ကပ်ရောဂါကြောင့် အိမ်မှာပဲ နေရချိန်မှာ သစ်သားစက်ဘီး တီထွင်ခဲ့တဲ့ လက်သမားဆရာ

[email protected]

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါ ကာလဖြစ်နေတာကြောင့် လူတိုင်းနီးပါး အိမ်မှာပဲ နေနေရတဲ့ အချိန်ဆိုလည်း မမှားပါဘူး။ လူအများစုကတော့ အိမ်မှာပဲ နေနေရတာကို ပျင်းနေကြပြီး တော်တော်များများ အရင်လို ပြန်နေချင်ကြမှာ အမှန်ပါပဲ။ ဒါပေမယ့် အိမ်ထဲမှာ နေနေရင်းနဲ့လည်း ကိုယ်ဝါသနာပါတဲ့ အရာကို တစ်စိုက်မတ်မတ်ကြိုးစားပြီး တစ်ခုခုလုပ်လို့ရပါတယ်။ အခုလည်း အိန္ဒိယနိုင်ငံမှာ နေထိုင်တဲ့ အမျိုးသားလက်သမားဆရာတစ်ယောက်ဆိုရင် သစ်သားနဲ့ ပြုလုပ်ထားတဲ့ လူစီးစက်ဘီးတစ်စီးကို တီထွင်ပြုလုပ်ခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အဆိုပါ အမျိုးသားကတော့ အိန္ဒိယနိုင်ငံ၊ Punjab ပြည်နယ်မှာ နေထိုင်တဲ့ အသက် ၄၀ အရွယ် Dhani Ram Saggu လို့ အမည်ရတဲ့ လက်သမားဆရာတစ်ယောက်ပဲ ဖြစ်ပါတယ်။ Dhani ဟာ အရင်ကတည်းက ကိုယ်ပိုင်စက်ဘီးလေးကောင်ကောင်းတစ်စီးလောက် ဝယ်စီးချင်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မိသားစုရဲ့ စားဝတ်နေရေးကြောင့် စက်ဘီးလိုချင်တဲ့ စိတ်ကို ဖျောက်ထားခဲ့ရပါတယ်။ လက်ရှိ COVID 19 ကလာမှာလည်း အလုပ်အကိုင်မရှိတာကြောင့် သူ့ဘာသာသူကိုယ်ပိုင်စက်ဘီးလေးတစ်စီး ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး အခုလို သစ်သားစက်ဘီးလေးကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။

READ
သိုးသားနေရာမှာအစားထိုးဖို့ ကြောင်တွေကို အရေခွံခွာ၊ရေလုံပြုတ်ရောင်းချနေတဲ့အိန္ဒိယ
[email protected]

“ကျွန်တော်ဟာ လက်သမားဆရာတစ်ယောက်ပါ။ ကိုယ်ပိုင်စက်ဘီးလေးကောင်းကောင်းတစ်စီးကို လိုချင်နေခဲ့တာ ကြာပါပြီ။ နောက်ဆုံးတော့ ကိုယ့်ဘာသာကိုယ် သစ်သားစက်ဘီးလေးတစ်စီး ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အခုဆိုရင် ကျွန်တော့် လက်ရာကို ကြိုက်လို့ တောင်အာဖရိကနဲ့ ကနေဒါနိုင်ငံတွေက မှာယူသူတွေ အများကြီးရှိနေပါပြီ။ ဒီသစ်သားစက်ဘီးလေးဟာ ၂၀ ကီလိုဂရမ်လောက်ပဲ လေးတော့ သာမန်စက်ဘီးတစ်စီးထက် တော်တော်လေးကို ပေါ့ပါးပါတယ်။ လက်ရှိတော့ စက်ဘီးတစ်စီးကို ရူပီ ၁၅,၀၀၀ နဲ့ ရောင်နေပါတယ်။ ဘာပဲဖြစ်ဖြစ် COVID 19 ကာလမှာ တော်တော်လေးတော့ အသက်ရှုချောင်သွားပါပြီ”လို့ Dhani က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE