အမှိုက်ဖျက်စက်ထဲကနေ ကံကောင်းထောက်မစွာနဲ့ အကယ်ခံခဲ့ရတဲ့ စွန့်ပစ်ခံကြောင်လေး

Twitter- @tass_agency

တလောတုန်းက လူမှုကွန်ယက်ပေါ်မှာ အသည်းယားစရာဗီဒီယိုတစ်ခု တက်လာခဲ့ပါတယ်။ စီစီတီဗီမှတ်တမ်းတစ်ခုကို ပြန်တင်ထားခဲ့တာပါ။

နိုင်ငံခြားမှာက အမှိုက်တွေဆိုရင် ကြိတ်စက်ကြီးထဲထည့်ကြိတ်ပြီး အစိုးရက ဖျက်ဆီးကစ်တဲ့ အလေ့အထရှိပါတယ်။ ဒီလို ကြိတ်စက်ထဲ ဝင်တော့မယ့်အမှိုက်တွေထဲ သံထည်ပစ္စည်းတွေ၊ ဖန်တွေများရှိမလားဆိုပြီး လူတွေက စက်ထဲအမှိုက်သွားတဲ့ လမ်းကို အပေါ်ယံစစ်ဆေးပေးရပါတယ်။

တစ်ရက် စစ်ဆေးရေးနေရမှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ယောက်ဟာ ပလတ်စတစ်အိတ်တစ်ခုကို စမ်းကြည့်ရင်း လှုပ်နေရာတွေ့လို့ ပြေးလမ်းပေါ်ကနေ အဲဒီအိတ်ကို ယူပြီး ဖွင့်ကြည့်ရာ မထင်မှတ်ထားတဲ့ မြင်ကွင်းတစ်ခုကို တွေ့ခဲ့ရပါတယ်။ အဲဒါကတော့ ကြောင်လေးပါတဲ့။ 

ကြောင်လေးကိုကြည့်ရတာ လမ်းဘေးကြောင်လေးမဟုတ်ဘဲနဲ့ အိမ်မှာ မွေးထားတဲ့ ကြောင်လေးဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။ လူတွေရဲ့ ယုတ်မာမှုကတော့ ကြောင်လေးကို မမွေးနိုင်တာနဲ့ပဲ ပလတ်စတစ်အိတ်ထဲ ထည့်ပိတ်ပြီး လွှင့်ပစ်လိုက်ခဲ့တာပါ။

ရုရှားမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီးတော့ လူမှုကွန်ယက်တွေမှာ အဲဒီဗီဒီယို ပြန့်နှံ့သွားပြီးပြီးချင်းမှာပဲ အစိုးရရုံးအထိကို ပေါက်ကြားသွားခဲ့တာဖြစ်ပါတယ်။ ကြောင်လေးကို ချက်ချင်းဆိုသလို ရုရှားရဲ့သာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဝန်ကြီးကိုယ်တိုင် လာခေါ်သွားပြီးတော့ လိုအပ်တဲ့ ဆေးစစ်မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ ကံကောင်းချင်တော့ အားလုံး ကျန်းကျန်းမာမာပဲရှိနေခဲ့တာပါ။

Twitter- @tass_agency

အခုတော့ ကြောင်လေးကို ဝန်ကြီး Gulnara Rakhmatulina ကိုယ်တိုင် အနီးကပ်စောင့်ရှောက်သွားမှာဖြစ်ပြီးတော့ သူတို့ရုံးမှာပဲ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လက်ထောက်ဝန်ကြီးဆိုတဲ့ ဂုဏ်ပုဒ်ကိုပေးထားရင်း မွေးသွားမှာဖြစ်တယ်လို့ Bored Panda မှာ ဖော်ပြထားခဲ့ပါတယ်။ ဝန်ကြီးကတော့ “တစ်သက်လုံးစာ တာဝန်မယူနိုင်ရင် မမွေးနဲ့၊ မွေးပြီးလို့ အိမ်မှာ မထားချင်ရင် ဂေဟာတွေရှိတယ်။ ဂေဟာလေးတော့ သွားပို့ကြပါ” ဆိုပြီး ပြောခဲ့ပါတယ်။

penny

SHARE