Facebook မှာ နာမည်ကြီးနေတဲ့ လက်ပိုင်ရှင် Carrot ဆိုတဲ့ကြောင်လေး

Instagram- @carrot.tthe.cat

တလောတုန်းက ကျွန်တော်တို့ရဲ့ Facebook News Feed မှာ ကြောင်လက်ကလေးနဲ့ ဓာတ်ပုံတစ်ပုံ တက်လာတာကို သတိထားမိခဲ့လားမသိဘူး။ ရေခဲသေတ္တာတံခါးရဲ့ ပတ္တာဖက် ဟနေတဲ့အခြမ်းမှာ လက်ကလေးတစ်ဖက် ထွက်နေတဲ့ ပုံလေးပေါ့။ ရေခဲသေတ္တာမှာတောင် “Check for cat arm b4 closing” ဆိုပြီး ရေခဲသတ္တာမပိတ်ခင် ကြောင်လက်ရှိ ၊ မရှိစစ်ပါလို့ သတိပေးစာကပ်ထားခံရတဲ့ ကောင်လေးပါ။

Instagram- @carrot.tthe.cat

အဲဒီပုံထဲက လက်ပိုင်ရှင်ကတော့ ဒီကြောင်လေးပါတဲ့။ နာမည်က Carrot ဖြစ်ပါတယ်။

Instagram- @carrot.tthe.cat

Carrot လေးရဲ့ ဘဝဟာ သိပ်တော့ မချော့မွေ့ခဲ့ပါဘူး။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ပိုင်ရှင်က Carrot လေးအကြောင်း အခုလိုပဲ Bored Panda ကို ပြောပြလာခဲ့ပါတယ်။ ပိုင်ရှင်ရဲ့သူငယ်ချင်းတစ်ယောက်က တိရိစ္ဆာန်ကုဆေးရုံမှာ အလုပ်လုပ်ပါတယ်။ လူတစ်ယောက်က Carrot လေးကို ဓာတ်ဆီဆိုင်မှာ တွေ့လို့ဆိုပြီး ပိုင်ရှင်မဲ့ကြောင်လေးအဖြစ် ဆေးရုံကို ခေါ်လာပြခဲ့ပါတယ်။

Instagram- @carrot.tthe.cat
Instagram- @carrot.tthe.cat

စစ်ဆေးမှုတွေ ပြုလုပ်လိုက်တဲ့အခါမှာတော့ Carrot လေးဟာ ဘာရောဂါ၊ ဘာထိခိုက်မှုမှမရှိဘဲ ကျန်းကျန်းမာမာပါပဲတဲ့။ ဒါပေမဲ့ စိတ်ပိုင်ဆိုင်ရာတော့ တော်တော်လေး ထိခိုက်နေခဲ့တာပါ။ ဒီလို တိရိစ္တာန်လေးတွေ စိတ်ဓာတ်ကျတာဟာ ပိုင်ရှင်အစွန့်ခံလိုက်ရတဲ့ အိမ်မွေးတိရိစ္တာန်လေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။

READ
ကမ္ဘာ့ရုပ်အဆိုးဆုံးခွေးလေးအဖြစ် ရွေးချယ်ခံလိုက်ရတဲ့ ခွေးမလေး "ဆာဆာ"
Instagram- @carrot.tthe.cat

ပိုင်ရှင်မဲ့ Carrot လေးကို ဆေးရုံကနေပြီး အမျိုးသားတစ်ယောက် မွေးစားခဲ့ပေမယ့် အိမ်ရောက်ပြီး ရသတ္တပတ်တောတော်ကြာသည်အထိ Carrot ဟာ ကြောင်တစ်ကောင်လိုမျိုး ဆော့တာတွေ၊ တက်တက်ကြွကြွဖြစ်တာမျိုးတွေ မရှိဘဲ အမြဲတမ်း ငြိမ်ကုတ်ပြီး အစားလည်း ကောင်းကောင်းမစားတာကြောင့် ပိုင်ရှင်ခင်ဗျာ သူ့လက်ထဲထားရင် တစ်ခုခုဖြစ်သွားမှာ အရမ်းစိုးရိမ်မိတဲ့အတွက် ဆေးရုံကိုပဲ လာပြန်ပို့ခဲ့ပါတယ်တဲ့။

Instagram- @carrot.tthe.cat
Instagram- @carrot.tthe.cat
Instagram- @carrot.tthe.cat

ဒီလိုနဲ့ Carrot လေးဟာ ဆေးရုံမှာ ရက်အနည်းငယ်လောက်နေရင်း သူတို့ဆီကို ရောက်လာတော့တာပါပဲ။ ဆေးရုံမှာအလုပ်လုပ်တယ်ဆိုတဲ သူငယ်ချင်းနဲ့ အခု အင်တာဗျူးဖြေသူတို့က တစ်အိမ်ထဲ အတူတူနေကြတဲ့အတွက် Carrot လေးဟာ သူတို့ရဲ့အချစ်တော် ဖြစ်လာခဲ့ပါတော့တယ်။

Instagram- @carrot.tthe.cat
Instagram- @carrot.tthe.cat

သူတို့နဲ့မှပဲ Carrot လေးဟာ သာမန်ကြောင်လေးတစ်ကောင်လို နည်းနည်းလေး တက်တက်ကြွကြွ ပြန်ရှိလာခဲ့ပြီး အချိန်ခဏလေးအတွင်းမှာပဲ သံယောဇဉ်လည်း ပိုပိုတိုးလို့လာခဲ့ပါတယ်။ ညအိပ်ရင် သူငယ်ချင်းတွေထဲက တစ်ယောက်ယောက်ရဲ့ ရင်ဘတ်တို့၊ ဗိုက်ပေါ်တို့မှာ အမြဲတမ်း ခွေပြီး လာအိပ်လေ့ရှိသတဲ့။

Instagram- @carrot.tthe.cat

နောက် Carrot လေးရဲ့ အကျင့်ဆိုးလေးတစ်ခုကတော့ မုန့်တွေကို လိုက်လိုက်နှိုက်စားတာပါပဲ။ ဟို ရေခဲသေတ္တာပုံမှာပဲကြည့်လေ။ အဲဒီရေခဲသေတ္တာဖွင့်တိုင်း ဘေးပေါက်ကနေ အမြဲနှိုက်လို့ စာတေင် ကပ်ယူထားရတာပါတဲ့။

READ
ရက်ပိုင်းအတွင်း ကမ္ဘာ့ Like အများဆုံး Instagram post အဖြစ်နေရာယူသွားတဲ့ "ဥ"
Instagram- @carrot.tthe.cat

Penny

SHARE