖြစ်ခဲ့တဲ့ကားလို့စ်တိဗက်ဟာ တရုတ်လိဂ် ရှန်ဟိုင်းရှန်ဟွာအသင်းကို ပြောင်းရွေ့မယ်လို့ သတင်းထွက်ပေါ်လျက်ရှိနေပါတယ်။အသက် ၃၂ နှစ်အရွယ်ရှိကစားသမားကို တရုတ်ကလပ်အသင်းက တပါတ်လုပ်ခ ပေါင် ၆၁၅,၀၀၀ နဲ့ကမ်းလှမ်းမယ်လို့သိရပါတယ်။ဒါဟာ အံ့အားသင့်စဖွယ်များပြားလှတဲ့ငွေကြေးပါပဲ။An-unidentified-fan-hugs-Boca-Juniors-f

ခရစ္စတီရာနို ရော်နယ်ဒို နဲ့က မက်ဆီတို့ဟာ တစ်ပါတ်ကို 365000 မျှရရှိနေကြပါတယ်။နှစ်ယောက်ပေါင်းလုပ်ခဆိုရင် ၇၃၀၀၀၀ ရှိမှာဖြစ်ပြီး တိဗက်ဇ်ကို ကမ်းလှမ်းလာတဲ့ငွေပမာဏက ၆၁၅၀၀၀ ပေါင်ဖြစ်ပါတယ်။တိဗက်ဇ်တစ်ယောက် တရုတ်ကလပ်ကိုပြောင်းဖြစ်ရင်တော့ သူရဲ့တစ်နှစ်ဝင်ငွေဟာ ပေါင် ၃၂ သန်းရှိမှာဖြစ်ပြီး ရော်နယ်ဒိုဟာ တစ်နှစ်ကို ပေါင် ၁၅ သန်းဝင်ငွေရှိပြီး မက်ဆီကတော့ တစ်နှစ်ဝင်ငွေ ပေါင် သန်း ၂၀ နဲ့လက်ရှိကစားနေကြတာဖြစ်ပါတယ်။

Lumos(shwemom)

Ref : Mirror

SHARE