ငှက်ပျောသီးစွဲလန်းမှုပြဿနာကို ခံစားနေရတဲ့ ကြောင်လေးတစ်ကောင်

Cat Name Bean

ကြောင်တွေက အသား၊ငါးတွေ ကိုသာ ကြိုက်ကြတယ်ဆိုပြီး လူတွေိသိထားကြတာပါ။ ဘယ်လိုကြောင်လေးပဲ ဖြစ်ဖြစ် ငါးကြော်လေး၊ ပုစွန်ခြောက်လေး ဆိုရင် အနံ့သာ ရလိုက် ချက်ချင်းပြေးလာကြတာပဲမဟုတ်လား။

ဒါပေမယ့် အခု မြင်ရမယ့် ကြောင်လေးတစ်ကောင်ကတော့ သင် သိထားတဲ့ ကြောင်တွေနဲ့ ကွဲလွဲလို့ နေပါလိမ့်မယ်။ ဒီကြောင်လေးက ငှက်ပျောသီးကိုမှ ထူးထူးဆန်းဆန်းကြိုက်တဲ့ ကြောင်လေးပဲဖြစ်ပြီး သူ့အသက် (၉)လသားအရွယ်မှာ ငှက်ပျောသီးကို စပြီး ကြိုက်လာခဲ့တာပါ။

Bean လို့ခေါ်တဲ့ ဒီကြောင်လေးဟာ တခြားအသီးအနှံတွေကိုလည်း ကြိုက်နှစ်သက်ပြီး ငှက်ပျောသီးကတော့ သူ့ရဲ့အကြိုက်ဆုံး စာရင်းထဲမှာ ပါ ပါတယ်။

သူ့ရဲ့ကြောင်လေးက တခြားကြောင်တွေနဲ့မတူပဲ ထူးခြားနေကြောင်းကို သခင်ဖြစ်သူက ဓာတ်ပုံတွေနဲ့အတူ သက်သေပြသွားခဲ့ပြီး ဒီပုံတွေက ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးသွားခဲ့တာပါ။ အခုဆိုရင် ဒီကြောင်လေးက နာမည်ကြီးလွန်းလို့ Cat Name Bean ဆိုတဲ့ ကိုယ်ပိုင် Facebook အကောင့်တွေ ဘာတွေတောင် ရှိနေပါပြီ။

READ
နှင်းကျတဲ့အချိန် တိုကျိုလမ်းမတွေပေါ်မှာ တွေ့ရတဲ့ ကြည်နူးဖွယ် မြင်ကွင်းလေးများ

ကဲ….Bean ရဲ့ ငှက်ပျောသီး ကြိုက်ပုံတွေကို တစ်ချက်လောက် ကြည့်လိုက်ရအောင်…။

Cat Name Bean
Cat Name Bean
Cat Name Bean
Cat Name Bean
Cat Name Bean
Cat Name Bean
Cat Name Bean
Cat Name Bean
Cat Name Bean
Cat Name Bean

Linn

SHARE