သူငယ်ချင်းလေးတွေ ဖြစ်နေကြတဲ့ ချစ်စဖွယ် တိရစ္ဆာန်လေး(၂) ကောင်

twitter/tikuwamaru0728

ဖြူကောင်လေးတွေဟာ သေးသေးငယ်ငယ်နဲ့ ချစ်စရာကောင်းတဲ့ အကောင်လေးတွေဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ကျောပြင်မှာရှိနေတဲ့ ဆူးတွေကြောင့်သာမဟုတ်ခဲ့ရင် ဖြူကောင်လေးတွေဟာ ပိုပြီးတော့ နူးညံ့ပြီး ချစ်စရာကောင်းမယ်တောင် ထင်ရပါတယ်။ ဂျပန်နိုင်ငံသူတစ်ဦးဖြစ်တဲ့ အကောင့်ပိုင်ရှင် @tikuwamaru0728 ကတော့ ထူးထူးခြားခြား အိမ်မွေးတိရစ္ဆာန်လေးနှစ်ကောင်ကို မွေးထားခဲ့ပါတယ်။ အခုလို ချစ်စရာတိရစ္ဆာန်လေးတွေရဲ့ အကြောင်းကိုတော့ soranews24 သတင်းအရ သိရတာပါ။

ထိုအမျိုးသမီးက သူမအိမ်မှာ ကြောင်ရော၊ ဖြူကောင်လေးပါ မွေးထားခဲ့တာပါ။ သူမဟာ သူမရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို မကြာခဏဆိုသလို ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ် တင်လေ့ရှိပါတယ်။ မကြာသေးခင်တုန်းကလည်း ကြောင်ကလေး ဆန်တီနဲ့ ဖြူကောင်လေး ဆန်နီတာတို့ ဆော့နေတဲ့ပုံကို တွစ်တာပေါ်မှာ တင်ခဲ့ပါသေးတယ်။

ဗီဒီယိုထဲမှာတော့ ဆန်နီတာဟာ သေတ္တာဘူးခွံလေးတစ်ခုထဲမှာ ပျော်ရွှင်စွာနဲ့ ဘူးခွံကို လိုက်ရှူနေပြီး ဆန်တီကတော့ ဖြူကောင်လေးကို အသဲယားစွာနဲ့ ကြည့်ရင်း ခေါင်းလေးကို ပုတ်လိုက်တာပါ။ ဒါပေမယ့် ဆန်တီခမျာ သူ့ညီလေးနဲ့ ကောင်းကောင်းမကစားရရှာပါဘူး။ ဖြူကောင်လေးကို ပွတ်သပ်ဖို့ ကြိုးစားတိုင်း ဆူးစူးပြီး ခဏခဏနောက်ပြန်ဆုတ်နေရတာကိုလည်း ဗီဒီိယိုတိုင်းမှာလိုလို တွေ့ရပါသေးတယ်။

လင်းလင်း (ShweMom)

SHARE