အိမ်ကနေ(၃)ရက်တာ ပျောက်သွားတဲ့ ကြောင်လေးရဲ့ ဟာသဆန်လွန်းတဲ့ ဖြစ်ရပ်

[email protected]ช้างเผือก

ကြောင်ကလေးတွေဆိုတာ သခင်တွေအပေါ် ပွတ်သီးပွတ်သပ် အလုပ်နိုင်ဆုံးနဲ့ ချစ်စရာအကောင်းဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေပါပဲ။ ခွေးကလေးတွေ၊ ကြောင်ကလေးတွေဟာ လူတွေအပေါ် အသိတတ်ဆုံးနဲ့ လူတွေအပေါ် သံယောဇဉ်အရှိဆုံး၊ နားလည်နိုင်ဆုံး တိရစ္ဆာန်လေးတွေပါပဲ။ အခုလည်း ကြောင်ကလေးတစ်ကောင်ဟာ သူ့ရဲ့ အိမ်ကနေ ၃ ရက်လုံးလုံး ပျောက်သွားခဲ့ပြီး ပြန်တွေ့တဲ့ အချိန်မှာတော့ ရယ်စရာဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း Rach Feed သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]ช้างเผือก

အဆိုပါ ကြောင်ကလေးကတော့ ထိုင်းနိုင်ငံရှိ Chang Phuak လို့ အမည်ရတဲ့ အမျိုးသားတစ်ယောက်ရဲ့ ကြောင်ကလေးပဲ ဖြစ်ပါတယ်။ အဆိုပါ ကြောင်ကလေးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက Chang ရဲ့ နေအိမ်ကနေ ရုတ်တရက် ပျောက်သွားခဲ့ပါတယ်။ Chang စိတ်ထဲမှာတော့ သူ့ရဲ့ကြောင်ကလေးဟာ အမြဲလိုလို လျှောက်သွားတတ်တော့ ဒီအတိုင်းအိမ်အနားမှာ လျှောက်သွားနေတယ်လို့ပဲ ထင်ခဲ့ပါတယ်။ ဒီလိုနဲ့ ပျောက်တဲ့နေ့ကတည်းကနေ ၂ ရက်ကြာတဲ့အထိကို လုံးဝရောက်မလာခဲ့ပါဘူး။ ဒီလိုနဲ့ ၃ ရက်မြောက်နေ့မှာတော့ Chang ဟာ သူ့ရဲ့ ကြောင်ကလေးကို အိမ်နားမှာ ပြန်တွေ့ခဲ့ပါတယ်။ ဒါပေမယ့် သူ့ကြောင်လေးရဲ့ လည်ပင်းမျာ ဆွဲထားပေးတဲ့ စာတိုလေးတစ်ခုကြောင့် Chang ခမျာ တော်တောလေး ရယ်ခဲ့ရပါတယ်။

READ
မိခင်ဖြစ်သူဟာ တစ်ချိန်တုန်းက Kamen Rider ဆိုတာကို မယုံနိုင်ဖြစ်နေတဲ့ သမီးငယ်

“ကျွန်တော့်ကြောင်ရဲ့ လည်ပင်းက ကတ်ပြားမှာ ကျွန်တော့်ကြောင်ကလေးကို သူ့အနေနဲ့ ငါး ၃ ကောင် ကျွေးထားပေးကြောင်း၊ ဒီကြောင်ကလေးကို သူ့ရဲ့ကြောင်ကလေးလို တယုတယ စောင့်ရှောက်ပေးခဲ့ကြောင်း အစရှိသဖြင့် ရေးထားပါတယ်။ တော်တော်လေးကို ချစ်ဖို့ကောင်းတဲ့ လူပါပဲ။ ကကတ်ထဲမှာ ပါတဲ့ ဖုန်းနံပါတ်နဲ့ လိပ်စာအတိုင်း စုံစမ်းကြည့်လိုက်တော့ Aunty May လို့ အမည်ရတဲ့ အပေါင်ဆိုင်ဖွင့်ထားတဲ့ အမျိုးသမီးတစ်ယောက်ပါ။ ကျွန်တော့်အနေနဲ့ သူ့ကို တစ်ရက်လောက် ချိန်းပြီး တစ်ခုခု လိုက်ကျွေးချင်ပါတယ်”လို့ Chang က ပြောကြားခဲ့ပါတယ်။

[email protected]ช้างเผือก

Pyi Hein Kyaw

SHARE