အသက်(၉၀)ကျော်နေတာတောင် အလျော့မပေးသေးတဲ့ဇွဲသတ္တိနဲ့သမ္မတဟောင်းကြီး

Twitter / Independent

အမေရိကန်နိုင်ငံရဲ့ သမ္မတဟောင်းကြီး ဂျင်မီကာတာ ဟာ အခုဆိုရင် အသက် (၉၅)နှစ်ရှိပါပြီ။ (၁၉၇၇)ခုနှစ်ကနေ (၁၉၈၁)ခုနှစ်အထိ အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂျင်မီကာတာ ဟာ (၁၉၈၆)ခုနှစ်မှာတော့ Jimmy Carter Work Project ဆိုတဲ့ နာမည်နဲ့ စီမံကိန်းတစ်ခုကို စတင်ခဲ့ပြီး အဲဒါကတော့ နေထိုင်ဖို့ အိမ်လိုအပ်နေသူတွေကို နေအိမ်တွေဆောက်လုပ်ပေးတဲ့ စီမံကိန်းပါ။

ဂျင်မီကာတာနဲ့ ဇနီးဖြစ်သူ ရိုဆယ်လင်းကာတာ တို့ဟာ ဒီပရောဂျက်ကို အတူတကွ လုပ်ဆောင်ခဲ့ကြပြီး (၂၀၁၈)ခုနှစ်အရောက်မှာ သူတို့ဟာ မိသားစုပေါင်း (၄၃၃၁)ခု ကို ကူညီခဲ့ပြီးပ်ါပြီ။ အသက် (၉၅)နှစ်အရွယ် ရောက်နေပြီဖြစ်တဲ့ သမ္မတဟောင်းကြီးဟာ အိမ်ဆောက်တဲ့လုပ်ငန်းခွင်တွေကို ကိုယ်တိုင်ပါဝင်လုပ်ကိုင်နေဆဲဖြစ်ပြီး သူ့ရဲ့ဇွဲကောင်းမှုကို အားလုံးက ချီးကျူးခဲ့ကြတာပါ။

 

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ဂျင်မီကာတာ နဲ့ ပတ်သက်လို့ ပိုပြီး ချီးကျူးစရာကိစ္စတစ်ခုက ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒါကတော့ ဂျင်မီကာတာတစ်ယောက် နေအိမ်မှာ ချော်လဲပြီး မျက်ခုံးမှာ (၁၄)ချက် ချုပ်လိုက်ရတဲ့အကြောင်းပါပဲ။ အဲဒါတင်မကပဲ မျက်စိကိုလည်း အနည်းငယ်ထိသွားခဲ့လို့ ညိုမဲနေတာကို ဓာတ်ပုံသတင်းတွေက ဖော်ပြနေကြပါတယ်။

READ
ကိုယ်ချင်းစာစိတ်တွေ ခေါင်းပါးနေပြီဆိုတာကို ဖော်ပြနေတဲ့ ရထားပေါ်က ဖြစ်ရပ်တစ်ခု

ဒါပေမယ့် အဲဒီလို ဒဏ်ရာတွေနဲ့ သူ့ရဲ့ပရောဂျက်ရှိရာကို လာရောက်လုပ်ကိုင်နေတဲ့ ကာတာ ကို မြင်လိုက်ရချိန်မှာတော့ အားလုံး က အံ့အားသင့်သွားခဲ့တာပါ။

အမေရိကန်နိုင်ငံ၊ နက်ရှ်ဗီးမှာရှိတဲ့ အိမ်ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ကာတာ ကို တွေ့ရှိခဲ့ရတာပဲဖြစ်ပြီး သူတို့ ပရောဂျက်ရဲ့ (၃၆)နှစ်မြောက်ကာလကို အလျော့မပေးစတမ်း လုပ်ဆောင်နေတာပါ။

ဘေ့စ်ဘောဦးထုပ်ဆောင်းထားပြီး ညိုမဲနေတဲ့ မျက်လုံးနဲ့အတူ ကာတာ ကိုတွေ့ခဲ့ရပေမယ့် သူကတော့ အိမ်ဆောက်ပစ္စည်းတွေထဲမှာသာအလုပ်များလို့နေခဲ့ပါတယ်။

“ကျွန်တော် ချော်လဲကျသွားခဲ့ပြီး ခေါင်းနဲ့ကြမ်းပြင်ဆောင့်မိခဲ့တာပါ။ ဆေးရုံရောက်တော့ (၁၄)ချက် ချုပ်ခဲ့ရသလို ကျွန်တော့်မျက်လုံးလည်း အမဲရောင်ဖြစ်သွားခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ဦးစားပေးအလုပ်က အိမ်ဆောက်ဖို့ပဲလေဗျာ၊ အိမ်မှာ ဘယ်အနားယူနေလို့ ဖြစ်ပါ့မလဲ” လို့ ကာတာ က CNN ကို ပြောပါတယ်။

ဆိုရှယ်မီဒီယာတွေပေါ်မှာတော့ ဇွဲကောင်းလွန်းတဲ့ ကာတာ ရဲ့ အကြောင်းကို အားလုံးက ချီးကျူးနေကြပြီး လက်ကျန်အချိန်တွေကို တန်ဖိုးရှိအောင် ဖြတ်သန်းနေသူတစ်ယောက်ဖြစ်တယ်လို့ မှတ်ချက်ပေးနေကြပါတယ်။

READ
ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲမှာ မထင်မှတ်ဘဲ မြင်တွေ့ခဲ့ရတဲ့ Neymar Challenge

Linn

SHARE